ကလေးရဲ့အရပ်နဲ့ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို ဘယ်အချက်တွေက သက်ရောက်မှုရှိနေသလဲ
ကလေးရဲ့အရပ် ပုမလား၊ မြင့်မလား ဆိုတာနဲ့ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိစေတဲ့ အကြောင်းအချက်တွေ အများကြီးရှိပါတယ်။ ယောကျာ်းလေး၊မိန်းကလေးကွဲပြားမှုနဲ့ မျိုးဗီဇကိစ္စရပ်တွေက ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ သက်ရောက်မှုကြီးမားတဲ့အရာတွေဖြစ်ပေမယ့် တခြားအချက်တွေကလည်း အရေးပါနေပါတယ်။
ကလေးရဲ့ကြီးထွားမှုနှုန်းက ပုံမှန်နဲ့စတင်ပြီးမှ တဖြည်းဖြည်းနှေးလာတယ်ဆိုရင် ကလေးကြီးထွားမှုနှုန်းပြ ဇယားမှာ ကြည့်ပြီးသိနိုင်ပါတယ်။ ပုံမှန်ကြီးထွားဖွံ့ဖြိုးနေရာက အရပ်အမောင်းမှာ စတင်နှေးကွေးလာပြီဆိုရင်တော့ စိုးရိမ်စိတ်တွေဖြစ်လာရပါပြီ။ ကြီးထွားမှုနှေးကွေးနေတာက တခြားကျန်းမာရေးပြဿနာများရှိနေလို့လား။ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိစေတဲ့ ကျန်းမာရေးပြဿနာတွေအများကြီးရှိပါတယ်။ အစားအလွန်အကျွံစားခြင်းက ကြီးထွားမှုလွန်ကဲအောင်နှိုးဆွပေးနိုင်ပြီး ကလေးကို အရွယ်နဲ့မလိုက်အောင် အရပ်ပိုရှည်သွားစေ တတ်ပါတယ်။ ကျောက်ကပ်ရောဂါ ဒါမှမဟုတ် အာဟာရဓါတ်မစုပ်ယူနိုင်တဲ့ရောဂါ တို့လို ရောဂါအခြေအနေတွေက ကြီးထွားမှုနှုန်းကို သိသိသာသာနှေးကွေးသွားစေနိုင်ပါတယ်။ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှု အတွက်က သိုင်းရွိုက်ဟော်မုန်းနဲ့ ကြီးထွားမှုဟော်မုန်းတို့က မရှိမဖြစ်အရေးပါပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။