ဝက်သက် ရောဂါ ဟာ measlesဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ကလေးတွေမှာ အတွေ့ရများပါတယ်။ ကာကွယ်ဆေးမပေါ်ခင်တုန်းကဆိုရင် ၅နှစ်အောက်ကလေးတွေ သေရတဲ့အကြောင်းထဲမှာသူလည်းပါခဲ့ပါတယ်။ အခုတော့ ကာကွယ်ဆေးတွေကြောင့် ကလေးတွေ ဝက်သက်ရောဂါဖြစ်နှုန်း၊ ဝက်သက်ရောဂါကြောင့်သေနှုန်း သိသိသာသာလျော့ကျသွားခဲ့ပါတယ်။ ဝက်သက်ရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ကာကွယ်ဆေးကို ဘယ်လိုထိုးကြမှာလဲ။ ကာကွယ်ဆေးထိုးပြီးရင်ရော ဝက်သက်ပေါက်ဦးမှာလား စသဖြင့် စိတ်ဝင်စားစရာ မေးခွန်းတွေကို ဖြေပေးသွားပါမယ်။