backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သားသားမီးမီးတို့မှာ ဖြစ်တတ်တဲ့ အာရုံကြောဆိုင်ရာ ရောဂါများအကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သားသားမီးမီးတို့မှာ ဖြစ်တတ်တဲ့ အာရုံကြောဆိုင်ရာ ရောဂါများအကြောင်း

ဦးနှောက်ဆိုတာက လူသားတွေရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းမှာရှိတဲ့ အရေးပါပြီး ထိရှလွယ်တဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပေါ့။ အာရုံကြောဆိုင်ရာ ရောဂါတွေက ဦးနှောက်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေ တစ်ရပ်ရပ် ရှိနေတဲ့ သဘောပါ။ ဦးနှောက်မှာ မူမမှန်တဲ့ အခြေအနေတစ်ရပ်ရပ် ရှိနေတာကြောင့်  ဦးနှောက်အပေါ်မှာ မှီခိုလှုပ်ရှားနေတဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေမှာ ပြဿနာတွေ ရှိလာတာပါ။ ဒီတစ်ခေါက်တော့ သားသားမီးမီးတို့မှာ ဖြစ်တတ်တဲ့ အာရုံကြောဆိုင်ရာ ရောဂါများအကြောင်း လေ့လာကြည့်ရအောင်နော်။

ဦးနှောက် ဘယ်အချိန်မှာ စတင် ဖွံ့ဖြိုးသလဲ

ဦးနှောက်က  ဘေဘီလေး မေမေ့ဗိုက်ထဲမှာ ရှိတဲ့ အချိန်ကတည်းက စတင် ဖွံ့ဖြိုးတာပါ။ ဒီလိုကနေမှ အသက်အရွယ်လိုက် ဆက်လက်ဖွံ့ဖြိုးလာတာပဲ ဖြစ်ပါတယ်။ ဦးနှောက်စတင် ဖွံ့ဖြိုးကတည်းက ဦးနှောက်ဆဲလ်တွေက ပုံစံပေါ်အောင် ဖွံ့ဖြိုးပြီး ဖြစ်ပေမယ့် နောက်ပိုင်းမှ အာရုံကြောတွေနဲ့ ချိတ်ဆက်ဖွံ့ဖြိုးမှုက ပိုမိုကျယ်ပြန့်လာတာပါ။

သားသားမီးမီးတို့မှာ ဖြစ်တတ်တဲ့ အာရုံကြောဆိုင်ရာ ရောဂါများအကြောင်း

အာရုံကြောဆိုင်ရာ ပြဿနာတွေက အမျိုးမျိုးကွဲပြားစွာ တည်ရှိနေပြီး အကြောင်းတရားတွေလည်း များစွာ ရှိသလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေနဲ့ ရလဒ်တွေကလည်း အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အာရုံကြောဆိုင်ရာ ပြဿနာ အများစုက ဦးနှောက်နဲ့ ကျောရိုးမကြီး တစ်လျှောက်မှာ ဖြစ်ပေါ်ခံစားရတာပါ။

ဦးနှောက်နဲ့ ပင်မအာရုံကြောမကြီးတို့ ပါဝင်ဖွဲ့စည်းထားတဲ့ အာရုံကြောစနစ်က ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေ၊ ပုံရိပ်ဖမ်းယူပြီး ပုံရိပ်မြင်တာ၊ နားထောင်နိုင်စွမ်းတွေကို လုပ်ဆောင်ပေးပါတယ်။ အာရုံကြောဆိုင်ရာ ရောဂါတွေ ခံစားရတဲ့အခါ ထိခိုက်ခံစားရတဲ့ ဦးနှောက် အစိတ်အပိုင်းပေါ်ကို လိုက်ပြီး ခံစားရတဲ့ လက္ခဏာတွေနဲ့ အကျိုးဆက်တွေ ကွာခြားပါတယ်။

အာရုံကြော ထိခိုက်တာက လူတိုင်း အသက်အရွယ်တိုင်း ထိခိုက်နိုင်တယ်ဆိုပေမယ့် ငယ်စဉ် ထိခိုက်စမှ စောစီးစွာ သိရှိကုသမယ်ဆိုရင်  ရလဒ်ကောင်းနိုင်ပါတယ်။ အချို့သော အာရုံကြောဆိုင်ရာ ရောဂါတွေက သားသားမီးမီးတွေရဲ့ အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှု မှတ်တိုင်တွေကို ထိခိုက်စေနိုင်ပါတယ်။

ဦးနှောက် ထိခိုက်တာကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေအနေနဲ့ ကာလတိုပဲ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ရှိသလို ရေရှည်မှာ ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်တာမျိုးတွေလည်း ခံစားရနိုင်ပါတယ်။

တစ်ခါတလေမှာ ကလေးတွေမှာ မူးဝေတာ၊ အာရုံစိုက်ဖို့ ခက်တာလိုမျိုး လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ သားသားမီးမီးတွေမှာ ဖြစ်ပေါ်ခံစားရနိုင်တဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေကတော့ အများကြီးပါ။ ကလေးတွေမှာ အဖြစ်များတဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေက

  • အော်တစ်ဇင်ရောဂါ
  • အတက်ရောဂါ
  • ဦးနှောက်ချို့ယွင်းခြင်း
  • ဦးနှောက် ထိခိုက်မိခြင်း
  • ခေါင်းက မခံမရပ်နိုင်အောင် ကိုက်ခြင်း စတာတွေပါ။

ကလေးတော်တော်များများမှာ အာရုံကြောဆိုင်ရာ ရောဂါတွေ ခံစားနေရပေမယ့် လက္ခဏာမပြတာမျိုး ရှိနိုင်ပါတယ်။ အချို့သော အာရုံကြောဆိုင်ရာ ရောဂါတွေက လက္ခဏာ ပြပေမယ့် ကလေးတစ်ယောက်နဲ့ တစ်ယောက်မှာ မတူတာမျိုး ရှိနိုင်ပါတယ်။

သားသားမီးမီးတို့မှာ ဖြစ်တတ်တဲ့ အာရုံကြောဆိုင်ရာ ရောဂါများအကြောင်း

အာရုံကြောဆိုင်ရာ ရောဂါတွေ ဘာကြောင့်ဖြစ်

အာရုံကြောဆိုင်ရာ ရောဂါတွေက ဦးနှောက်နဲ့အာရုံကြောစနစ်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။ ( အထူးသဖြင့်တော့ ကျောရိုးမကြီးနဲ့ အာရုံကြောတွေမှာ ထိခိုက်တာပါ)။ ဒီလို ထိခိုက်မှုတွေက ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။

အပေါ်မှာ ပြောခဲ့သလိုပဲ ဦးနှောက်က ဘေဘီလေးတွေ သန္ဓေစတည်ကတည်းက ဖွံ့ဖြိုးလာတာပါ။ သန္ဓေသားကာလ တစ်လျှောက်လုံးရော မွေးဖွားပြီးချိန်မှာလည်း အသက်အရွယ်အလိုက် ဖွံ့ဖြိုးလာပါတယ်။ အာရုံကြောဆဲလ်တွေက မမွေးဖွားခင်အချိန်ကတည်းက ဖွံ့ဖြိုးနေတာပါ။ အာရုံကြောဆဲလ်တွေ တစ်ခုခုနဲ့ တစ်ခုကြားမှာ ချိတ်ဆက်မှုတွေက ထရီလျံနဲ့ချီပြီး ရှိပါတယ်။

ဦိးနှောက်ထဲမှာ

  • Gray matter
  • White matter ဆိုပြီး ၂ မျိုး ပါဝင်နေပါတယ်။

ဦးနှောက်ထဲက အာရုံကြောဆဲလ်လေးတွေက

  • အထိအတွေ့တွေကို သိရှိစေဖို့
  • အနံ့တွေကို ခွဲခြားတတ်စေဖို့
  • အမြင်အာရုံကို သိရှိနိုင်စေဖို့
  • အရသာကို ခံစားသိရှိနိုင်ဖို့နဲ့
  • အကြားအာရုံကို သိရှိနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဒီအာရုံခံစားမှုတွေက ဦးနှောက်ထဲက အာရုံကြောဆဲလ်လေးတွေကို အချင်းချင်း ချိတ်ဆက်မိစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။

အာရုံကြောဆိုင်ရာ ရောဂါတွေ ခံစားနေရတဲ့အခါမျိုးမှာ ဦးနှောက်နဲ့ အာရုံကြောမှာ ထိခိုက်မှုတွေ ဖြစ်စေတာကြောင့်

  • လှုပ်ရှားမှုပြဿနာ
  • အာရုံခံစားသိရှိမှု ပြဿနာ
  • ချိတ်ဆက်လုပ်ဆောင်မှု ပြဿနာ
  • အမြင်အာရုံ
  • အကြားအာရုံ
  • အတွေးအခေါ်ပိုင်း
  • စိတ်ခံစားမှုပိုင်းတွေမှာ ပြဿနာတွေ ရှိနိုင်ပါတယ်။

အာရုံကြောဆိုင်ရာ ရောဂါတွေက ကျယ်ပြန့်လွန်းပြီး အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် အာရုံကြောရောဂါတွေကို ခံစားရနိုင်သလို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေနဲ့ အကျိုးဆက်တွေကိုပါ ခံစားရနိုင်ပါတယ်။ အချို့သော အခြေအနေတွေက ဘဝတစ်လျှောက်လုံး ထိခိုက်ခံစားရတာမျိုးလည်း ရှိပါတယ်။

လက္ခဏာတွေကလည်း အာရုံကြောရောဂါ အမျိုးအစားကို လိုက်ပြီး ကွဲပြားမှုရှိပါတယ်။ ဒီလို လက္ခဏာတွေထဲမှာ

  • ရုပ်ပိုင်းဆိုင်ရာ ထိခိုက်တာ
  • အသိအမြင်ပိုင်းဆိုင်ရာ ထိခိုက်တာ ( အတွေးအခေါ်ပိုင်း ထိခိုက်တာ)
  • စိတ်ခံစားမှုပိုင်း ထိခိုက်တာ
  • အပြုအမူပိုင်းဆိုင်ရာ ထိခိုက်တာမျိုးတွေ ရှိနိုင်ပါတယ်။
  • အချို့သော အခြေအနေတွေမှာ  လက္ခဏာ တစ်မျိုးမက စုပြီး ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာ –  ဦးနှောက်ချို့ယွင်းတာကြောင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ထိခိုက်တာမျိုးပါ။ ADHD ဆိုရင် အပြုအမူပိုင်းမှာ ပိုပြီး ထိခိုက်တာမျိုး ရှိနိုင်ပါတယ်။

များစွာသော အာရုံကြောဆိုင်ရာ ရောဂါတွေက  ကလေးဖွံ့ဖြိုးမှု အစောပိုင်းကာလတွေမှာ စပြီး လက္ခဏာတွေ ပေါ်လာပါတယ်။ အချို့သော လက္ခဏာတွေက မွေးကတည်းက စပြီး သိရှိနိုင်တာ ဖြစ်ပါတယ်။ အချို့လက္ခဏာတွေကတော့ မွေးဖွားပြီး ကာလနည်းနည်းကြာမှ တွေ့ရတာမျိုး ရှိပါတယ်။ မြင်သာတဲ့ လက္ခဏာတွေ အနေနဲ့

  • ကလေးက ဖွံ့ဖြိုးမှု နှေးတာပါ။ ကြီးထွားမှုမှာ နှောင့်နှေးနေတာမျိုးပါ (အော်တစ်ဇင် လိုမျိုးပေါ့)
  • ထိခိုက်စေနိုင်တဲ့ ကူးစက်မှုတွေ ( ဦးနှောက်အမြှေးရောင်လိုမျိုးပေါ့)
  • မတော်တဆ ဦးနှောက် ထိခိုက်တာ ( လေဖြတ်တာ၊ ဦးခေါင်းထိခိုက်တာမျိုးပေါ့)

အာရုံကြောရောဂါ အများစုက မွေးရာပါ ဖြစ်တာပါ။ ဆိုလိုတာကတော့ ကလေးမွေးကတည်းက ပါလာတာကို ဆိုလိုတာပါ။ အချို့ကတော့ မွေးဖွားပြီး နောက်ပိုင်းကာလမှ စပြီး အစပျိုးလာတာပါ။

မျိုးဗီဇကြောင့်လည်း အာရုံကြောဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ကလေးတွေဟာ ပုံမှန်အားဖြင့်ကတော့ မိဘတွေဆီက မျိုးဗီဇတွေကို လက်ခံရပါတယ်။ ဒီလိုဆိုတာနဲ့ မျိုးဗီဇပြောင်းလဲမှု အမြဲတစေ မိဘတွေကြောင့်လို့ပဲတော့ ဆိုလို့ မရပါဘူး။ ဒီအခြေအနေကို de novo (အသစ်ဖြစ်ပေါ်ခြင်း) လို့ ခေါ်ပါတယ်။

လူသားတွေရဲ့ ဆဲလ်တစ်ခုကို ခရိုမိုဆုမ်း ၄၆ ခု (၂၃ စုံ) နဲ့ ဖွဲ့စည်းထားပြီး ကလေးတွေက မေမေ့ဆီက တဝက် နဲ့ ဖေဖေ့ဆီက တစ်ဝက် လက်ခံ ရရှိတာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement