backup og meta

နို့ထွက်များခြင်း အကြောင်းသိကောင်းစရာများ

မိခင်နို့လုံလုံလောက်လောက်မထွက်ခြင်းသည် မိခင်များစိတ်ပူသည့်အကြောင်းအချက်တစ်ရပ်ဖြစ်သကဲ့ သို့ နို့ထွက်များခြင်းသည်လည်း ပြဿနာတစ်ရပ်ပင် ဖြစ်သည်။ ဤဆောင်းပါးတွင် နို့ထွက်များခြင်း အကြောင်းရင်များနှင့် ဘယ်လိုလျော့ချရမလဲဆိုတဲ့နည်းလမ်းတွေကို ဖော်ပြထားပါတယ်။

ဘာကြောင့် နို့်ထွက်များရသလဲ။

နို့ထွက်များရခြင်းအကြောင်းအရင်းများ စွာရှိပါသည်။ အချို့မိခင်များ၏ခန္ဓါကိုယ်များသည် အစကတည်းကပင် နို့ထွက်များကြသည်။ အချို့ကိစ္စရပ်များတွင်တော့ ဟော်မုန်းမညီမျှခြင်းကြောင့် နို့ထွက်များကြသည်။ အကယ်၍ မိခင်သည် ကလေးနို့စို့နည်းစေရန် နို့မတိုက်မီ ပမာဏများစွာကို ညှစ်ထုတ်ထား လျှင် ဖြစ်တတ်ပါသည်။

နောက်တစ်ချက်အတော့ သူငယ်ချင်းများ၊မိသားစု သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်သူများထံမှ ကြားသိဖူးသော ရှေးရိုးစွဲယုံကြည်မှုကြောင့်ဖြစ်သည်။ နို့တိုက်လျှင်တစ်ဖက်ကို မိနစ် အနည်းငယ်စီမျှတိုက်ခြင်း သို့မဟုတ် ကလေးက နို့တိုက်တိုင်း နှစ်ဖက်လုံးကို စို့ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။

နို့ရည်ထွက်နှုန်းကို လျှော့ချပေးနိုင်မည့်နည်းလမ်းများ

အကယ်၍သင့်ကလေးသည် နှစ်နာရီအတွင်း နို့ပြန်ဆာပါက ပထမတိုက်ခဲ့သော နို့တစ်ဖက်တည်းကိုပြန်တိုက်ပါ။ ကလေး၏တုံ့ပြန်မှုကိုကြည့်ပါ။ သင့်ကလေး၏လိုအပ်ချက်ကြောင့်နို့ရည်သည် ထွက်သွားသည်နှင့်အမျှ နို့ထုတ်လုပ်နှုန်းလည်းနှေးသွားပါလိမ့်မည်။ နို့ရည်ထုတ်လုပ်နှုန်းသည် ကလေး၏လိုအပ်ချက်နှုန်းနှင့် သက်ဆိုင်ပါသည်။ နို့သောက်နှုန်းမြင့်လေလေ နို့ရည်ထုတ်လုပ်မှုများလေလေဖြစ်ပြီး ကလေးနို့သောက်မှုနှေးလေလေ နို့ရည်ထုတ်လုပ်မှုကျဆင်းလာလေလေ ဖြစ်ပါသည်။ နို့တစ်ဖက်တည်းကိုအချိန်ကြာမြင့်စွာ တိုက်ခြင်းဖြင့်သင့်ကလေးကို ကယ်လိုရီပိုများသော နို့ရည်ရစေပါသည။် အဘယ်ကြောင့်ဆိုသော် နို့ထဲတွင်ရှိသော နို့ရည်များ ကလေးဆီသို့ အပြည့်အ၀ စီးဆင်းသွားသောကြောင့်ဖြစ်သည်။ သင်သည်ရင်သားတင်းခြင်းကို လျှော့ချနိုင်ရန် စက္ကန့်နှစ်ဆယ်၊သုံးဆယ်ခန့်ကြာ နို့ရည်ညှစ်ထုတ်နိုင်ပါသည်။

နို့ရည်ညှစ်ထုတ် သောအခါတွင် အရမ်းအများကြီးမညှစ်ထုတ်မိဖို့ကိုလည်းသတိရပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ညှစ်ထုတ်ရခြင်းကြောင့် နို့ရည်ပိုမိုထုတ်လုပ်ဖို့ အချက်ပြသလိုဖြစ်သွားနိုင်သောကြောင့်ဖြစ်သည်။ ကလျာဏီပင်မျိုး (sage)တွင် ပရိုလက်တင်ဟော်မုန်းကို လျှော့ချပြီး နို့ရည်ထုတ်လုပ်မှုကိုနည်းစေသည အီစထရိုဂျင် သဘာဝပုံစံ ပါဝင်ပါသည်။ အခြားနည်းလမ်းတစ်ခုကတော့ မိခင်နို့အလှူရှင်ဖြစ်လာဖို့ပင်ဖြစ်ပါသည်။ နို့ရည်အထွက်များသော မိခင်အချို့သည် နို့ရည်ကိုညှစ်ထုတ်ပြီး လှူကြပါသည်။ မိခင်နို့ရည်လှူခြင်းသည် မိဘများစွန့်ပစ်ခြင်းခံရသော ကံမကောင်းသည့် ကလေးငယ်များ၏ကျန်းမာရေးကိုတိုးတက်စေပြီးအသက်များစွာကယ်တင်နိုင်ပါသည်။ ကလေးငယ်များကိုသဘာ၀ နို့ရည်မတိုက်နိုင်သော မိခင်များကို လည်းလှူဒါန်းနိုင်ပါသည်။

များသောအားဖြင့် နို့ရည်များစွာထွက်သောပြဿနာသည် သင့်ကလေးကြီးလာသောအခါတွင် အလိုအလျောက် ပျောက်သွားတတ်သည်။ အဘယ်ကြောင့်ဆိုသော် သင့်ခန္ဓါကိုယ်သည် ကလေးလိုအပ်သောပမာဏကို ထိန်းညှိနိုင်ပြီးလျှော့ချနိုင်သောကြောင့်ဖြစ်သည်။ အခြားပြဿနာများကဲ့သို့ပင် အချိန်တန်လျင်ပျောက်သွားမည့်ပြဿနာ တစ်ရပ်သာဖြစ်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.breastfeedingbasics.com/articles/oversupply-too-much-breast-milk accessed on 17 Nov 2016

https://www.breastfeeding.asn.au/bf-info/common-concerns%E2%80%93mum/too-much-milk accessed on 17 Nov
2016

http://www.llli.org/faq/oversupply.html accessed on 17 Nov 2016

ယခုပုံစံ

03/06/2022

Dr. Kaung Thar မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement