backup og meta

အားဖြည့်အချိုရည်ဆိုရင် နိုးပါ လို့ မေမေတို့တွေးသင့်တဲ့အကြောင်းရင်း

အားဖြည့်အချိုရည်ဆိုရင် နိုးပါ လို့ မေမေတို့တွေးသင့်တဲ့အကြောင်းရင်း

အားဖြည့်အချိုရည်ဆိုတဲ့ နာမည်ကိုက ဝယ်သောက်ချင်စရာဖြစ်နေတာ။သောက်လိုက်ရင် အားပြည့်လန်းဆန်းမယ်ဆိုတော့ လူကြီးလူငယ်နှစ်သက်လောက်ပါတယ်။ ဒါပေမယ့် လူကြီးတွေမှာတောင် အားဖြည့်အချိုရည်ကိုအရမ်းအားမထားဖို့၊ စွဲမသောက်ဖို့ ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားတယ်ဆိုတော့ နုနယ်တဲ့ကလေးတွေအတွက်ဆို လုံးဝမရွေးချယ်သင့်တဲ့သောက်စရာတွေပါ။

အချိုရည်ဆို လာထား အမြဲလက်ကမ်းနေတတ်တဲ့ ကလေးတွေကို စိတ်ကျေနပ်အောင်၊ငြိမ်ရင်ပြီးရော မလိုက်လျောသင့်ပါဘူး။ အားဖြည့်အချိုရည်တွေလို ကဖင်းဓါတ်များတဲ့သောက်စရာတွေက ကလေးတွေအတွက်ဘေးကင်းမှုမရှိနိုင်ပါဘူးနော်။

အိမ်နား ကျောင်းနားက မုန့်ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ အားဖြည့်အချိုရည်တွေဟာဈေးနှုန်းအစားအစား၊ တံဆိပ်အမျိုးမျိုးနဲ့ ဆွဲဆောင်လျက်ရှိပါတယ်။ ဆယ်ကျော်သက်တွေမှာတောင် များများသောက်ဖို့မသင့်တော်တဲ့ ဒီအချိုရည်တွေကို ၅ နှစ်အောက်ကလေးတွေအတွက် လုံးဝကိုမတိုက်ကျွေးသင့်တာပါ။

ဘာတွေဖြစ်စေနိုင်လို့လဲ

အားဖြည့်အချိုရည်အများစုက အချိုနဲ့ ကဖင်းပမာဏ တပုံတပင်ပါဝင်တာဖြစ်ပြီး တစ်ဘူးမှာ တစ်ခါတလေကော်ဖီတစ်ခွက်စာကနေ သုံးခွက်စာလောက် ကဖင်းဓါတ်တွေပါနိုင်သေးတယ်။ အချိုများခြင်းကြောင့်လည်း ကလေးတွေသွားပျက်စီးစေတာနဲ့ အဝလွန်တာတွေဖြစ်စေနိုင်သေးတယ်။ပေးလာမယ့် အာဟာရဓါတ်ကမရှိသလောက်ဖြစ်ပြီး ဆိုးကျိုးကပိုများပါတယ်။နောက်ထပ်ပိုဆိုးတာက ကဖင်းဓါတ်များရင် ဦးနှောက်ဖွံ့ဖြိုးကာစ ကလေးတွေမှာ အာရုံစူးစိုက်နိုင်စွမ်းနဲ့လေ့လာမှတ်သားနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

ကဖင်းသောက်သုံးမှုလွန်ကဲရင် –

  • ကတုန်ကယင်ဖြစ်တာ၊ အာရုံကြောတွေမငြိမ်တာ
  • ဗိုက်အောင့်တာ
  • ခေါင်းကိုက်တာ
  • အာရုံစူးစိုက်ရခက်တာ
  • အိပ်မပျော်တာ
  • ဆီးမကြာခဏသွားတာ
  • နှလုံးခုန်မြန်တာ
  • သွေးဖိအားမြင့်တက်တာ
  • ရေဓါတ်ဆုံးရှုံးတာ
  • ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်းကျဆင်းတာ စတဲ့ လက္ခဏာတွေဖြစ်စေနိုင်ပါတယ်။

ဒါပေမယ့် ၅ နှစ်အောက်ကလေးတွေမှာတော့ ကဖင်းပမာဏနည်းနည်းသောက်တာနဲ့ ဒီလက္ခဏာတွေခံစားရနိုင်ပါတယ်။ရောဂါအခံရှိတဲ့ကလေးတွေ ဒါမှမဟုတ်ဆေးတမျိုးမျိုးသောက်နေရတဲ့ကလေးတွေဆို ပိုဆိုးပါတယ်။

ဒီလိုအန္တရာယ်များတဲ့သောက်စရာကို ကိုယ့်ရဲ့ကလေးတွေကို မတိုက်သင့်ဘူးဆိုတာမေမေတို့ သတိအမြဲထားကြပါနော်။ ဒီတော့ ဘာတွေတိုက်မလဲ။ ကလေးတွေအတွက် ဖွံ့ဖြိုးကြီးထွားမှုနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို အားဖြည့်ပေးနိုင်မှာက ဗီတာမင်နဲ့သတ္တုဓါတ်၊ အာဟာရဓါတ်တွေပါ။ဘေးဖြစ်စေမယ့်အရာတွေမပါဘဲ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေဖြည့်ဆည်းပေးနိုင်မယ့်ဖြည့်စွက်အာဟာရတွေ အများကြီးပါ။ ကလေးတွေရဲ့ တစ်နေ့တာစားသုံးတဲ့အာဟာရကနေ မလုံလောက်တဲ့ဓါတ်တွေကို သူတို့ကဖြည့်ဆည်းပေးပါလိမ့်မယ်။ ကလေးတွေအတွက် သီးသန့်ထုတ်လုပ်တဲ့ ယုံကြည်စိတ်ချရတဲ့ ဖြည့်စွက်အာဟာရအမှတ်တံဆိပ်တွေကိုရွေးချယ်ပါ။

အချိုရည်တောင်းနေရင် ရော့ အင့် ဆိုပြီး ဖြည့်စွက်အာဟာရတွေသာဖျော်တိုက်လိုက်၊ အနံ့အရသာက ကလေးတွေအကြိုက်ထုတ်ထားကြတာမို့ သဘောကျကြမှာပါ။ အရသာရိုးအီလာပြီး ကလေးကငြီးငွေ့လာပြီဆို အသီးအနှံလေးတွေနဲ့ပေါင်းစပ်ပြောင်းလဲလိုက်ပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/children/news/20180209/hey-kids-just-say-no-to-energy-drinks

Accessed Feb 7, 2019.

https://www.news-medical.net/news/20180115/Energy-drinks-dangerous-for-kids.aspx

Accessed Feb 7, 2019.

https://kidshealth.org/en/parents/power-drinks.html

Accessed Feb 7, 2019.

https://www.livescience.com/48765-energy-drinks-side-effects.html

Accessed Feb 7, 2019.

ယခုပုံစံ

15/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နွေရဲ့ အပူချိန်ကို အံတုဖို့ ဒီ အသီးတွေ သင့်ကလေးကို ကျွေးသင့်ပါတယ်။

ကလေးတွေရဲ့ အစားအသောက်နဲ့ပတ်သက်လို့ မိဘတွေသိထားသင့်တဲ့အချက်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement