၃။ သူမဘာတွေဖြစ်နေတယ်ဆိုတာ သိနေပါစေ။
သင့်သမီးရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်တွေက အရေးကြီးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လုံခြုံမှုလောက်တော့ အရေးမပါပါဘူး။ မိဘတွေဟာ ကလေးတွေဆီလာတဲ့ မတ်ဆေ့ခ်ျတွေနဲ့ မေးလ်တွေကို သိနိုင်ဖို့ ကလေးတွေဖုန်းရဲ့ လျှို့ဝှက်နံပတ်တွေကို သိထားဖို့လိုပါတယ်။
ကလေးတွေရဲ့ ဆဲလ်ဖုန်းမှာ GPS ခြေရာခံစက်ကို တပ်ဆင်ထားပေးသင့်ပါတယ်။ ဒါမှ သူမ လက်ရှိရောက်နေတဲ့ နေရာကို ထောက်ပြနိုင်မှာဖြစ်ပြီး သူတို့သွားတဲ့ ဘယ်လိုပွဲမျိုး၊ နေရာမျိုးမဆို အချိန်နဲ့ နေရာကို သင့်ကိုပြောပြဖို့ သင်ထားပေးပါ။
ကလေးတွေရဲ့ အပြုအမူပြောင်းလဲမှုတွေ၊ သူတို့ရဲ့ ပုံစံပြောင်းလဲသွားတာတွေကို သိရှိနိုင်ဖို့ ဆရာ၊ဆရာမတွေနဲ့ အထက်လူကြီးတွေကို ပုံမှန်စကားပြောဖြစ်အောင် ကြိုးစားပြီး ဆွေးနွေးပါ။
၄။ သူမရဲ့ သူငယ်ချင်းတွေနဲ့ အပေါင်းအသင်းတွေကို သိနေပါစေ။
သင့်ကလေးကို ကာကွယ်ဖို့အတွက် ဖြစ်နိုင်မယ်ဆိုရင် သူတို့ရဲ့ လူမှုပတ်ဝန်းကျင်မှာရှိနေတဲ့ သူတို့အတွက် အရေးကြီးသူတွေ၊ အပေါင်းအသင်းတွေကို သိထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက သင့်ကလေးအပေါ် အနှေးနဲ့ အမြန်လွှမ်းမိုးလာကြမှာပဲလေ။ ဒါကိုလုပ်မယ်ဆိုရင်တော့ သင်တို့အိမ်ကို ဖိတ်ကြားခြင်းဖြင့်သော်လည်းကောင်း သူတို့မိဘတွေနဲ့ စကားပြောခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။ တကယ်လို့များ ဒီလူက သင့်သမီးရဲ့ ရည်းစားဖြစ်နေခဲ့မယ်ဆိုရင် ပိုပြိးတော့ ဂရုတစိုက် စစ်ဆေးသင့်ပါတယ်။
၅။ အပြုသဘောဆောင်ပြီး ပျော်စရာကောင်းတဲ့ လှုပ်ရှားမှုတွေမှာ သူမကို ပါဝင်ဆင်နွှဲစေလိုက်ပါ။
သင့်ကလေးအပေါ် ကောင်းသောလွှမ်းမိုးခြင်းနဲ့ လွှမ်းမိုးမယ့်သူတွေနဲ့ ဝန်းရံထားပေးတာက ပြင်ပကမ္ဘာနဲ့ သူမကို အဆက်ဖြတ်လိုက်တာထက် ပိုပြီးကောင်းမွန်ပါတယ်။ မိဘတွေဟာ သူတို့ရဲ့ကလေးတွေကို သူတို့ရွေးချယ်မှုပေါ်မူတည်ပြီး တေးဂီတ၊ သိုင်းပညာ ဒါမှမဟုတ် အားကစားစတဲ့ ကလပ်တွေ၊ သင်တန်းတွေ အနည်းဆုံးတော့ တစ်ခုမှာ ပါဝင်ခွင့်ပြုသင့်ပါတယ်။ ဒါဟာ သူတို့ရင်ဆိုင်ရမယ့် မကောင်းတဲ့ ပတ်ဝန်းကျင်၊ မကောင်းတဲ့ ဆွဲဆောင်မှုတွေကနေ အာရုံလွှဲပြောင်းပေးလိုက်နိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။