ပဲနီလေး ဟင်းချိုလေးကို ဆီချက်နိုင်နိုင်လေးနဲ့ ချက်ထားတာ အတော်လေး စားကောင်းပါတယ်။ ဒီလိုပဲဟင်းချိုလေးကို ကလေး လူကြီးမရွေး ကြိုက်ကြပြီး အာဟာရကလည်း ပြည့်ပါတယ်။ ဒီလို ထမင်းမြိန်ပြီး အာဟာရပြည့်တဲ့ ပဲနီလေး ဟင်းချိုလေးကို ဘေဘီလေးကိုရော ကျွေးလို့ ရမလားဆိုပြီး သိချင်နေတဲ့သူတွေလည်း ရှိမယ် ထင်ပါတယ်နော်။ ဒါကြောင့် အခုတစ်ခေါက်တော့ မေမေတို့ သိချင်နေလောက်မယ့် ဘေဘီလေးကို ပဲနီလေး ဟင်းချို ကျွေးလို့ ရမလား! ဘေဘီလေးကို ပဲနီလေး ကျွေးပေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေကို ရနိုင်မလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။
  
 
 ပဲနီလေး ဆိုတာ
 ပဲနီလေး ဆိုတာက အနီရောင် ပဲစေ့ သေးသေးလေးတွေပါ။ ချက်လိုက်ရင်တော့ အဝါရောင် ဖျော့ဖျော့လေး အဖြစ်ပြောင်းသွားတတ်ပြီး အရသာက ချိုချိုဆိမ့်ဆိမ့်လေးပါ။ ဟင်းချို ချက်စားလို့ ရသလို ပဲနှပ်လိုလေး နှပ်စားလို့လည်း ရပါတယ်။
     ပဲနီလေးမှာ ဘယ်လိုအာဟာရဓာတ်တွေပါလဲ !
 ပဲနီလေး စားသုံးပေးရင်းရရှိမယ့် အာဟာရဓာတ်တွေက
        ဘေဘီလေးကို ပဲနီလေး ကျွေးလို့ ရမလား!
 ဘေဘီလေးက အသက် ၆ လပြည့်ပြီ။ အစားလည်း ကောင်းကောင်း စားတတ်ပြီဆိုရင် ပဲနီလေးကို ကျွေးပေးလို့ ရပါပြီ။ ပဲဟင်းချိုလေးပဲ ချက်ပြီးဖြစ်ဖြစ်၊ ပဲလေးကို ဆန်လေးနဲ့ ရောကြိုပြီး အသီးအရွက်လေးတွေနဲ့ ပြင်ဆင်ပေး တာမျိုးဖြစ်ဖြစ် လုပ်ဆောင်ပေးလို့ ရပါတယ်။ 
 ပဲနီလေးက ပရိုတင်းကို ပြည့်ပြည့်ဝဝ ရရှိစေပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထောက်ကူပေးနိုင်ပါတယ်။ 
 ဘေဘီလေးကို ပဲနီလေး ကျွေးပေးမယ်ဆိုရင်
   ဘေဘီလေးကို ပဲနီလေး ကျွေးပေးမယ်ဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေကို ရရှိစေမှာပါ။
 အစာကြေစေနိုင်တယ်
 ပဲနီလေးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပြီး အစာကြေစေဖို့ရော ဝမ်းမှန်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ကလေးမှာ လေထိုးလေအောင့်တာမျိုး ကင်းစေပြီး အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးမှာပါ။ ဒါကြောင့် ကလေးကို အစာခြေစနစ် ကျန်းမာစေဖို့အတွက် ကလေးကို ပဲနီလေး နည်းနည်းစီ ပြင်ဆင်ပေးပါ။ 
 ကိုယ်ခံအား ကောင်းစေနိုင်တယ်
 ပဲနီလေးမှာ ဇင့်ဓာတ် ပါဝင်နေပြီး ကိုယ်ခံအား ကောင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ကလေးကို အဖျားအနာ ကင်းစေပြီး ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးစေဖို့ ပဲနီလေးကို ပြင်ဆင်ပေးလို့ ရပါတယ်။ 
   ကောင်းကောင်းဖွံ့ဖြိုးစေတယ်
 ပရိုတင်းနဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ ပဲနီလေးက ကလေးရဲ့ ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးစေပြီး ဖောလိတ်ပါဝင်နေမှုက ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေကို ကျန်းမာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ 
 သံဓာတ် ပြည့်ဝစေတယ်
 ပဲနီလေးမှာ သံဓာတ် ကြွယ်ဝစွာ ပါဝင်နေပြီး သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်မှုကို ထောက်ကူပေးပြီး ကလေးမှာ သွေးအားနည်းတာမျိုး မဖြစ်စေဖို့နဲ့ သံဓာတ်ချို့တဲ့မှုကြောင့် အာရုံစူးစိုက်မှု အားနည်းတာ သင်ယူနိုင်စွမ်း ထိခိုက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
 အရိုးတွေ သန်မာစေတယ်
 ပရိုတင်းနဲ့ ကယ်လ်ဆီယမ် ပါဝင်နေတဲ့ ပဲနီလေးက အရိုးတွေကို သန်မာစေပြီး ကလေးကို အရိုးတွေ ကြံ့ခိုင်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အရိုးတွေ သန်မာပြီး ကလေးကို အသက်အရွယ်အလိုက် ထိုက်သင့်တဲ့ အရပ်ကို ရစေဖို့ဆိုရင် ပဲနီလေး ပြင်ဆင်ပေးလို့ ရပါတယ်။ 
  ဘာတွေ သတိထားရမလဲ!
 ပဲနီလေးက ကျန်းမာရေးအတွက် ကောင်းကျိုးများတယ်ဆိုပေမယ့် ကလေးကို ကျွေးတဲ့အခါ အများကြီး မကျွေးဘဲ နည်းနည်းချင်းစီ ပြင်ကျွေးပါ။ အကြောင်းကတော့ ပရိုတင်းနဲ့ အမျှင်ဓာတ် ပါဝင်မှု များတဲ့အတွက် အစာမကြေတာ မျိုး၊ လေထတာမျိုး ဖြစ်စေနိုင်လို့ပါ။
 ဘေဘီလေးက ၁ နှစ်အောက် ဖြစ်မယ်ဆိုရင်တော့ ပဲနီကလေးကို သေချာလေး ကြိတ်ခြေပြီး ပြင်ဆင်ပေးပါ။ ကလေးကို သီးတာမျိုး အစာနင်တာမျိုး မဖြစ်စေဖို့ပါ။ 
 ပုံမှန်အားဖြင့် ပဲနီလေးက ကလေးတွေအတွက် အန္တရာယ်ကင်းတယ်ဆိုပေမယ့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်စေနိုင်လားဆိုတာကို သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။ 
 # ပဲနီလေး ပြင်ဆင်ပေးတာက
 ဘေဘီလေးကို ပဲနီလေး ပြင်ဆင်ပေးတာက   - အစာကြေစေတယ်
- ကိုယ်ခံအား ကောင်းစေတယ်
- အရိုးတွေ သန်မာစေတယ်
- သံဓာတ် ပြည့်ဝစေတယ်
- ကလေးကို ဖွံ့ဖြိုးစေတယ်
 # ကျန်းမာပျော်ရွှင်တဲ့ သားသားမီးမီးလေးတွေ ဖြစ်စေဖို့
   [embed-health-tool-vaccination-tool]