backup og meta

သင့်ကလေးအား ဂီတကို ချစ်မြတ်နိုးစေရန် ပြုစုပျိုးထောင်ခြင်း

သင့်ကလေးအား ဂီတကို ချစ်မြတ်နိုးစေရန် ပြုစုပျိုးထောင်ခြင်း

မိဘများအနေဖြင့် ကျွန်ုပ်တို့အားလုံးသည် ကိုယ်ကလေးကို လိမ္မာရေးခြား ရှိစေချင်၊ ပါရမီတစ်ခုခု ပါစေချင်ကြသည်။ အနည်းဆုံး တန်ဖိုးရှိအသုံးဝင်သော လူတစ်ယောက် ဖြစ်လာစေ ချင်ကြသည်။ အချို့မိဘများသည် သူတို့ကလေးများအား ပန်းချီဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း စသည်တို့နှင့် ရင်းနှီးစေ ကြသည်။ အချို့မှာ အားကစားတစ်ခုခုနှင့် ရင်းနှီးကျွမ်းဝင် စေသည်။ ဂီတဆိုရင်ရော? သင့်ကလေးအား ဂီတကို ချစ်မြတ်နိုးအောင် ဘယ်လို ပြုစုပျိုးထောင်မလဲ။

အသံတွေအကြောင်း ပထမဆုံးသင်ကြားပေးပါ။

ဂီတသည် ပတ်ဝန်းကျင်မှာ ရှိသည့် ရိုးရှင်းသော အရာတွေစီမှ လာတယ်ဆိုတာကို သင့်ကလေးအား သိပါစေ။ အိမ်အပြန်လမ်း တွင် သင့်ကလေးအား ထရပ်ကားများ၏ အသံကို စက္ကန့် အနည်းငယ် ပေးနားထောင်ပါ။ မီးဖိုချောင်ထဲတွင် ချက်ပြုတ် နေစဉ် သစ်သီးဖျော်စက်မှ ဆူညံသံကို သင့်ကလေးအား သတိထား နားထောင်ခိုင်းကြည့်ပါ။

ကဗျာဆန်ဆန်ဆိုလျှင် သင့်ကလေး အား မနက်စောစောထ၍ ငှက်ကလေးများ ချိုသာစွာ တွန်ကြူးသံကို နားထောင်စေကြည့်ပါ။ ထိုသို့ နားထောင်စေခြင်းသည် ကလေးများ၏ နားကို သံစဉ်အမျိုးမျိုးနှင့် ရင်းနှီးစေ၍ ထိုသံစဉ်များအပေါ်တွင် စူးစမ်းလိုစိတ်၊ စိတ်ဝင်စား စိတ်များကို ဖြစ်ပေါ်စေပါသည်။

သင့်ကလေးအား သီချင်းဆိုပြပါ။

သင်သီချင်းဆို မကောင်းရင်တောင်မှ သင့်ကလေးအား တေးသွားများကို ဆက်ဆိုပြနေပါ။ သင့်ကလေးသည် သင်တို့ အဆို ဘယ်လောက်ကောင်းတယ် ဆိုတာကို ဂရုမစိုက်ကြပါ။ တေးသံကို နှစ်သက်ရုံသာ နှစ်သက်ကြသည်။ သင့်အသံကို နားထောင်တိုင်းမှာ သင့်ကလေးတွင် သင်နှင့် နီးကပ်လာသလို ခံစားရပြီး ဂီတကို ချစ်မြတ်နိုးလာအောင် သင့်အနေဖြင့် စွမ်းဆောင်နိုင်ပါသည်။

သင့်ကလေးကို သားချော့တေးများကို ဆိုပြပါ။ အသက်ကြီးလာလျှင် ကစားစရာကားများမှ ဟာသသီချင်းမျိုးကို ဆိုပြပါ။ တူရိယာတစ်ခုခု တီးပြနိုင်သော အခြေအနေသို့ ရောက်လာလျှင် သင့်အနေဖြင့် တတ်နိုင်သမျှ များများလုပ်လာနိုင်ပါသည်။ ဤသို့ပြုလုပ်ခြင်းများသည် သင့်ကလေးအား ဂီတချစ်မြတ် နိုးစိတ်ကို ပြုစုပျိုးထောင်ပေးရာ ရောက်သည့်အပြင် ချစ်ခြင်း မေတ္တာ ပြသရာလည်း ရောက်ပါသည်။

ဖြစ်နိုင်လျှင် သီချင်းကို အတူတူဆိုပါ။ အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို ဖွင့်ပြီး သင့်ကလေးနှင့် အတူတူဆိုပါ။ မိသားစုဝင် များများနှင့် ဆိုလေ ပို၍ ပျော်စရာကောင်းလေ ဖြစ်သည်။ ဤသို့ ပြုလုပ်ခြင်း များသည် သင့်ကလေးအား ပျော်ရွှင်ကြည်နူးနေချိန်၌ သီချင်း များနှင့် ထိစပ်ပေးသည့်အတွက် ဂီတမြတ်နိုးစိတ်ကို ပိုမိုမြှင့်တင် ပေးရာ ရောက်ပါသည်။

သီချင်းများကို သင်ထောက်ကူပစ္စည်းအဖြစ် သုံးပါ။

ကိန်းဂဏန်းများ၊ အက္ခရာများ သင်ရာ၌ ပျင်းရိဖွယ် သင်ခန်းစာများအစား စိတ်ဝင်စားဖွယ်ဖြစ်အောင် သီချင်းများဖြင့် သင်ကြားပေးပါ။ ယခုအခါ သင်ကြားမှုများ၌ သီချင်းများကို သုံးလာကြ၍ တကယ်လည်း အလုပ်ဖြစ်ပါသည်။ ဤနည်းဖြင့် အလုပ်နှစ်ခုကို တစ်ခါတည်း ပြီးမြောက်စေပါသည်။ သင့်ကလေးသည် ဗဟုသုတများကို လွယ်ကူလျှင်မြန်စွာနှင့် ကြာရှည်မြဲမြံစွာ မှတ်မိ၍ ဂီတကိုလည်း ပိုမိုခင်တွယ်လာပါလိမ့်မည်။

ဂီတပွဲများသို့ သွားရောက်ဆင်နွှဲပါ။

ဂီတပွဲတစ်ခုခု၌ သွားရောက်နားထောင်ခြင်းသည် ထိုသီချင်းကိုပင် အိမ်၌ နားထောင်ခြင်းနှင့် ကွဲပြားသော အတွေ့အကြုံကို ရရှိစေပါသည်။ ဂီတပွဲရှိ ပတ်ဝန်းကျင်၊ တုန်ခါမှုများ၊ ပရိသတ်၏ အားပေးမှုများသည် သင့်ကလေး ဂီတမြတ်နိုးမှုကို များစွာသက်ရောက်စေပါသည်။ လျှပ်စစ်ပစ္စည်းများမှ တစ်ဆင့် မဟုတ်ဘဲ လူကိုယ်တိုင် ဂီတကို ခံစားပျော်ရွှင်ခွင့် ရရှိစေပါသည်။ ပွဲတော်များ၊ ဂီတ band များ၊ လမ်းပေါ်တီးဝိုင်းများမှ ဖျော်ဖြေမှု အားလုံးတို့သည် အလားတူ သက်ရောက်စေပါသည်။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to raise a child who loves music https://www.babycenter.com/child/activities-and-play/how-to-raise-a-child-who-loves-music_64199 Accessed April 21, 2017

Music lessons may boost IQ and grades https://www.apa.org/monitor/jun06/iq Accessed April 21, 2017

Music and intelligence: Do music lessions improve cognitive skills? https://parentingscience.com/music-and-intelligence/ Accessed April 21, 2017

How to raise a child who loves music (ages 5 to 8) https://www.babycenter.com/child/activities-and-play/how-to-raise-a-child-who-loves-music-ages-5-to-8_66820 Accessed April 21, 2017

HOW TO RAISE A CHILD TO LOVE MUSIC https://parentology.com/how-to-raise-a-child-to-love-music/ Accessed April 21, 2017

ယခုပုံစံ

10/08/2022

Dr. Zin Wai Yan Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သီချင်းများနှင့်လူ သို့မဟုတ် ဂီတကုထုံး

ရေချိုး နေစဉ် သီချင်းဆိုခြင်းကြောင့် ရလာနိုင်မယ့် အကျိုးကျေးဇူးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement