backup og meta

သင့်ကလေးကိုအစာအမာများမကျွေးခင်သင်သိသင့်သောအချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကိုအစာအမာများမကျွေးခင်သင်သိသင့်သောအချက်များ

    သင့်ကလေးကို အစာအမာကျွေးခြင်းသည် သင့်ကလေး၏ အသက်ပထမတစ်နှစ်တွင် စိတ်လှုပ်ရှားစရာကောင်းသောမှတ်တိုင်တစ်ခုဖြစ်သည်။ အစာအမာများ ပထမဆုံးစကျွေးခြင်းသည် ကမ္ဘာပေါ်တွင်ရှိသောအရသာမျိုးစုံကို စတင်စမ်းသပ်ခွင့်ရဖို့ ကနဦးအစပင်ဖြစ်သည်။

    မည်သည့်အချိန်တွင်ကလေးကိုအစာအမာ စတင်ကျွေးသင့်သနည်း။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနှင့် အမေရိကန်ကလေးဆရာဝန်များ အဖွဲ့အစည်းသည် ကလေးများကို လေးလနှင့်ခြောက်လအတွင်းတွင် အစာအမာများ စတင်ကျွေးသင့်ကြောင်း အကြံပြုထားပါသည်။ ထိုအချိန်ကတည်းကပင် ကလေး၏အစာချေစနစ်သည် အစာမျိုးစုံကိုချေရန် လုံလောက်စွာ ဖွံ့ဖြိုးနေပြီဖြစ်သည်။ အချို့ကိစ္စရပ်များတွင် သင်သည် ကလေးကို အနည်းငယ်နောက်ကျပြီးမှ အစာအမာကိုစတင်ကျွေးနိုင်သည်။ (ခုနစ်လ ပတ်ဝန်းကျင်)။ အရမ်းအစောကြီး အစာအမာစတင်ကျွေးခြင်းသည် မကောင်းပါ။ အဘယ်ကြောင့်ဆိုသော် သင့်ကလေးသည် ဓါတ်မတည့်ခြင်း တုံ့ပြန်မှုများနှင့်တွေ့ကြုံနိုင်ရသောကြောင့် သို့မဟုတ် အသက်ကြီးလာလျှင် အဝလွန်ခြင်းနှင့် ဆက်စပ်နိုင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း အသက်ရှစ်လ၊ကိုးလအထိ အစာအမာ မကျွေးခြင်းသည် နောက်ကျသည်ဟု ပြောနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရွယ်တွင် အစာစားသည့် အလေ့အကျင့်ကို ပြောင်းလဲရ ခက်ခဲလာသောကြောင့်ဖြစ်ပါသည်။ သင့်ကလေးသည် ခေါင်းထောင်နိုင်ပြီး မိဘများ၏အကူအညီနှင့် ထိုင်နိုင်မည်ဆိုလျှင် အစာအမာများစားရန် အဆင်သင့်ဖြစ်နေပါပြီ။ ကလေးသည် အစားအစာကို စိတ်ဝင်စားကြောင်းပြလိမ့်မည်။ ပါးစပ်ထဲမှ လည်ပင်းထဲအထိအစာကိုမျိုချနိုင် နေပြီဖြစ်သည်။

    အသားများ၊ ပဲတောင့်ရှည်များ၊ ဟင်းသီးဟင်းရွက် များနှင့်အားဖြည့်ထားသော စီရီယယ်လ်များကို အဓိကကျွေးပါ။ အသားသည် မိခင်နို့ကို အားဖြည့်ပေးမည် အရာတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိခင်နို့တွင် ပါဝင်မှုအလွန်နည်းပါးသော သံဓါတ်နှင့် ဇင့်ဓါတ်ပမာဏများစွာ ပါဝင်သောကြောင့်ဖြစ်သည်။ သို့သော်လည်းပဲ မိဘများသည် ကလေးများအတွက် အသားကိုစောစောစီးစီးစတင်သင့်သော အရာမဟုတ် ဟုအထင်လွဲတတ်ကြသည်။

    ဥနှင့်ငါးများကိုလည်း ကျွေးသင့်သည်။ ပဲတောင့်ရှည်သည် အသားဓါတ်ပရိုတင်းနှင့် သံဓါတ်ပါဝင်သည်။ သင့်ကလေးကို ပဲနီလေး၊ ပဲတောင့်ရှည်များကိုလည်း ကျွေးသင့်သည်။ သစ်သီးများသည် ကလေးငယ်များကို အာဟာရများစွာမပေးပါ။ သို့သော်လည်းသစ်သီးများတွင် ရေဓါတ်နှင့် သကြားဓါတ်များစွာပါဝင်သည်။ သင်သည် တစ်နေ့လျှင် အာဟာရဖြည့်စွက်ထားသော စီရီယယ်လ် နှစ်ပွဲကျွေးခြင်းဖြင့် သင့်ကလေးကို လုံလောက်သော သံဓါတ်ဖြည့်စွက်ပေးပါ။ ချိစ့်၊ဒိန်ချဉ် ကဲ့သို့သော နို့ထွက်ပစ္စည်းများကို ပမာဏ ကန့်သတ်ပြီး ကလေးကိုကျွေးပါ။ သုတေသနပြုလုပ်ချက်များအရ မိခင်ကိုယ်ဝန်ဆောင်စဉ်အခါ စားခဲ့သော အစားအစာများကို ကလေးက မှတ်မိနေလေ့ရှိသည်ဟုဆိုကြပါသည်။ဥပမာဆိုရသော် နို့တိုက်စဉ်ကာလ သို့မဟုတ် ကလေးမွေးကာနီးနောက်ဆုံးသုံးလတွင် မုန်လာဥဖျော်ရည်သောက်သော မိခင်များ၏ကလေးများသည် သုံးလမှဆယ်လခန့်ရောက်သောအခါတွင် ရေထက်မုန်လာဥဖျော်ရည်နှင့်ပြုလုပ်သော စီရီယယ်လ်ကိုပိုမိုနှစ်ခြိုက်တတ်ကြသည်ဟု တွေ့ရှိရသည်။ သို့သော် မိခင်ပန်းဂေါ်ဖီစိမ်းကြိုက်တိုင်း ကလေး ပန်းဂေါ်ဖီစိမ်းကြိုက်ရမည်ဟု အာမခံထားခြင်းမျိုးတော့မရှိပါ။ သင်သည် အမျိုးအစားစုံလင်ပြီး ကျန်းမာရေးနှင့်ပိုမိုညီညွတ်သော အစားအစာများရွေးချယ်လေလေ ပိုမိုကျန်းမာသောကလေးလေး ဖြစ်လာနိုင်လေလေဖြစ်သည်။

    သင့်ကလေးကို မည်မျှစားချင်သလဲဆိုသည်ကို ကလေးကိုယ်တိုင်ဆုံးဖြတ်ပါစေ။

    သင့်ကလေးကို အချိန်အနည်းငယ်အတွင်းမှာ အစားအစာအမျိုးုအစားများစွာဖြင့် လွှမ်းမိုးရန်မကြိုးစားပါနှင့်။ အစားအစာတစ်မျိုးကို အနည်းဆုံး သုံးရက်ကြာကျွေးပါ။ ဤနည်းအားဖြင့် သင်သည်သင့်ကလေးကို အစားအစာများနှင့် ပတ်သက်ပြီး စိတ်မရှုပ်ထွေးစေသလို ဓါတ်မတည့်ခြင်း စသောအစားအစာနှင့်ပတ်သက်သော ပြဿနာများတစ်စုံတစ်ရာရှိခဲ့လျှင်လည်း ချက်ချင်းသိရှိနိုင်မည်ဖြစ်သည်။ ပမာဏမည်မျှစားမည်ဆိုသည်ကို ကလေးကိုယ်တိုင်ဆုံးဖြတ်ပါစေ။ ကလေး၏ခန္ဓါကိုယ်တွင် ဗိုက်ဆာခြင်း၊ ဗိုက်ပြည့်ခြင်း ကို ပုံမှန်ဖြစ်စေသောစနစ်ရှိပြီးသောကြောင့် ကယ်လိုရီမည်မျှလိုအပ်သည် မည်မျှစားသင့်သည်ဆိုသည်ကို ကလေးကိုယ်တိုင်သိပါလိမ့်မည်။ ကလေးကိုအတင်းကျွေးခြင်း၊ ခြောက်ခြင်းတို့ဖြင့် အစားအစာကိုပိုစားစေခြင်းသည် ကောင်းသောအကြံဉာဏ်မဟုတ်သကဲ့သို့နောက်ပိုင်းတွင် လည်းပိုမိုပြင်းထန်သော အစားအသောက်နှင့် ပတ်သက်သည့်ပြဿနာများ ဖြစ်ပေါ်စေနိုင်ပါသည်။

    ကလေးများသည်တစ်ယောက်နှင့်တစ်ယောက်မတူညီပါ။ ထို့ကြောင့် အစားအစာများကို တုံ့ပြန်ပုံသည်လည်း ကွဲပြားပါလိမ့်မည်။ သင်သည် သင့်ကလေးကို အစာမြန်မြန်စားဖို့၊ များများစားဖို့ဖိအားမပေးပါနှင့်။ စိတ်ရှည်လက်ရှည်နှင့် နည်းမှန်လမ်းမှန် ညွှန်ပြခြင်းသည်သာ ကလေးများကို အစာမာစကျွေးချိန်တွင် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement