backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နို့ဘုူးတိုက်ခြင်းနှင့် ပတ်သတ်သော သိထားသင့်သည့် ၁၁ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နို့ဘုူးတိုက်ခြင်းနှင့် ပတ်သတ်သော သိထားသင့်သည့် ၁၁ချက်

မိခင်နို့ရည်တိုက်ကျွေးခြင်းသည် ကလေးငယ်လေးတွေအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံးသိကြပါတယ်။ ဒါပေမယ့် အချ ို့ကျန်းမာရေးမကောင်းတဲ့ မိခင်တွေကိုတော့ ကလေးငယ်တွေကို မိခင်နို့ မတိုက်ကျွေးဖို့ တိုက်တွန်းထားပါတယ်။ ကံကောင်းစွာနှင့်ပဲ ကလေးငယ်တွေကို ဖြည့်စွက်အာဟာရ(ဖော်စပ်ပြုလုပ်ထားသော နို့ရည် သို့ အစာပျော့ )တိုက်ကျွေးခြင်းကလည်း ကျန်းမာရေးအတွက် ကောင်းကျိ ုးများစွာရှိနေတာကို တွေ့ရပြန်တယ်။ အကယ်၍ သင်ဟာ ကလေးငယ်လေးတွေကို ဖြည့်စွက်အာဟာရတိုက်ကျွေးမယ်ဆိုရင်တော့ အကြောင်းအရာ ၁၁ ချက်ကိုသိထားသင့်ပါတယ်။

၁။ ဖြည့်စွက်အာဟာရတိုက်ကျွေးထားတဲ့ ကလေးငယ်တွေဟာ ပိုမိုပျော်ရွှင်မြူးတူးလေ့ရှိတတ်ပါတယ်။ ကလေးငယ်အယောက် ၃၀၀ ရဲ့ စရိုက်လက္ခဏာကို သုတေသနလုပ်ကြည့်ရာ ဖြည့်စွက်အာဟာရတိုက်ကျွေးထားတဲ့ ကလေးငယ်တွေဟာ ပိုပြီးပျော်ရွှင်ရယ်မောလေ့ရှိပြီး စိတ်ဆိုးဒေါသဖြစ်လွယ်မှုလည်း နည်းပါးလေ့ရှိကြောင်းတွေ့ရပါတယ် ။

၂။ ဖြည့်စွက်အာဟာရတိုက်ကျွှေးခြင်းဟာ ကလေးငယ်ရဲ့အိပ်စက်ခြင်းကိုတော့ အကျ ို းမပြုပါဘူး။

ဖြည့်စွက်အာဟာရတွေက အစာကြေလွယ်ဖို့အချိန်များစွာကြာပြီး ကလေးငယ်လေးရဲ့ အစာအိမ်ထဲမှာ အချိန်ကြာမြင့်စွာ ရှိနေတတ်တယ်။ ဒါဟာ သင့်ရဲ့အိပ်ချိန်တွေကို များများစားစားရနိုင်မှာ မဟုတ်ပါဘူး။

၃။ ဖြည့်စွက်အာဟာရတွေက ကလေးငယ်တွေရဲ့ ကြီးထွားနှုန်းကိုမြန်စေပါတယ်။

မျောက်သားပေါက်လေးတွေနဲ့ လေ့လာစမ်းသပ်ကြည့်ရာ ဖြည့်စွက်အာဟာရကျွေးထားတဲ့ မျောက်ပေါက်လေးတွေဟာ မိခင်နို့တိုက်ကျွေးထားတဲ့ မျောက်လေးတွေထက် ပိုပြီးလျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာကြပါတယ်။ သုတေသနပြုလုပ်သူတွေကတော့ ဒါဟာ ဖြည့်စွက်အာဟာရမှာ protein(အသားဓါတ် ) တွေပိုမို ပါဝင်တဲ့အတွက်ကြောင့်လို့ ယုံကြည်လက်ခံထားကြပါတယ်။

၄။ ဖြည့်စွက်အာဟာရဟာ ကလေးငယ်ကို အဝလွန်ဖို့ဖြစ်နိုင်ချေ ပိုများစေပါတယ်။

ဖြည့်စွက်အာဟာရတွေကို ကလေးငယ်လေးတွေ က်ုယ်အလေးချိန်တက်ဖို့ အဓိထားစီမံထားထားပါတယ်။ ဒါ့ပြင် ဖြည့်စွက်အာဟာရ(နို့ရည် ) ဟာ မိခင်နို့ထက် ပိုမိုသောက်သုံးရလွယ်ကူတာကြောင့် အလွန်အကျွံသောက်သုံးခြင်းကို ဖြစ်စေပါတယ်။

၅။ ဖြည့်စွက်အာဟာရတိုက်ကျွေးထားတဲ့ ကလေးငယ်တွေဟာ မကြာခဏ ဖျားနာတတ်ပါတယ်။

ဖြည့်စွက်အာဟာရမှာ ကူးစက်ရောဂါတွေက ကာကွယ်ပေးတဲ့ အဖိုးတန်ပဋိဇီဝပစ္စည်းတွေ မပါဝင်ပါဘူး။ လေ့လာတွေ့ရှိချက်တွေအရ ဖြည့်စွက်အာဟာရတိုက်ကျွေးထားတဲ့ ကလေးငယ်တွေရဲ့ ၁၄% ကသာ အသက်တစ်နှစ်ပြည့်ချိန်ထိ ဖျားနာခြင်းမရှိဘဲ ကြီးပြင်းလာကြပါတယ်။

၆။ ဖြည့်စွက်အာဟာရတွေက မိခင်နို့တိုက်ကျွေးခြင်းကို အထောက်ကူပြုပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ဖြည့်စွက်အာဟာရတိုက်ကျွေးထားတဲ့ ကလေးတွေက မိခင်နို့တစ်မျ ိုးတည်းတိုက်ကျွေးထားတဲ့ ကလေးတွေထက် မိခင်နို့ကို ၃လသားအထိတိုက်ကျွေးနိုင်ပါတယ်။

၇။ ဖြည့်စွက်အာဟာရက ကလေးငယ်တွေရဲ့ အရိုးကိုပိုမိုသန်မာစေပါတယ်။

ဒါဟာ ဖြည့်စွက်အာဟာရမှာ မိခင်နို့ထက် Vitamin D တွေပိုမိုပါဝင်လို့ ဖြစ်ပါတယ်။

၈။ သင်ဟာ တံဆိပ်မျ ိုးစုံကို ရွေးချယ်နိုင်နေပါပြီ။

အရည်အသွေး အကောင်းဆုံးမှသည် ပို၍ဈေးသက်သာသော အမှတ်တံဆိပ်အထိ စိတ်ကြိုက်ရွေးဝယ်နိုင်ခြင်းကလည်း နှစ်သက်စရာပါ။ ကလေးငယ်အတွက်လည်း သက်တောင့်သက်သာရှိပါတယ်။

၉။ ပဲနို့ကလည်း ကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခုပါ။

ပဲနို့မှာ Phytoestrogen (စောစီးစွာအရွယ်ရောက်စေသောဒြပ်ပေါင်းတစ်မျိ ုး )ပါဝင်သော်လည်း လေ့လာတွေ့ရှိချက်အရ ကလေးငယ်အပေါ် ဆိုးကျိ ု း သို့ ကောင်းကျိ ု းအတွက် ရေရှည်သက်ရောက်မှု မရှိနိုင်ကြောင်း တွေ့ရပါတယ်။

၁၀။ ဖြည့်စွက်အာဟာရ နှင့် မိခင်နို့ရည်တို့ဟာ ကွာခြားမှုသိပ်မရှိပါဘူး။

သိသာထင်ရှားတဲ့ ကွာခြားမှုမရှိကြောင်းကိုလည်း သိပ္ပံနည်းကျလေ့လာတွေ့ရှိမှုများနှင့် စာရင်းကိန်းဂဏန်းတွေအရလည်း သက်သေပြခဲ့ကြပါပြီးပါပြီ။

၁၁။ ဖြည့်စွက်အာဟာရကို ကလေးငယ်များအားုမတိုက်ကျွေးမီ အပူပေးစရာ မလိုပါ။

ကြိုတင် ပူနွေးအောင်ပြုလုပ်ထားခြင်းက နဂိုထက် ပိုမိုထူးကဲတဲ့ ကျန်းမာရေးသက်ရောက်မှုမျိ ုး မပေးနိုင်ပါ။ သင့်ကလေးငယ်က နှစ်သက်မယ်ဆိုရင်တော့ ပူနွေးအောင်ပြုလုပ်တိုက်ကျွေးနိုင်ပါတယ်။

မိခင်တို့ဟာ ကလေးငယ်ကို တိုက်ကျွေးရန် ဖြည့်စွက်အာဟာရ နဲ့ မိခင်နို့ရည် ဘယ်ဟာပိုသင့်တော်မလဲလို့ စဉ်းစားရွေးချယ်ရခက်နေတတ်ပါတယ်။ ဆရာဝန်သွား၍ ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ဘယ်ဟာက သင်နှင့် သင့်ကလေးအတွက်အကောင်းဖြစ်မယ်ဆိုကို သိနိုင်မှာဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement