backup og meta

ကလေးကို မကျွေးသင့်သော အစားအစာများ

ကလေးကို မကျွေးသင့်သော အစားအစာများ

ကလေးတွေဟာ နုနယ်ပြီး အထိအခိုက်မခံနိုင်ပါဘူး။ သူတို့ ခန္ဓါကိုယ်လေးဟာ ပတ်ဝန်းကျင်နဲ့ အပြည့်အဝ အသားမကျသေးပါဘူး။ ဒါကြောင့် ကလေးတွေကို အရေးတယူနဲ့ ကာကွယ်မှုပေးရပါမယ်။ နည်းလမ်းတွေထဲက တစ်ခုကတော့ ကလေးတွေကို အောက်တွင်ဖော်ပြထားသော မတည့်တဲ့ အစားအစာတွေ မကျွေးခြင်းဘဲဖြစ်ပါတယ်။

ပျားရည်

ပျားရည်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ Clostidium botulinum လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ သူက ကလေးတွေကို ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေကိုတော့ ဒီဘက်တီးရီးယားတွေက ဘေးဥပါဒ်မဖြစ်စေနိုင်ပါဘူး။ လမ်းလျှောက်တတ်စ ကလေးတွေမှာ ကိုယ်ခံအားစနစ်က ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်လောက်အောင် မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် အသက်တစ်နှစ်မပြည့်သေးတဲ့ ကလေးတွေကို ပျားရည်မတိုက်ကျွေးသင့်ပါဘူး။

ဆား

လမ်းလျှောက်တတ်စကလေးတွေ ဆားများစွာပါတဲ့ အစားအစာကိုစားမိပါက သူတို့ရဲ့ကျောက်ကပ်တွေဟာ နဂိုထက်ပို၍အလုပ်လုပ်ကြရပါတယ်။ ဒါ့အပြင် အသက်ကြီးလာချိန်တွင်လည်း ငန်တဲ့အစားအစာတွေကို စားတတ်တဲ့အလေ့အကျင့် ရသွားတတ်ပါတယ်။ ထိုအခါ သွေးတိုးရောဂါ၊ နှလုံးသွေးကြောနှင့်ဆိုင်သောရောဂါများ ဖြစ်နိုင်ချေများလာပါတယ်။ မိဘတွေအနေနဲ့ အသက်တစ်နှစ်မပြည့်သေးသော ကလေးတွေကို အငန်ဓါတ်ပါတဲ့အစားအစာတွေဖြစ်တဲ့ ကြက်ဥချောင်း ဝက်ဆားနယ် ပုစွန်ခြောက်တွေ မကျွေးမိအောင် သတိထားသင့်ပါတယ်။

သကြား

သကြားပါတဲ့ အစားအစာတွေကို ကန့်သတ်ချက်နဲ့ပဲ ကျွေးသင့်ပါတယ်။ သကြားက ကလေးရဲ့သွားတွေကို ပျက်စီးစေရုံမက သွားနဲ့ဆိုင်တဲ့ ပြဿနာမျိုးစုံကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သကြားပါတဲ့ အစားအစာတွေဖြစ်တဲ့ ဘီစကစ် သစ်သီးများနဲ့ ရေခဲမုန့်တို့ကို ကျွေးခြင်းမှရှောင်ကြဉ်ရပါမယ်။

သစ်သီးဝလံများ

အချို့ကလေးတွေမှာ ကီဝီသီး၊စတော်ဘယ်ရီသီး ၊ ခရမ်းချဉ်သီး ၊ လိမ္မော်သီးနဲ့ ရှောက်သီးကဲ့သို့ ချဉ်တဲ့အသီးတွေကြောင့် ဓါတ်မတည့်ခြင်း ဖြစ်ပွားတတ်ပါတယ်။ နူးညံ့ပြီးဝင်းမှည့်နေတဲ့ ငှက်ပျောသီး ၊သရက်သီး ၊ ထောပတ်သီးနဲ့ ပန်းသီးတွေက ကျွေးဖို့သင့်တော်တဲ့ အသီးတွေဖြစ်ပါတယ်။ ကလေးတွေလည်း ခံတွင်းတွေ့ နှစ်ခြိုက်ကြမှာပါ။

နွားနို့

အသက်တစ်နှစ်အောက်ကလေးတွေကို နွားနို့မတိုက်သင့်ပါဘူး။ ကလေးတွေရဲ့ အစာခြေစနစ်က နွားနို့မှာပါတဲ့ အင်ဇိုင်း(ဓါတ်ကူပစ္စည်း )နဲ့ ပရိုတိန်း (အသားဓါတ် ) တို့ကို မချေဖျက်နိုင်ပါဘူး။ နွားနို့ဟာ ကလေးရဲ့ကျောက်ကပ်ကိုပါ ပျက်စီးစေနိုင်ပါတယ်။ နို့ဘူးနဲ့ မတူတာက နွားနို့မှာပါဝင်တဲ့ ကယ်လိုရီနဲ့ ဗီတာမင်ပမာဏက အလွန်နည်းပါးပါတယ်။ ဒါကြောင့် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် မသင့်လျော်ပါဘူး။

အခွံမာပါသော ပင်လယ်စာများ

ဂဏန်း၊ ပုစွန်၊ ဂုံးကောင်ကဲ့သို့ ပင်လယ်စာအများစုဟာ ကလေးတွေမှာ ဓါတ်မတည့်မှု အလွယ်တကူ ဖြစ်စေပါတယ်။ အနည်းဆုံး အသက် ၉ နှစ် ပြည့်ပြီးတဲ့ ကလေးတွေကိုသာ ပင်လယ်စာ စကျွေးသင့်ပါတယ်။ ကလေးတွေကို ပင်လယ်စာမကျွေးမီမှာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါမှ မိသားစုထဲမှာ ပင်လယ်စာနဲ့ ဓါတ်မတည့်တဲ့သူ ရှိမရှိ သေချာသိနိုင်မှာပါ။

တိရစ္ဆာန်တွေရဲ့အသည်း

အသည်းမှာ ဗီတာမင်အေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်အေက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကိုယ်ခံအားစနစ်အတွက် အလွန်အရေးကြီးပါတယ်။ ဒါပေမယ့် အသည်းမှာ အဆိပ်အတောက်တွေရှိနေပြန်တယ်။

အကြောင်းမှာ အသည်းက တစ်နေ့တာ စားသောက်လိုက်တဲ့အစာနဲ့ လှုပ်ရှားမှုတွေက ရရှိလာတဲ့အဆိပ်အတောက်တွေကို ခန္ဓါကိုယ်မှ ဖယ်ရှားပေးရလို့ ဖြစ်ပါတယ်။ ဒါကြောင့် အသည်းမှ အဆိပ်အတောက်များ ကုန်စင်သွားအောင် ကျက်အောင်ချက်ပြုတ်ပြီးမှပဲ စားသောက်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသပေးခြင်များ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Checklist: 10 Foods You Shouldn’t Feed Baby.
http://www.parents.com/baby/health/allergy/foods-not- to-give- baby/. Accessed on December 8, 2016

– Can Babies Eat Liver?. http://homemade-baby- food-recipes.com/can- babies-eat- liver. Accessed on December 8, 2016

ယခုပုံစံ

10/08/2022

Phyo Wai Yan မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မေမေတို့မေးချင်နေမယ့် အကျိုးပြုဘက်တီးရီးယား နဲ့ပတ်သက်တဲ့ မေးခွန်းအချို့

ကိုယ့်ကလေးကို ချစ်ရင် အချိုစာတွေ လျှော့ကျွေးပါ



Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement