
ဗီတာမင် B1 (thiamine) ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးရင်တော့ ဒီရောဂါဖြစ်နိုင်ခြေနည်းပါလိမ့်မယ်။ အရက်စွဲရောဂါရှိသူတွေမှာ အများဆုံးဖြစ်တတ်တယ်ဆိုပေမယ့် ဗီတာမင် B1 ချို့တဲ့လွန်းတဲ့အခြေအနေရှိသူတွေ ဘယ်သူမဆို ဒီအန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ကျွေးချိန်၊ သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း၊ ဖျားနာခြင်းတို့ကြောင့် ဗီတာမင် B1 လိုအပ်မှုကို ပိုများစေနိုင်တာမို့ အဲဒီအခြေအနေတွေမှာဗီတာမင် B1 လုံလောက်အောင်နေထိုင်စားသောက်ဖို့ အရေးကြီးပါတယ်။ဗီတာမင် B1 ဆုံးရှုံးမှုများစေတဲ့ အခြေအနေတွေထဲမှာ ဆီးဆေးသောက်သုံးနေရတာတွေ၊ကျောက်ကပ်ဆေးရတာ၊ ဝမ်းလျှောတာ စတာတွေပါဝင်ပါတယ်။ဗီတာမင် B1 ကြွယ်ဝတာတွေ စားပေမယ့်လည်း ခန္ဓါကိုယ်က စုပ်ယူနိုင်စွမ်းနည်းတာကတော့ အရက်စွဲခြင်း၊ ကာလတာရှည်အာဟာရချို့တဲ့ခြင်းနဲ့ဖောလိတ်ဓါတ် ချို့တဲ့ခြင်းတို့ကြောင့်ဖြစ်လာနိုင်ပါတယ်။
ကလေးတွေမှာ ဗီတာမင် B1 ချို့တဲ့ခြင်း
စိုးရိမ်စရာရှိတာက ဒီရောဂါဟာ ကလေးတွေမှာလည်းဖြစ်နိုင်လို့ပါပဲ။ တကယ်လို့ –
အစပိုင်းမှာတော့ ကလေးက ဝမ်းချုပ်တာ၊ ငိုတာ၊ အငြိမ်မနေတာ၊ အန်တာတွေဖြစ်နိုင်ပါတယ်။
ကလေးတွေမှာဖြစ်တတ်တဲ့ ဘယ်ရီဘယ်ရီက ပုံစံသုံးမျိုးရှိပါတယ်-
ဘယ်ရီဘယ်ရီရောဂါ နောက်ဆုံးအဆင့်ရောက်နေတဲ့သူမှာ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒီရောဂါကြောင့် ထိခိုက်ရတဲ့ နှလုံးပဲဖြစ်ဖြစ်၊ အာရုံကြောပဲဖြစ်ဖြစ်ပြန်ကုသလို့ပျောက်ကင်းနိုင်တယ်ဆိုပေမယ့်သေချာမကုသခဲ့ရင် အသက်ဆုံးရှုံးရနိုင်ပါတယ်။
ကလေးတွေမှာ ဘယ်ရီဘယ်ရီမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ဖို့က နို့ချိုတိုက်ကျွေးမယ့် မိခင်တွေရဲ့အာဟာရကို ဂရုစိုက်ဖို့ပါပဲ။ မိခင်နို့မဟုတ်ဘဲ နို့မှုန့်ကိုအားထားနေရတဲ့ကလေးတွေအတွက်တော့ မရှိမဖြစ်အာဟာရဓါတ်တွေပြည့်စုံအောင်ပေးနိုင်မယ့် နို့မှုန့်အမျိုးအစားကိုရွေးချယ်ဖို့လိုပါတယ်။ယေဘုယျအားဖြင့်တော့ -ပဲအမျိုးမျိုး၊ အစေ့အဆန်တွေ၊အသား၊ငါး၊ ဂျုံကြမ်း၊ နို့ထွက်ပစ္စည်း၊ ကညွတ်၊ဟင်းနုနွယ်တို့လို ဟင်းသီးဟင်းရွက်တွေစားပေးသင့်ပါတယ်။ လိုအပ်ရင် မိခင်တွေအနေနဲ့ ဗီတာမင်အားဆေးသောက်ပါ၊ဖြည့်စွက်အာဟာရသောက်ပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။