brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

ဇန်နဝါရီလ ဆိုတာက နှစ်တစ်နှစ်တဲ့ ပထမဆုံးသော လလေးတစ်လပါ။ နှစ်တစ်နှစ်တာရဲ့ အစဖြစ်သလို ဆုံးဖြတ်ချက်အသစ်တွေ၊ ကတိကဝတ်အသစ်တွေနဲ့ အသစ်အသစ်သောအရာတွေကို ချမှတ်လုပ်ဆောင်ကြတဲ့ လလေးတစ်လပါ။ ဒီလို အသစ်အသစ်တွေကို လုပ်ဆောင်ကြတဲ့ ဇန်နဝါရီလမှာ မွေးဖွားထားတဲ့ ဘေဘီလေးက ဘာတွေများ ထူးခြားနေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့

  • သူတို့လေးတွေက ရယ်ရွှင်ဖွယ်ရာ ကလေးလေးတွေပါ
  • ဇန်နဝါရီလမှာ မွေးဖွားတဲ့ ကလေးလေးတွေက အတော်လေးကို ရယ်စရာတွေ ဖန်တီးနိုင်ကြပါတယ်။ သူတို့နဲ့နေရင် ဘယ်တော့မှ မပျင်းရပါဘူး။ ဇန်နဝါရီလဖွား ကလေးလေးတွေက ကိုယ်တိုင်လည်း ပျော်ပျော်ရွှင်ရွှင်နေတတ်သလို နှစ်လိုဖွယ်ကောင်းတဲ့ ကလေးလေးတွေပါတဲ့။ အခြားသူတွေကိုလည်း ပျော်ရွှင်စေဖို့ လုပ်ဆောင်ပေးပါတယ်တဲ့။

    • အပြုသဘောရှိကြတယ်

    ဇန်နဝါရီလဖွား ဘေဘီလေးတွေက အခြားလဖွား ကလေးလေးတွေထက်စာရင် အပြုသဘောဆောင်ကြပါတယ်။ သူတို့လေးတွေက ဆောင်းရာသီရဲ့ လတစ်လဖြစ်တဲ့ ဇန်နဝါရီလလိုမျိုး အေးမြတဲ့လမှာ မွေးဖွားတာကြောင့် ကလေးရဲ့ အပြုအမူလေးတွေက အေးမြပြီး အပြုသဘောဆောင်ပါတယ်။ တော်တော်လေး အနေအထိုင် အေးသလို ဟန်ဆောင်မှုလည်း ကင်းကြပါတယ်။

    • တီထွင်ဖန်တီးဉာဏ် ကောင်းကြတယ်

    ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေ​ဘီလေးတွေက စိတ်ကူးဉာဏ်ရင့်သန်ကြသလို တီထွင်ဖန်တီးမှုစွမ်းအားလည်း ကောင်းကြပါတယ်။ ကလေးက ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း မြင့်သလို ပဟေဠိတွေကို ဖြေရှင်းနိုင်စွမ်းလည်း ကောင်းကြပါတယ်။ ဇန်နဝါရီဖွားလေးတွေက အနာဂတ်မှာ တီထွင်ဖန်တီးဉာဏ်ကောင်းလွန်းတဲ့သူလေးတွေ ဖြစ်လာကြမှာပါ။

    • ဆရာဝန်လောင်းလျာလေးတွေ၊ အကြွေးသိမ်းလောင်းလျာလေးတွေပါ

    ဘေဘီလေးက ဇန်နဝါရီလမှာ မွေးဖွားတာဆိုရင်တော့ ကလေးက အရွယ်ရောက်လာချိန်မှာ ဆရာဝန် နဲ့ အကြွေးသိမ်းလောင်းလျာလေးတွေပါ။ ကလေးကို အခြားသော အသက်မွေးဝမ်းကျောင်းတွေနဲ့ ကြီးပြင်းစေချင်တယ်ဆိုရင်တော့ မျှော်လင့်ချက်ကို ပြောင်းလိုက်ဖို့ လိုပါပြီနော်။

    • ရဲရင့်ပြီး အမှီအခို ကင်းကြတယ်

    ဇန်နဝါရီဖွားလေးတွေက ငယ်ငယ်ကတည်းက အမှီအခို ကင်းကြတာကို မြင်တွေ့ရမှာပါ။ နောက်တစ်ချက်က ဇန်နဝါရီလဖွားလေးတွေက ရဲလည်း ရဲရင့်ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ ကိစ္စအဝဝကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းရှိကြပါတယ်။ ဇန်နဝါရီလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေက ကိုယ့်အားကိုယ်ကိုးပြီး ရဲရင့်ကြတဲ့သူလေးတွေပါ။ အမှီအခို ကင်းကြသလို အခြားသူတွေရဲ့ ထိန်းချုပ်မှုတွေကို မနှစ်သက်ကြပါဘူး။

    • ကျော်ကြားမှုအတွက် ရည်မှန်းချက် ရှိကြသူတွေပါ

    ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေက ကျော်ကြားဖို့ ရည်မှန်းချက် ရှိကြသူတွေပါ။ ကျော်ကြားမှုကိုလည်း နှစ်သက်ကြသလို ကျော်ကြားဖို့လည်း ကြိုးစားကြသူတွေပါ။

    • ခေါင်းဆောင်ဖို့ လိုလားကြသူတွေပါ

    ဇန်နဝါရီလဖွားလေး ဘေဘီလေးတွေက ဦးဆောင်မှုကို လုပ်ဆောင်ဖို့ လိုလားကြသူတွေပါ။ သူတို့တွေက အားလုံးကို လွှမ်းမိုးဖို့ ကြိုးစားကြသူတွေပါ။ သူတို့လေးတွေဟာ သူငယ်ချင်းတွေကြားမှာရော မိသားစုဝင်တွေထဲမှာပါ ဦးဆောင်ဦးရွက် ပြုတတ်ကြတဲ့သူတွေပါ။

    • လျှို့ဝှက်တတ်ကြသူလေးတွေပါ

    ဇန်နဝါရီလဖွားလေးတွေက လျှို့ဝှက်ချက်များကြသူတွေပါ။ သူတို့တွေက ကျိုးကြောင်းဆီလျော်ပြီး လက်တွေ့ကျကျ နေထိုင်တတ်ကြသူတွေဖြစ်သလို လျှို့ဝှက်သင့်တာတွေကိုလည်း လျှို့ဝှက်တတ်ကြပါတယ်။ သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို အခြားသူတွေကို မပြောပြတတ်ကြသလို သူတို့ကို ပြောပြထားတဲ့ အခြားသူတွေရဲ့ လျှို့ဝှက်ချက်ကိုလည်း ကောင်းကောင်း ထိန်းထားတတ်ကြသူလေးတွေပါ။

    ဇန်နဝါရီလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/12/2024 ဖြစ်ပါသည်။