backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးငယ်နဲ့ မွေးကင်းစတွေမှာ ရင်ပူရင်ဆာ ဖြစ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးငယ်နဲ့ မွေးကင်းစတွေမှာ ရင်ပူရင်ဆာ ဖြစ်ခြင်း

ရင်ပူတယ်ဆိုတာ လူကြီးတွေမှာ အဖြစ်များတဲ့ ကိစ္စတစ်ရပ်ပါ။ အားပါးတရစားပြီးနောက် ဒါမှမဟုတ် ပူစပ်တဲ့ အစားအသောက်တွေစားပြီးနောက်မှာ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် မွေးကင်းစတွေနဲ့ ကလေးငယ်တွေမှာလည်း ရင်ဘတ်မှာ ပူလောင်တဲ့ ခံစားမှုမျိုး ခံစားရနိုင်ပါတယ်။

မွေးကင်းစနဲ့ ကလေးငယ်တွေမှာ ဘာကြောင့် ရင်ပူရင်ဆာ ဖြစ်ရသလဲ။

မွေးကင်းစနဲ့ ကလေးငယ်တွေမှာ ရင်ပူရင်ဆာဖြစ်တယ်ဆိုတာ ပုံမှန်အားဖြင့် Gastro Esophageal Reflux ( GERD or Acid Reflux ) ရဲ့ လက္ခဏာရပ်ပါ။ အစာအိမ်မှ အက်စစ်က အစာရေမျိုပြွန် ( ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားတဲ့ပြွန် ) ထဲကို ပြန်တက်လာတဲ့ အခြေအနေမျိုးပါ။

အစာရေမျိုပြွန်ရဲ့ အောက်ခြေမှာ Lower Esophageal Sphincter (LES) လို့ခေါ်တဲ့ ကြွက်သားရှိပါတယ်။ အစာအိမ်နဲ့ အစာရေမျိုပြွန်နဲ့ ဆက်ထားတဲ့နေရာပါ။ ဒါပေမယ့် အကယ်၍ LES က အရမ်းလျော့သွားမယ်ဆိုရင် စူးရှတဲ့ အစာအိမ်အက်စစ်တွေ မြင့်တက်လာပြီး အစာရေမျိုပြွန်ရဲ့ ချောမွတ်တဲ့ နံရံတွေကို ယားယံနာကျင်စေတတ်ပါတယ်။ ဒါက ရင်ပူစေပြီးတော့ တခြားရောဂါလက္ခဏာတွေ ဖြစ်စေပါတယ်။

ကလေးငယ်တွေမှာ ရင်ပူရင်ဆာဖြစ်တာဟာ ပုံမှန်ဆိုရင်တော့ မရင့်သန်သေးတဲ့ အစာခြေစနစ်မှာ အဖြစ်များပါတယ်။ အသက်နဲနဲကြီးတဲ့ ကလေးငယ်တွေမှာ အဝလွန်ခြင်း၊ ဆေးလိပ်ငွေ့ရှုမိခြင်း၊ အပူအစပ် အစားအသောက်တွေ စားခြင်းကနေ ဖြစ်စေတတ်ပါတယ်။ လေသင်တုန်းဖြတ်ခြင်းလိုမျိုး အာရုံကြောဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးတွေမှာ ဖြစ်နိုင်ချေ ပိုများပါတယ်။

မွေးကင်းစနဲ့ ကလေးငယ်တွေမှာ ရင်ပူရင်ဆာဖြစ်တဲ့အခါ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ရင်ပူရင်ဆာဖြစ်တဲ့အခါ ရင်ဘတ်၊ လည်ပင်း၊ လည်တိုင်တွေမှာ ပူလောင်တဲ့ ခံစားမှုကို ခံစားရတတ်ပါတယ်။ GERD က ရင်ပူရတဲ့အကြောင်းဆိုရင်တော့ မွေးကင်းစနဲ့ ကလေးငယ်တွေမှာ အစာစားတဲ့အခါ ကျောမှာ ယားယံခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ အသံအက်ကွဲခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ မျိုချတဲ့အခါ နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ အစာစားချင်စိတ်လျော့နည်းခြင်း၊ လည်ပင်းနာခြင်း၊ အသက်ရှုရခက်ခြင်း လိုမျိုး တခြားရောဂါလက္ခဏာရပ်တွေ ဖြစ်ကြုံရနိုင်ပါတယ်။

ရင်ပူရင်ဆာဖြစ်နေတဲ့ မွေးကင်းစတွေမှာ သက်တောင့်သက်သာမရှိတာတင်မကပဲ၊ အဝလွန်တာပါတွဲပြီး ခံစားရတတ်ပါတယ်။ အက်စစ်တွေ တောက်လျှောက် ထွက်ပေါ်တာကြောင့် အစာရေမျိုပြွန်မှာ အနာတွေ ဖြစ်တတ်ပါတယ်။

မကုသဘူးဆိုရင် GERD က အစာရေမျိုပြွန်ကျုံ့ခြင်း၊ အစာရေမျိုပြွန် နံရံတွေမှာ မူမမှန်တဲ့ ဆဲလ်တွေ ဖြစ်ပေါ်ခြင်း၊ အသက်ရှုရခက်ခြင်း၊ အစာကြွေးရခက်ခြင်းတွေက တခြားနောက်ဆက်တွဲအနေနဲ့ ဖြစ်စေနိုင်ပါတယ်။

ကလေးငယ်တွေအတွက် ရင်ပူရင်ဆာဖြစ်ရင် ကုသနည်း

ကုသမှုက ကလေးရဲ့ အသက်အရွယ်နဲ့ ဖြစ်တဲ့အကြောင်းအရင်းပေါ် မူတည်ပါတယ်။ ကလေးငယ်တွေမှာတော့ အသက်အရွယ်အလိုက် သူ့ဘာသာ သက်သာသွားတတ်ပေမယ့် မွေးကင်းစလေးတွေမှာတော့ ကုသဖို့ ခက်ခဲနိုင်ပါတယ်။

လေ့လာထားချက်တစ်ခုအရ ရင်ပူတာ သက်သာစေဖို့ ယေဘုယျ အသုံးများတဲ့ အိမ်တွင်း နည်းလမ်းအတော်များများက ထိရောက်မှု မရှိပါဘူး။

ဥပမာ – မွေးကင်းစကလေးငယ်ကို ပိုပြီး မတ်မတ် အိပ်စေခြင်း ( သို့ပေမယ့် ခုချိန်ထိ ညွှန်းနေဆဲပါ ) ၊ နို့မှုန့်ကို ပျစ်ပျစ် ဖျော်တိုက်ခြင်း၊ သို့မဟုတ် Pacifier အသုံးပြုခြင်း ( ငြိမ်သက်စေခြင်း ) ။ လေချဉ်တက်ခြင်း သို့မဟုတ် မွေးကင်းစကလေးငယ်ကို အစာကျွေးပြီးနောက် မိနစ် ၃၀ လောက် မတ်မတ်လေး ထားပေးခြင်းဖြင့် အကူအညီ ရတတ်ပါတယ်။

သူ့ဘာသာ သက်သာမသွားဘူးဆိုရင် ဆေးဝါးတွေက ရင်ပူတာအတွက် ထိရောက်တဲ့ ကုသမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ပထမ ဆေးပတ်လည်တဲ့ ကုသမှုကို မယုံသင့်ပါဘူး။ ရင်ပူတာအတွက် ညွှန်တဲ့ ဆေးတွေကတော့

  • H2 blockers (Tagamet,Zantac,Pepcid)
  • Proton pump inhibitors (such asDexilant, Nexium, Prevacid, and Prilosec)

ဆေး ၂ မျိုးလုံးက အစာအိမ်မှ ထုတ်ပေးတဲ့ အက်စစ်ပမာဏကို လျော့ကျစေပါတယ်။ အဲ့အတွက် အစာရေမျိုပြွန်ဆီ ရောက်မယ့် အက်စစ်ပမာဏပါ ကျဆင်းသွားစေပါတယ်။

ဒီနည်းလမ်းကို ကလေးငယ်တွေမှာ ဖြစ်လေ့ရှိတဲ့ ရင်ပူတာ သက်သာအောင် အသုံးပြုနိုင်ပါတယ်။

  • တစ်နေ့ကို အစာခပ်များများ ၃ ကြိမ်အစား၊ နည်းနည်းကို အကြိမ်ခပ်များများ စားပါစေ။
  • အိပ်ချိန်မတိုင်ခင် ၃၊ ၄ နာရီမှာ အစာစားတာကို ခွင့်မပြုပါနဲ့။
  • ကလေးငယ်တွေကို ကာဖိန်း၊ အပူအစပ်၊ ဆီကြော်၊ အက်စစ်ဓ,တ်ပါတဲ့ အစားအစာတွေ မကျွေးပါနဲ့။ တကယ်လို့ ကလေးတွေက ရင်ပူတာ ဖြစ်လေ့ရှိတယ်ဆိုရင် ချောကလက်၊ ကဖိန်းပါတဲ့ ဆိုဒါ၊ peppermint ( ပူရှိန်း ) ၊ လိမ္မော်သီး၊ ခရမ်းချဉ်သီးနဲ့ တခြား ဗီတာမင် စီ ပါဝင်တဲ့ အသီး၊ စတာတွေကို သူတို့ လက်လှမ်းမမီတဲ့နေရာတွေမှာ ထားရပါမယ်။
  • ခေါင်းအုံးအမြင့်ကို ၁၅.၂၄ စင်တီမီတာမှ ၂၀.၃၂ စင်တီမီတာအထိ ရောက်အောင် ခေါင်းအုံးအောက်ကို သစ်သားတုံးလေးထည့်ပါ။ ( ခေါင်းအုံးများများ ဆင့်အိပ်တာက အလုပ်မဖြစ်ပါဘူး )

တကယ်လို့ ရောဂါလက္ခဏာတွေက မပျောက်သွားဘူးဆိုရင်တော့ ဆေးကူရပါလိမ့်မယ်။ ရှားရှားပါးပါးကလေးငယ်တချို့မှာ ခွဲစိတ်မှု လိုအပ်တာမျိုးလည်း ရှိတတ်ပါတယ်။

နည်းလမ်းက အစာအိမ်ထဲက အက်စစ်တွေ အပေါ်မတက်နိုင်အောင် ဖန်တီးပေးတဲ့ အဆီးအတားတစ်ခု အနေနဲ့ အစာအိမ်အပေါ်ဖက်၊ esophageal sphincter ( အစာအိမ်ထဲကို ဝင်ခွင့်ပြုဖို့ အပိတ်အဖွင့်လုပ်ပေးတဲ့ ကြွက်သားကွင်း ) အောက်နား ကို ချည်ပေးတာပါ။ သူ့ကို Fundoplication လို့ ခေါ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement