တကယ်တော့ သားသားမီးမီးတွေအတွက် အာဟာရဓာတ် (Nutrient) ဟာ မိဘတွေပေးတဲ့ အကောင်းဆုံး ခွန်အားဖြစ်ပါတယ်။ အာဟာရဓာတ်ဟာ ရင်သွေးတွေ ဖွံ့ဖြိုးလာဖို့အတွက် ရုပ်ပိုင်းဆိုင်ရာမှာသာမက စိတ်ပိုင်းဆိုင်ရာအရလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ကလေးတွေဟာ အာဟာရပြည့်ဝတဲ့အစားအစာတွေထက် ပုံပန်းသဏ္ဍာန်အားဖြင့် နှစ်လိုဖွယ်အဆင်းရှိတဲ့ မုန့်တွေ၊ အဆာပြေအစားအစာတွေကို ပိုမိုနှစ်သက်တတ်ကြပါတယ်။ မိဘတွေအတွက်တော့ တစ်ခါတရံမှာ မိမိတို့ရဲ့ သားသားမီးမီးတွေကို အာဟာရပြည့်ဝတဲ့ အစားအစာမျိုးတွေ ကျွေးမွေးရတာဟာ လေဆန်မှာ တောင်တက်ရသလိုပါပဲ။ ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် စိတ်မပျက်ပါနဲ့ ဒါဟာ သားသားမီးမီးတွေရဲ့ အနာဂတ်မှာ ရေရှည်ဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အုတ်မြစ်တစ်ခုဖြစ်လို့ပါပဲ။
ရင်သွေးတွေအတွက် ပြည့်စုံကြွယ်ဝတဲ့ အာဟာရဓာတ်ရဖို့ ဘာကြောင့် အရေးကြီးတာလဲ
အာဟာရဓာတ်ဆိုတာက ဘယ်လိုအသက်အရွယ်မျိုးအတွက်မဆို အရေးပါတဲ့ သက်စောင့်ဓာတ်ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးတွေအတွက်ဆိုရင် ကိုယ်လက်ကြံ့ခိုင်စေဖို့၊ ကျန်းမာသန်စွမ်းစေဖို့နဲ့ ဖွံ့ဖြိုးကြီးထွားစေဖို့ အာဟာရဓာတ်တွေ မှန်ကန်စွာဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကလေးတွေကို ငယ်ရွယ်စဉ်မှာပဲ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ ကျွေးမွေးစောင့်ရှောက်ပြီး အာဟာရဆိုင်ရာ ဗဟုသုတတွေ နားလည်လာအောင် မျှဝေပေးတာဟာ ရင်သွေးရဲ့ ဘဝတစ်သက်တာအတွက် အကောင်းဆုံး အခြေခံအုတ်မြစ်ကို ချပေးလိုက်တာဖြစ်ပါတယ်။
ပြည့်စုံကြွယ်ဝတဲ့ အာဟာရဓာတ်နဲ့ မိခင်တစ်ယောက်ရဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုတွေကသာ ရင်သွေးတွေရဲ့ ဘဝတစ်လျှောက်လုံးစာအတွက် စစ်မှန်တဲ့ ခွန်အားနဲ့ ကောင်းမွန်တဲ့ အနာဂတ်တွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
ရင်သွေးတွေမှာ ဘယ်လို အာဟာရဓာတ်တွေ လိုအပ်သလဲ……
သားသားမီးမီးတွေအနေနဲ့ သူတို့လိုအပ်တဲ့ အာဟာရဓာတ်တွေကို မိခင်တွေက နေ့စဉ်ကျွေးမွေးတဲ့ အစားအစာတွေကနေ အဓိကရရှိပါတယ်။ မိခင်က မှန်ကန်သင့်လျော်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစားတွေကို ရွေးချယ်ကျွေးမွေးနိုင်မှသာ ရင်သွေးတွေဟာ လုံလောက်တဲ့ အာဟာရဓာတ်ပြည့်ဝစွာရရှိမှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။