ကလေးအများစုက အစာထွေးထုတ်ခြင်း၊ ကျွေးနေကျမဟုတ်တဲ့အစာတွေကို စားဖို့ငြင်းဆန်ရန်ကြိုးစားခြင်း၊ အချို့အချိန်တွေမှာ အစားစားဖို့ငြင်းခြင်းစတဲ့ အစားနဲ့ဆိုင်တဲ့ပြဿနာတွေ ခံစားရနိုင်ပါတယ်။ သာမန်ဖြစ်ရိုးဖြစ်စဉ်အနေနဲ့သာ ကြည့်တတ်ကြပြီး ကလေးနေမကောင်းဖြစ်နေတယ်လို့ မမြင်တတ်ကြပါဘူး။ ကလေးက အချိန်အတော်ကြာ အစားကိုစိတ်မဝင်စားဘဲ အစာတွေ အရည်တွေကို ငြင်းနေမယ်ဆိုရင် သတိပြုရမယ့်ပြဿနာတွေရှိနေနိုင်ပါတယ်။
ကလေးအစားကျွေးမရခြင်းပြဿနာရဲ့ လက္ခဏာများ
အစားကျွေးမရတဲ့ကလေးတွေမှာ လက္ခဏာအတော်များများပြတတ်ပါတယ်။ တစ်ယောက်ချင်းစီက သက်ဆိုင်ရာအခြေအနေနဲ့ အစားကျွေးမရခြင်းပြဿနာအပြင်းအထန်ပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
အစာကျွေးမရတဲ့ကလေးငယ်တွေရဲ့ လက္ခဏာတွေက
- အစာကျွေးနေစဉ် နောက်ကျောနဲ့ ကိုယ်တစ်ကိုယ်လုံး ကုန်းနေခြင်း
- အစားကျွေးနေချိန် စိတ်ဝင်စားမှုမရှိခြင်း
- အစာအစာ၊ အရည်တွေကို ငြင်းဆန်ခြင်း
- အရောင်အဆင်းကွဲသွားတဲ့ အစာတွေကို ငြင်းဆန်ခြင်း
- အစားစားချိန်ကြာလွန်းခြင်း
- အစားဝါးရခက်ခြင်း
- နို့ဘူး ဒါမှမဟုတ် နို့တိုက်ရခက်ခြင်း
- အစားစားနေစဉ် ချောင်းဆိုးခြင်း၊ ပျို့ခြင်း
- သွားရည် တမြားမြားကျခြင်း
- အစားစားနေစဉ်၊ အရည်သောက်နေစဉ်တွင် အသက်ရှူခက်ခြင်း
- ထွေးထုတ်ခြင်း၊ အော့အန်ခြင်း
- အဆုတ်ရောင်ရောဂါ ဒါမှမဟုတ် အသက်ရှူလမ်းကြောင်းကူးစက်ပိုးပြန်ထခြင်း
- ကိုယ်အလေးချိန် လျော့လာခြင်း သို့ ကြီးထွားမှုနှေးခြင်း
အစာကောင်းကောင်းမစားရခြင်းအတွက် ကုသမှုများ
အစာကျွေးနည်းများ
- အစားပြောင်းကျွေးခြင်း
- အစားအစာ အရောင်အဆင်း ပြောင်းလဲခြင်း
- ကိုယ်နေဟန်ထား အပြောင်းအလဲများ
- အမူအကျင့်ဆိုင်ရာ ထိန်းကွပ်ပေးခြင်း နည်းလမ်းများ
- ပါးစပ် ကြွက်သားတွေသန်မာစေတဲ့ ပါးစပ်လေ့ကျင့်ခန်းများ
- လျှာလေ့ကျင့်ခန်းနဲ့ အစားဝါးခြင်းလေ့ကျင့်ခန်းများ
- အရောင်အဆင်းမတူတဲ့ အစားအမျိုးမျိုးကျွေးခြင်း
- နို့စိုခြင်းတိုးတက်စေရန် နည်းလမ်းကောင်းများ
- ကလေးကောင်းကောင်းမျိုချနိုင်ဖို့ အစာအပျော့အမာ၊ အရည်အပျစ်အကျဲအပြောင်းအလဲများ
အရေးပေါ်အခြေအနေ ညွှန်ပြချက်များ
အစာကျွေးမရတာခြင်းက ပြင်းထန်တဲ့နောက်ဆက်တွဲတွေဖြစ်နိုင်တာကြောင့် ပေါ့ပေါ့လေးမထားသင့်ပါဘူး။
သင့်ကလေးကျန်းမာရေးအခြေအနေကို အပြည့်အဝအာရုံထားသင့်ပါတယ်။ အောက်ပါအချက်တွေထဲက တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် နီးစပ်ရာကျန်းမာရေးအကူအညီတောင်းသင့်ပါတယ်။
- 100*Fအထက် အဖျားကြီးခြင်း
- အစားစားပြီးအန်ခြင်း
- ချောင်းဆိုးခြင်းကြာရှည်လာခြင်း၊ ပိုဆိုးလာခြင်း
- အငိုမရပ်ခြင်း
- သွေးဝမ်းသွားခြင်း
- တရွီရွီမြည်ခြင်း
- အထိအတွေ့ကိုမသိခြင်း
ကလေးငယ်ကိုစောင့်ရှောက်ရတာက စိတ်ရှည်တတ်ဖို့၊ သင်ယူတတ်ဖို့နဲ့ အတွေ့အကြုံတွေ လိုအပ်တဲ့အလွန်ခက်ခဲတဲ့အလုပ်တစ်ခု ဖြစ်ပါတယ်။ သင့်ကလေးရဲ့ကျန်းမာပျော်ရွှင်တဲ့ဘဝအတွက် အကောင်းဆုံးအဖြေ၊ ကုသမှု၊ အကြံဉာဏ်ရဖို့ ဆရာဝန်နဲ့တိုင်ပင်ဖို့ မတုံ့ဆိုင်းပါနဲ့။
[embed-health-tool-baby-poop-tool]