backup og meta

လျှပ်စစ်နို့ညှစ်ကိရိယာနှင့် ရိုးရိုးကိရိယာကြား ကွာခြားချက်

လျှပ်စစ်နို့ညှစ်ကိရိယာနှင့် ရိုးရိုးကိရိယာကြား ကွာခြားချက်

သားဦးမိခင်ဖြစ်သူများအတွက် နို့ညှစ်ရန် လျှပ်စစ်ကိရိယာနှင့် လက်ဖြင့်ညှစ်ရသော ကိရိယာကြား မည်သည့်အရာကို သုံးရမည်ကို သိမည်မဟုတ်ပေ။ ပထမတစ်မျိုးသည် ပုံမှန်သုံးသူများအတွက် အဆင်ပြေပြီး ဒုတိယတစ်မျိုးသည် တစ်ခါတစ်ရံမှ သုံးသူများအတွက် အကူအညီပေးသည်။ နှစ်မျိုးလုံးသည် နို့ကို ညှစ်ယူနိုင်ရန် ကောင်းစွာ အထောက်အကူပြုပါလိမ့်မည်။ မည်သည့် အမျိုးအစားသည် သင်နှင့် သင့်တော်သည်ကို အောက်တွင် ဖတ်ရှူနိုင်ပါသည်။

လျှပ်စစ်နို့ညှစ်ကိရိယာကို ဘာအတွက် သုံးသင့်ပါသလဲ။

သင့်ကလေးကို ပုံမှန်နို့တိုက်လျှင် လျှပ်စစ်ကို သုံးသော နို့ညှစ်ကိရိယာသည် သင့်အတွက် သင့်တော်ပါသည်။ မွေးဖွားခွင့်ကုန်သွားလျှင် အမေအများစုသည် အလုပ်ခွင် ပြန်ဝင်ကြရသည်။ ထိုအခါတွင်အလုပ်နှင့် ကလေးကိုအချိန်ပေးရန် ညှိယူကြရသည်။ ထို့ကြောင့် သင်အားသည့် အချိန်တိုင်း မိခင်နို့ကို ကြိုတင်ညှစ်ယူထားပြီး သင်ကလေးကို မိခင်နို့ ဆက်လက်တိုက်ကျွေးနိုင်ပါသည်။ ထိုအခါမျိုးတွင် လျှပ်စစ်နို့ညှစ်ကိရိယာသည် အသုံးဝင်ပါသည်။ ၎င်းသည်သင့်ကိုမနာကျင်စေပဲ၊ အသံမမြည်စေပဲ နို့များများထွက်အောင် ညှစ်ယူနိုင်ပါသည်။

သင်ရွေးချယ်ရန် နှစ်မျိုးနှစ်စားရှိပါသည်။ တစ်ဖက်တည်းပါသောကိရိယာ နှင့် နှစ်ဘက်ပါသော ကိရိယာဖြစ်သည်။ သင်သည် နို့နှစ်ဖက်လုံးကိုတစ်ချိန်တည်းတွင် ညှစ်ယူလိုပါက နှစ်ဖက်ပါသောကိရိယာ အသုံးပြုခြင်းဖြင့် အချိန်တစ်ဝက်သက်သာစေသည်။ လျပ်စစ်ပိုက်သည် အလိုအလျောက်အလုပ်လုပ်သည့်အတွက် အသုံးပြုနေစဉ် မပင်ပန်းရပေ။ အနားယူရင်း၊စာဖတ်ရင်း၊ တီဗွီကြည့်ရင်း ညှစ်နေနိုင်သည်။

လက်ဖြင့်ညှစ်ရသော ကိရိယာကို အဘယ်ကြောင့် သုံးသင့်ပါသနည်း။

လျှပ်စစ်ကိရိယာသည် အတန်အသင့်ဈေးများသောကြောင့် အမေအများစုသည် လက်ဖြင့်ညှစ်ရသောကိရိယာကို ပိုအသုံးများကြသည်။ လက်ဖြင့်ညှစ်ရသော ပိုက်သည် လျှပ်စစ်ပိုက်ကဲ့သို့ လုပ်ဆောင်မှုမများပေ။ သို့သော် အဓိက လုပ်ဆောင်ချက်ကို လုပ်နိုင်ပါသည်။ အသုံးပြုရသည်မှာ ရိုးရှင်းသည့်အတွက် လက်ညှစ်ပိုက်ကို အသုံးပြုပြီး အလွယ်တကူ နို့ညှစ်နိုင်သည်။ မကောင်းသည့်အချက်မှာ အချိန်ယူပြီး နို့ကို ဆက်တိုက်ညှစ်ယူလျှင် အနည်းငယ် ပင်ပန်းနိုင်ပါသည်။

နို့ညှစ်ကိရိယာကို မည်သို့သုံးရသည်ကို မသိလျှင် လက်ဖြင့်ညှစ်ရသော ကိရိယာကို ပထမဆုံးအကြိမ် စတင်အသုံးပြုသင့်သည်။ ပထမဆုံး အသုံးပြုကြည့်ရန် ဈေးမများသောကြောင့် အဆင်ပြေသည်။ နို့ညှစ်သည့်အချိန်တွင် မည်သို့ အနေအထားဖြင့် သက်တောင့်သက်သာဖြစ်အောင်နေမည်၊ မည်သည့်နည်းလမ်းဖြင့်ညှစ်လျှင် သင့်အတွက် အဆင်ပြေမည်ကို လေ့လာနိုင်သည်။ ထို့နောက် သင့်အခြေအနေကို မူတည်ပြီး ပိုမြန်ချင်လျှင် လျှပ်စစ်ပိုက်ကို ပြောင်းလဲအသုံးပြုနိုင်သည်။

သင်သည် အလုပ်အရမ်း မများသည့် အမေဖြစ်လျှင် လျှပ်စစ်နို့ညှစ်ကိရိယာကို အသုံးပြုရန် မလိုပါ။ သို့သော် လျပ်စစ်ပိုက်ကို အသုံးပြုလျှင် အချိန်ကုန်သက်သာပြီး အလွန်အသုံးဝင်သည်က အမှန်ပင်ဖြစ်သည်။ သို့သော် သင့်တွင် အခြားအရာများတွက် ပိုက်ဆံစုရန် လိုအပ်နေလျှင် လက်ဖြင့်ညှစ်ရသောရိုးရိုးကိရိယာ သည်လည်း အကုန်အကျသက်သာပြီး အကျိုးရှိသော ပစ္စည်းပင်ဖြစ်သည်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to buy a breast pump.

http://www.babycenter.com/0_how-to-buy-a-breast-pump_429.bc. Accessed December 14, 2016.

Buying an electric breast pump.

http://www.babycentre.co.uk/a568506/buying-an-electric-breast-pump. Accessed December 14, 2016.

Buying a manual breast pump.

http://www.babycentre.co.uk/a562817/buying-a-manual-breast-pump. Accessed December 14, 2016.

ယခုပုံစံ

03/06/2022

Dr. Su Sandy မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နို့တိုက်မိခင် အရက်သောက် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ

မိခင်နို့တိုက်ကျွေးခြင်း နှင့် မှက္ခရုရောဂါ



Dr. Su Sandy မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement