backup og meta

ပရိုတင်း(အသားဓါတ်) ချို့တဲ့နေပြီဆိုတာ သိနိုင်တဲ့လက္ခဏာများ

ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေထဲမှာ ပရိုတင်း(အသားဓါတ်) က ထိပ်ဆုံးက ပါဝင်ပါတယ်။ ကြွက်သားတွေတည်ဆောက်ဖို့၊ အသားအရေတွေ တင်းရင်းဖို့၊ အားအင်တွေပြည့်ဝစေဖို့နဲ့ ဟော်မုန်းတွေ ဖြစ်တည်ဖို့အတွက် ပရိုတင်းက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ ပရိုတင်းဓါတ် ချို့တဲ့သွားရင် ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက အများကြီးပါ။ အထူးသဖြင့် ကြီးထွားဖို့ တာဆူနေတဲ့ ကလေးတွေမှာဆို ပိုဆိုးတာပေါ့ ။ ပရိုတင်းဓါတ်ချို့တဲ့သွားရင် သူတို့ရင်ဆိုင်ရမယ့် ကျန်းမာရေးပြဿနာတွေက အများကြီးလေ။

ကလေးတွေမှာ ပရိုတင်း( အသားဓါတ်) ချို့တဲ့မှု ဘာကြောင့် အဖြစ်များတာလဲ ။ ။

ပရိုတင်း (အသားဓါတ်)ဆိုမှတော့ ရှင်းပါတယ်။ လိုအပ်တဲ့ ပမာဏပြည့်မီအောင် အသားတွေ မစားမိတာကြောင့် ဒီလို အသားဓါတ်ချို့တဲ့မှုတွေဖြစ်ရတာပါ။ တစ်ချို့ထင်နေကြတာရှိပါတယ်။ ပရိုတင်းဓါတ်ချို့တဲ့တာဟာ ငွေရေးကြေးရေး မပြေလည်လို့ အသားမစားနိုင်တဲ့ ကလေးတွေမှာပဲ ဖြစ်တတ်တယ်ဆိုတာမျိုးပါ။ တကယ်တော့ ငွေရှိပြီး အသားလည်းစားနိုင်ရက်နဲ့ ပရိုတင်းရဲ့ အရေးကြီးပုံကို မသိလို့ပဲဖြစ်ဖြစ်၊ ကလေးက အသားလုံးဝ မစားလို့ပဲ ဖြစ်ဖြစ်၊ မိဘတွေက အာဟာရပြည့်ဝအောင် မကျွေးတတ်ဘဲ အလိုလိုက်လွန်းလို့ပဲဖြစ်ဖြစ် တတ်နိုင်သူမိသားစုတွေမှာလည်း ပရိုတင်းချို့တဲ့မှု ဖြစ်နိုင်ပါတယ်။ ဒီတော့ ပရိုတင်း အသားဓါတ်ချို့တဲ့မှုဆိုတာ မိဘတွေဘက်က သေချာဂရုမစိုက်ခဲ့ရင် ကလေးတိုင်းမှာ ဖြစ်နိုင်တဲ့ ပြဿနာတစ်ခုဆိုတာ သိထားဖို့လိုအပ်ပါတယ်။

ပရိုတင်း( အသားဓါတ် ) ချို့တဲ့မှုရဲ့ လက္ခဏာတွေ ကဘာတွေလဲ ။ ။

ဒီလို ပရိုတင်း( အသားဓါတ်) ချို့တဲ့လို့ ဖြစ်လာတဲ့ ပြဿနာကို ဆေးပညာ အခေါ်အဝေါ် အရ Protein Energy Malnutrition ( PEM ) လို့ခေါ်ပါတယ်။ PEM ကြောင့် ဖြစ်တဲ့ လက္ခဏာတွေ ကို အရင်မပြောခင် PEM ၅ မျိုးရှိတယ်ဆိုတာကို အရင်ပြောချင်ပါတယ်။ ဖြစ်တတ်တဲ့ လက္ခဏာတွေဟာ ဒီ အမျိုးအစား ၅ မျိုးပေါ်မှာမူတည်ပြီး ကွဲသွားမှာ ဖြစ်ပါတယ်။ ။

၁။ Kwashiorkor – အသားဓါတ်ချို့တဲ့တာကြောင့် ဖြစ်တဲ့ PEM ထဲက အဖြစ်အများဆုံး တစ်ခုပါ။ သူ့ရဲ့ အထင်ရှားဆုံး အမှတ်အသားကတော့ အာဟာရချို့တဲ့တယ်ဆိုပေမယ့် ကလေးကို ကြည့်လိုက်ရင် ဖောင်းကားနေတာဖြစ်ပါတယ်။ ဒါက ကလေးထွားနေလို့ မဟုတ်ပါဘူး။ ပရိုတင်း ( အသားဓါတ်) ချို့တဲ့တာကြောင့် အရည်တွေစုပြီး ဖောလာတာဖြစ်ပါတယ်။ အခြားရှိနိုင်တဲ့ Kwashiorkor ရဲ့ လက္ခဏာတွေကတော့

  • ကလေးက တက်တက်ကြွကြွ သွက်သွက်လက်လက်မရှိတာမျိုး
  • အခြားကလေးတွေနဲ့ ယှဉ်ရင် ညှက်နေတာမျိုး
  • အစားစားချင်စိတ်လည်း ပျောက်နေတတ်ပြီး
  • ဝမ်းလျှောတာ ပျို့အန်တာတွေ အပြင်
  • ပရိုတင်း ( အသားဓါတ် ) ချို့တဲ့တာကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတွေ ဖြစ်တဲ့ ဆံပင်ပါးတာ၊ သွေးအားနည်းနေတာ၊ နဲ့ အရေပြားကွာကျတာမျိုးတွေရှိတတ်ပါတယ်။

၂ ။ Marasmus – သူကလည်း PEM ထဲမှာ နောက်ထပ် အဖြစ်အများဆုံးတစ်ခုပါ။ Marasmus ဖြစ်နေတဲ့ကလေးတွေက ကြည့်လိုက်တာနဲ့တင် အာဟာရချို့တဲ့နေတယ်ဆိုတာ တန်းသိနိုင်လောက်အောင် အရိုးတွေပြိုင်းပြိုင်းထ ပိန်လှီနေပြီး ကြွက်သားတို့ ၊အဆီတို့ ဘာဆို ဘာတစ်ခုမှ မရှိတဲ့အပြင် မျက်နှာလေးကလည်း အိုစာတဲ့ပုံလေး ပေါက်နေတာပါပဲ။ ကြီးထွားမှုအပိုင်းမှာလည်း အခြားကလေးတွေထက်နောက်ကျနေပြီး တက်ကြွလန်းဆန်းမှုတွေလည်း ပျောက်ဆုံးနေတတ်ပါတယ်။

၃ ။ Marasmic Kwashiorkor – နာမည်ကိုတည်းက အပေါ်က နှစ်ခုပေါင်းထားတာဖြစ်တာကြောင့် Marasmic Kwashiorkor အမျိုးအစား PEM ခံစားနေရတဲ့ကလေးတွေမှာ အပေါ်က ပြောထားတဲ့၂ ခုလုံးက လက္ခဏာတွေ အကုန်ရှိတတ်ပါတယ်။

၄ ။ Underweight– ကလေးတစ်ယောက်ရဲ့ အသက်အရွယ်နဲ့ အရပ်အမြင့်ပေါ်မူတည်ပြီး ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန် အောက် ရောက်နေတဲ့ ကလေးတွေဟာ Underweight(ပေါင်မပြည့်တဲ့) အုပ်စုထဲမှာ ပါပါတယ်။ ဒီလို ပေါင်မပြည့်တဲ့ ကလေးတွေဟာ အစာအိမ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အများဆုံး ခံစားရလေ့ရှိပါတယ်။

၅ ။ Stunting – အာဟာချို့တဲ့တာကြောင့် ကလေးကိုကြည့်လိုက်ရင် ကြုံလှီ သေးကွေးနေတာမျိုးပါ။ အရမ်းကြီး သိသာတဲ့ လက္ခဏာတွေ မရှိပေမယ့် ပရိုတင်းချို့တဲ့တာကြောင့် ရတတ်တဲ့ လက္ခဏာတွေ( သွေးအားနည်းတာ၊ ဆံပင်ပါးတာ၊ အရိုးသန်မာမှုမရှိတာတွေကို) တော့ အကုန်တွေ့ရမှာပါ။

ဘယ်မိဘမဆို ကိုယ့်ကလေးကို ကျန်းမာသွက်လက်၊ ကြီးထွားဖွံဖြိုး စေချင်ကြတဲ့သူချည်းပါပဲ။ ဒီတော့ အပေါ်မှာပြောထားတဲ့ ကြောက်စရာကောင်းတဲ့ ပရိုတင်းဓါတ်ချို့တဲ့တာကြောင့် ရနိုင်တဲ့ ပြဿာနာတွေ မဖြစ်အောင် ဘယ်လို ကာကွယ်တွန်းလှန်ကြမလဲ ။ ။

ပရိုတင်း ( အသားဓါတ်) ချို့တဲ့တာကြောင့် ဖြစ်ရတာဆိုတော့ အဓိကက အသားများများ ကျွေးဖို့ပါပဲ။ အသားတင်မကပါဘူး အခြား ပရိုတင်းကြွယ်ဝတဲ့ စားသောက်စရာတွေဖြစ်တဲ့ ပဲအမျိုးမျိုးတို့၊ နို့နဲ့နို့ထွက်ပစ္စည်းတို့၊ ကြက်ဥ ဘဲဥတို့ကို ကလေးကို ကျွေးရမှာ ဖြစ်ပါတယ်။ အရမ်းအလုပ်များပြီး ကလေးစားဖို့သောက်ဖို့ ထောင့်စေ့အောင် မစဉ်းစားနိုင်တဲ့ မေမေတွေ အတွက်ကတော့ ကြက်သားကရတဲ့ ပရိုတင်းကို အဓိကထား ထုတ်ထားတဲ့ BRANDS’ ပရိုတင်းမှုန့်ရှိပါတယ်။ သူက ပရိုတင်းအဓိက ဖြည့်စွက်အာဟာရမှုန့်တစ်ခုဖြစ်ပြီး ကွေကာအုပ်တို့၊ နို့မှုန့်တို့လိုပဲ ဖျော်သောက်လိုက်ရုံပဲဆိုတော့ မေမေတို့လည်း အလုပ်ရှုပ်သက်သာ ကလေးတွေ ပရိုတင်းဓါတ်ချို့တဲ့မှာလည်း စိတ်ပူစရာ မလိုတော့ဘူးပေါ့ ။

ကလေးတစ်ယောက်ရဲ့ ကျန်းမာရေးသန်စွမ်းခြင်းဟာ မေမေတို့နဲ့ အဓိက သက်ဆိုင်နေတာကြောင့် အာဟာရနဲ့ ပက်သက်တဲ့ အရေးကြီးဆုံး အချက်တွေ၊ အာဟာရချို့တဲ့တာကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကို ဗဟုသုတ အနေနဲ့ မေမေတို့ သိထားတော့ မမှားဘူးပေါ့ ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/protein-deficiency-symptoms#section10

Accessed Date 27.2.2019

https://www.epainassist.com/nutritional-disorder/protein-energy-malnutrition

Accessed Date 27.2.2019

http://www.healthofchildren.com/P/Protein-Energy-Malnutrition.html

Accessed Date 27.2.2019

 

 

 

ယခုပုံစံ

01/07/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိခင်နို့ရည် အာဟာရမပြည့်ဝဘူးဆိုတာ သိနိုင်မယ့်လက္ခဏာတွေ

ပရိုတင်းများများရချင်လား အင်းဆက်တွေသာစားပါ



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement