backup og meta

အဆင့် R သတ်မှတ်ထားတဲ့ ရုပ်ရှင်တွေကို ကြည့်လေ့ရှိတဲ့ ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်တတ်သွားနိုင်တယ်

(အရင်ဆုံး R-rated ဆိုတဲ့ အဓိပ္ပါယ်ကို အရင်ရှင်းပြပါမယ်။ ရုပ်ရှင်တွေကို အဆင့်သတ်မှတ်တာ ကျွန်တော်တို့နိုင်ငံမှာ မရှိသေးပေမယ့် နိုင်ငံတကာမှာတော့ ရှိပါတယ်။R-rated ဆိုတာဟာ အသက် ၁၇ နှစ်အောက်ကလေးတွေအနေနဲ့ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူပါမှ ကြည့်ခွင့်ရတဲ့ ရုပ်ရှင်တွေကို ဆိုလိုပါတယ်။ လိင်ပိုင်းဆိုင်ရာကိစ္စတွေ၊အဖော်အချွတ်တွေ၊ကြမ်းတမ်းညစ်ညမ်းတဲ့ အသုံးအနှုန်းတွေ၊သွေးသံရဲရဲ ပြကွက်တွေ ပါဝင်လို့ပဲ ဖြစ်ပါတယ်)။

အဆင့် R သတ်မှတ်ထားတဲ့ ရုပ်ရှင်တွေကို ကြည့်လေ့ရှိတဲ့ ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်တတ်သွားနိုင်တယ်

R-rated ရုပ်ရှင်တွေ ကြည့်ရှုခွင့်မရတဲ့ (မိဘတွေက ပေးမကြည့်တဲ့) ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်တတ်နိုင်ချေ ဒါမှမဟုတ် အတွေ့အကြုံ အသစ်အဆန်းတွေကို ရှာဖွေလိုစိတ် အင်မတန်နည်းပါးတယ်လို့ လေ့လာမှု အသစ်တခုကဆိုပါတယ်။

လေ့လာမှုများ

ဒီခေတ်ကလေးတွေကို တီဗီနဲ့ ဝေးဝေးနေခိုင်းဖို့ အင်မတန်ခက်ခဲတဲ့အကြောင်းနဲ့ ကလေးတွေကို R-rated ရုပ်ရှင်တွေ ပေးမကြည့်ခြင်းကြောင့် ရလာနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို လတ်တလောလေ့လာမှု နှစ်ခုက မီးမောင်းထိုးပြထားပါတယ်။

အသက် ဆယ်နှစ်နဲ့ ဆယ့်လေးနှစ်ကြားရှိ လူငယ် ၆၅၂၂ ယောက်ကို လေ့လာချက်အရ မိဘတွေအနေနဲ့ မိမိတို့သားသမီးတွေကို R-rated ရုပ်ရှင်တွေကြည့်ရှုခွင့် တင်းကြပ်စွာ ကန့်သတ်ခြင်းအားဖြင့် ကလေးတွေရဲ့ မကောင်းတဲ့ အမူအကျင့်တွေကို သိသာထင်ရှားစွာ လျှော့ချပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

R-rated ရုပ်ရှင်တွေ ကြည့်ရှုခြင်းနဲ့ ဆေးလိပ်စတင်သောက်တတ်တဲ့အရွယ်၊အခြားသော အတွေ့အကြုံအသစ်အဆန်းတွေ ရှာဖွေလိုစိတ် စတာတွေကြား ဆက်စပ်မှုကို အဆိုပါကလေးတွေမှာ ၂နှစ်တိတိ လေ့လာခဲ့ကြပါတယ်။

အတွေ့အကြုံအသစ်အဆန်းတွေ ရှာဖွေလိုစိတ် ဆိုတာဟာ “ဆန်းသစ်သော၊ထူးခြားဆန်းပြားသော၊ပြင်းထန်သော ခံစားမှုအတွေ့အကြုံတွေကို ရှာဖွေလိုခြင်း နဲ့ ဒီလိုရှာဖွေရာမှာ ဖြစ်လာနိုင်၊တွေ့ကြုံလာရနိုင်တဲ့ အန္တရာယ်တွေ၊ဆိုးကျိုးတွေကိုလည်း မကြောက်လန့်ခြင်း” လို့ သုတေသီတွေက အဓိပ္ပါယ်ဖွင့်ပြရှင်းလင်းထားပါတယ်။

အဆိုပါ လေ့လာမှုက ဘာပြောသလဲဆိုတော့

· ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်တွေရဲ့ ၃၂% ဟာ R-rated ရုပ်ရှင်တွေ ကြည့်ရှုခွင့်မရပါဘူး။

· R-rated ရုပ်ရှင်တွေ ကြည့်ခွင့်ရခြင်း(မိဘတွေက ပေးကြည့်ခြင်း) နဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်တတ်နိုင်ချေတို့အကြားမှာ ကြီးမားတဲ့ ဆက်စပ်မှု ရှိနေပါတယ်။

· R-rated ရုပ်ရှင်တွေ ကြည့်ရှုခြင်းကို တင်းကြပ်စွာ တားဆီးပိတ်ပင်ခံထားရတဲ့ ကလေးတွေဟာ စောစီးစွာ ဆေးလိပ်သောက်တတ်နိုင်ချေ နဲ့ အခြားသော အတွေ့အကြုံအသစ်အဆန်းတွေ ရှာဖွေလိုစိတ်တို့ နည်းပါးတာကို တွေ့ရပါတယ်။

· အချိန်ကြာလာတာနဲ့အမျှ မိဘတွေဟာ သူတို့ကလေးတွေ ကြည့်ရှုတဲ့ ရုပ်ရှင်တွေနဲ့ ပတ်သက်လို့ တင်းကြပ်မှုတွေ တဖြည်းဖြည်းနဲ့ လျော့နည်းလာနေပါတယ်။

မိဘတွေရဲ့ တင်းကြပ်မှု

R-rated ရုပ်ရှင် တွေ ကြည့်ရှုခွင့် လုံးဝမရတဲ့အိမ်က ကလေးတွေဟာ ကြည့်ခွင့်ရတဲ့ ကလေးတွေထက် ဆေးလိပ် သို့မဟုတ် အရက်သောက်တတ်နိုင်ချေ ၄၀ % ပိုမိုလျော့နည်းတာကို တွေ့ရှိရပါတယ်။

R-rated ရုပ်ရှင်တွေကို မိဘနဲ့ ကလေးတွေ အတူတူကြည့်တဲ့အခါ ကလေးတွေ ဆေးလိပ်သောက်တတ်နိုင်ချေက လျော့နည်းသွားပေမယ့် အရက်သောက်တတ်နိုင်ချေကတော့ အတူတူပဲလို့ ဆိုပါတယ်။

ဘာလို့ဒီလိုဖြစ်ရသလဲဆိုတာကို သုတေသီတွေအနေနဲ့ သိပ်တော့မသေချာပါဘူး။ ဒါပေမယ့် အရက်သောက်တတ်တဲ့ မိဘတွေဟာ ဆေးလိပ်သောက်တတ်တဲ့ မိဘတွေထက် ပိုများတဲ့အတွက် မိဘတွေအနေနဲ့ ဆေးလိပ်မကောင်းကြောင်းပြောတာ ပိုများတာကြောင့် ဖြစ်ရမယ်လို့ သူတို့က ယူဆပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တချက်က ဆေးလိပ်မသောက်တတ်တဲ့ မိဘတွေရဲ့ ကလေးတွေဟာ တီဗီမှာ မြင်တွေ့ရတဲ့ မကောင်းတဲ့အပြုအမူတွေ (ဥပမာ ဆေးလိပ်သောက်တာ)ကို ပိုမိုအတုခိုးနိုင်ချေများတယ်ဆိုတာပါပဲ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Study: Kids Who Watch R-Rated Movies More Likely to Smoke.https://www.drugfree.org/news-
service/study-kids- who-watch- r-rated- movies-more- likely-to- smoke/
Kids’ Smoking, Drinking Linked to R-Rated Movies. https://consumer.healthday.com/general-health-
information-16/alcohol- abuse-news- 12/kids-smoking- drinking-linked- to-r- rated-movies- 535930.html
Kids Who Watch R Movies at Risk for Smoking.
http://www.webmd.com/parenting/news/20101206/kids-who- watch-r- movies-at- risk-for- smoking

ယခုပုံစံ

10/08/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ