အချို့သူများဟာ နည်းနည်းသက်သာသည်နှင့် ပိုးသတ်ဆေးအသုံးပြုခြင်းကို ရပ်လိုက်ခြင်း၊ ဆရာဝန်ချိန်းဆိုသည့်အတိုင်း သွားမပြခြင်းများ ပြုလုပ်တတ်ပါတယ်။ ဆရာဝန်နှင့် ပြန်လည်ပြသခြင်းဟာ သင့်မျက်လုံးအနာကျက်ခြင်းအတွက် အရေးကြီးပါတယ်။ အနာမကျက်ပါက အခန့်မသင်လျှင် မျက်ကြည်လွှာ အနားသတ်လေး လန်သွားခြင်းများ ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်မဖြစ် စစ်ဆေးနိုင်ရန် ဆရာဝန်ချိန်းဆိုသည့်အတိုင်း သွားရောက်ပြသရပါမယ်။
၇။ သံသယဖြစ်စရာ လက္ခဏာများ ဖြစ်ပေါ်ပါက ချက်ချင်း ဆရာဝန်နှင့် သွားပြပါ
LASIK ပြုလုပ်ပြီးနောက် ယားယံခြင်း၊ အလင်းဒါဏ်မခံနိုင်ခြင်းများ ဖြစ်တတ်ပါတယ်။ သို့သော် ထိုလက္ခဏာများဟာ နှစ်ရက် သုံးရက်ကြာပါက ပျောက်သွားရပါမယ်။ ထိုထက်ကြာနေပါက ဆရာဝန်နှင့် သွားပြပါ။
LASIK နည်းဟာ အဝေးမှုန်သူများအတွက် မှော်ပညာတစ်ခုကဲ့သို့ အထောက်အကူဖြစ်စေပါတယ်။ LASIK ပြုလုပ်ပြီးနောက် သေချာစွာ ဂရုစိုက်နေထိုင်ပါက ပြီးပြည့်စုံတဲ့ အမြင်အာရုံကို ပြန်ရရှိမှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။