Asperger Syndrome (အက်စ်ပါးဂါးရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
အက်စ်ပါးဂါးရောဂါရှိမရှိကိုစမ်းသက်မှုတခုထဲဖြင့်မပြောနိုင်ပါ။ များသောအားဖြင့်မိဘများသည် ဖွံဖြိုးမှုအပြုအမူနှေးခြင်းဖြင့်လာတတ်သည်။ သင့်ကလေးသည်ကျောင်းနေပါက ဆရာမမှ ဖွံဖြိုးမှုဆိုင်ရာပြဿနာများကိုမှတ်ပေးလိမ့်မည်။ ထိုမှတ်သားချက်များကိုဆရာဝန်အားပြန်ပြသင့်သည်။
ကလေး၏အဓိကနေရာများကိုစမ်းသက်လိမ့်မည်။ဥပမာ
- စကားပြောနိုင်စွမ်းရည်
- ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေနိုင်သောစွမ်းရည်
- စကားပြောနေချိန်ဖြစ်သောမျက်နှာအမူအရာ
- အခြားသူအားစိတ်ဝင်စားမှု
- ပြောင်းလဲမှုအတွက်သဘောထားများ
- လှုပ်ရှားမှုစွမ်းရည်
အက်စ်ပါးဂါးရောဂါဟုအတည်ပြုရန် စမ်းသက်ချက်တစ်ခုနှင့်မရသောကြောင့် မိဘများသည် အခြားကျန်းမာရေးပြဿနာများနှု့်မှားတတ်သည်။ ထိုသို့ဖြစ်ပါက မှန်ကန်သောရောဂါသိနိုင်ရန်ကလေးအားလေ့လာမှုများပြန်လုပ်ရမည်။
Asperger Syndrome (အက်စ်ပါးဂါးရောဂါ) ကို ဘယ်လိုကုသပါသလဲ
ကလေးတိုင်းမတူသည့်အတွက် ကလေးအားချည်းကပ်ုပုံခြင်းမတူနိုင်ပါ။ ဆရာဝန်မှနည်းလမ်းမျိုးစုံကြိုးစားပြီး အသုံးဝင်သောနည်းလမ်းအားရှာလိမ့်မည်။
ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရန်သင်ပေးခြင်း။ ကုထုံးပညာရှင်သည် တယောက်ချင်းသို့မဟုတ် အဖွဲ့လိုက် အခြားသူများနှင့်ဘယ်လိုဆက်ဆံ၇မည် ကိုယ့်လိုအပ်ချက်ကိုဘယ်လိုဖော်ပြရမည်ကိုသင်ပေးလိမ့်မည်။ စံပြနမူနာများဖြင့်သင်ယူခြင်းသည်အကောင်းဆုံးနည်းလမ်းဖြစ်သည်။
ဘာသာစကားဆိုင်ရာကုထုံး၊ဆက်ဆံမှုစွမ်းရည်ကိုမြင့်လာစေသည်။ဥပမာ စကားပြောလျင် အသံအနှိမ့်အမြင့်ဖြင့်ပြောပုံတို့ဖြစ်သည်။ ထိုသို့သင်ယူခြင်းဖြင့် အပြန်အလှန်စကားပြောပုံ လူမူရေးဆိုင်ရာနည်းပညာများ ဥပမာကိုယ်နေကိုယ်ထား မျက်လုံးအားကြည့်၍ပြောခြင်းတို့ တတ်လာစေနိုင်သည်။
ဆုံးဖြတ်နိုင်မှုစွမ်းရည်။ ကလေး၏စဉ်းစားပုံမှန်လာစေရန်အထောက်အကူပြုသည်။ ခံစားချက်များထပ်ခါတလဲလဲလုပ်ခြင်းအားထိန်းချုပါတတ်လာမည်။ စိတ်တိုလွယ်သော စိတ်ထဲစွဲထင်ပြီးထပ်ခါတလဲလဲလုပ်လိုသောအရာများကိုလည်း ထိန်းချုပ်လာနိုင်မည်။
မိဘအား အသိပညာပေး ခြင်းနှင့်သင်ကြားပေးခြင်း။ ကလေးအားသင်ကြားပေးထားသောအရာများအား အိမ်တွင်လေ့ကျင့်နိုင်သည်။ အက်စ်ပါးဂါးရောဂါရှိသူနှင့်နေထိုင်ရန်စိန်ခေါ်မူများကို အချို့မိသားစုများက ဆွေးနွေးသူများနှင့်တိုင်ပင်ကြသည်။
အသုံးချအပြုအမူဆိုင်ရာသုံးသပ်မှု။ ဆက်ဆံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာများကိုကျွမ်းကျင်စေရန်အသုံးပြုသောနည်းလမ်းဖြစ်သည်။ နည်းပညာရှင်များက ရလဒ်ကောင်းရစေရန် ကလေးအားချီးမွမ်းခြင်းနှင့်အခြား အားပေးမှုများပြုလုပ်သည်။
ဆေးဝါးကုထုံးများ၊အက်စ်ပါးဂါးရောဂါအတိအကျအတွက် ဘက်ဒီအေကခွင့်ပြုထားသောဆေးသီးသန့်မရှိပါ။ သို့သော် အချို့ဆေးများသည် စိတ်ဓါတ်ကျခြင်း စိတ်တိုလွယ်ခြင်းတို့အား သက်သာရန်ကူညီပေးနိုင်သည်။ အောက်ပါဆေးများကိုဆရာဝန်မှပေးနိုင်သည်။
ဆယ်ရိုတိုနင်ပြန်ယူမှုကိုပိတ်သောဆေး၊
စိတ်ဓါတ်ကျမှုတိုက်ဖျက်သောဆေး၊
စိတ်ဓါတ်မြင့်တင်သောဆေး။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအက်စ်ပါးဂါးရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။