backup og meta

မျှဝေပါ။

သင့်ကလေးငယ် သင့်ကိုချစ်ကြောင်းသိရှိနိုင်တဲ့ နည်းလမ်း ၇ သွယ်

အမှန်တော့ သင်ဖြတ်သန်းခဲ့ရတဲ့ အိပ်ပျက်ညတွေ ပင်ပန်းနာကျင်ခဲ့ရတဲ့မီးဖွားမှုတွေအဆုံးမှာ သင့်ကလေးငယ်လေးက သင်မျှော်လင့်နေခဲ့တဲ့ပုံစံကိုတော့ ပြပေးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သင်နဲ့ ကလေးရင်းနှီးလာတာနဲ့အမျှ သင်တို့ကြားမှာ သံယောဇဉ်တွယ်လာတာကပြီး ဒါဟာ ‘ချစ်ပါတယ်’လို့ အကျယ်ကြီးပြောလိုက်တာထက် အများကြီးပိုသိသာတာကိုတွေ့ရပါလိမ့်မယ်။ ဒီလိုသံယောဇဉ်တွယ်လာခြင်းက တိုးတက်လာခြင်းတစ်မျိုးပါ။ သင့်ကလေးက သင့်ဂရုစိုက်မှုတွေခံစားလာရတာနဲ့အမျှ တစ်နေ့ထက် တစ်နေ့သင့်ကို ပိုပိုချစ်လာပြီး သူတို့နည်းသူတို့ဟန်နဲ့ ကျေးဇူးတင်စကားပြောကြပါလိမ့်မယ်။

သင့်ကလေးငယ် သင့်ကိုချစ်ကြောင်းသိရှိနိုင်တဲ့ နည်းလမ်း ၇ သွယ်

သင့်မျက်လုံးထဲကိုစိုက်ကြည့်မယ်

ကလေးလေးတွေဟာ မျက်နှာတွေကိုလိုက်ကြည့်ရတာ နှစ်သက်တတ်ပြီး သင့်မျက်နှာကတော့ သူတို့ရဲ့ပထမဆုံးဦးစားပေးပေါ့။ စောင့်ရှောက်သူတွေဆီက ချစ်ခြင်းနဲ့ အာရုံစိုက်မှုတွေကိုဆွဲဆောင်ယူနိုင်မယ့် ထိုခံစားချက်အပြည့်နဲ့ အကြည့်တွေဟာ မွေးရာပါပင်ကိုယ်ဗီဇတစ်မျိုးပါ။ ကလေးတွေရဲ့ ထိုအကြည့်တွေဟာ သူတို့ဘဝအတွက် သင့်အရေးပါမှုကိုသိရှိလာတဲ့အတွက် သင့်အတွက်သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေ အစပေါ့။

သူတို့သိတဲ့သင့်ကိုယ်ရနံ့

ကလေးလေးတွေဟာ သူတို့ကိုစောင့်ရှောက်နေသူတွေကို ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ သိရှိမှတ်မိပြီး ထိုသူတွေက သူတို့လေးတွေရဲ့ ဦးစားပေးတွေဖြစ်လာပါတယ်။ မွေးပျံ့နေတဲ့နှင်းဆီပန်းတွေနဲ့ သင့်ရဲ့ချွေးနံ့ နို့နံ့ရနေတဲ့အင်္ကျီကို ယှဉ်ရင် သူတို့ဟာသင့်အင်္ကျ ီ ကိုပဲ အမြဲတမ်းရွေးချယ်ကြပါလိမ့်မယ်။ တစ်ပတ်သားလေးတွေတောင်မှ သူတို့မိခင်နို့စိုနေတဲ့ရင်ခံစကို လှမ်းဆွဲတတ်ပါတယ်။ ကလေးလေးတွေအတွက် သူတို့မေမေရဲ့ ကိုယ်သင်းနံ့ထက် ပိုချိုမြိန်တာမရှိတော့ပါဘူး။

အပြုံးလေးတွေ

တချို့တွေက ကလေးငယ်လေးတွေရဲ့အပြုံးဟာ မရည်ရွယ်ဘဲ အလိုအလျောက်ဖြစ်ပေါ်ခြင်းတစ်ခု သက်သက်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ လတ်တလောလေ့လာမှုတွေအရ မွေးကင်းစကလေးငယ်ရဲ့ အပြုံးဟာ ထို့ထက် အဓိပ္ပါယ် ပိုပါတယ်။ သင့်ကလေးငယ်ဆီက ပထမဆုံးစစ်မှန်ပြီး တောက်ပတဲ့အပြုံးရလိုက်ရတဲ့အချိန်ဟာ အမတန်လှပတဲ့အခိုက်အတန့်လေးပါ။ ဒါဟာ သူတို့နည်းသူတို့ဟန်နဲ့ ‘မေမေ့ကိုချစ်တယ်’ လို့ပြောခြင်းပါ။ ကလေးအသက် ၆ပတ်နဲ့ ၈ပတ်လောက်မှာ မေမေတို့ရဲ့နေ့ရက်တွေကို တောက်ပသွားစေမယ့် သူတို့ရဲ့ပထမဆုံး အပြုံးစစ်စစ်ကိုသင်တွေ့ရပါလိမ့်မယ်။

တီတီတာတာ စကားတွေ

ကလေးလေးတွေရဲ့ အစောဆုံးတီတီတာတာသံလေးတွေက သင် ဒါမှမဟုတ် သူတို့ကိုစောင့်ရှောက်ပေးတဲ့ အခြားသူတွေ ကို ရည်ရွယ်ပြောဆိုနေတာပဲဖြစ်ပါတယ်။ ကလေးတွေက စတင်စကားပြောရာမှာ သူတို့ကိုယ်သူတို့စပြောတာမဟုတ်ဘဲ သူတို့ရဲ့အစောဆုံးဘာသာစကားက သင်နဲ့အဆက်အသွယ်ပြုလုပ်ခြင်းပါ၊ ဒါကြောင့် သူတို့ကိုပြန်ဆော့ကစားပေးပါ။ သင်တို့နှစ်ယောက်စလုံးက တကယ့်စကားပြောခြင်းအတွက် အစပျိုးနေတာပါ။

အနားမှာရှိစေချင်ကြတယ်

ကလေးငယ်ရဲ့ပထမဆုံးခြောက်လမှာ သူတို့ဟာ သင်မရှိရင် မပျော်တာကိုတွေ့ရမှာပါ၊ သင်အခန်းထဲကထွက်သွားတာနဲ့ ရှုံ့မဲ့ငိုကြွေးကြပြီး သင်ပြန်လာရင်သူတို့ကျေနပ်သွားတာ ပြုံးသွားတာတွေ့ရပါလိမ့်မယ်။ ဒါဟာ သူတို့ရဲ့သင့်အပေါ်တွယ်တာလာမှုကို ပြပါတယ်။

သင့်အာရုံတွေကို စိတ်ဝင်စားတယ်

အပန်းဖြေရက်ညနေခင်းက လှပတဲ့မီးဆိုင်းလေးတွေဖြစ်ပါစေ၊ ညစ်ပတ်နေတဲ့အဝတ်ပုံကြီးဖြစ်ပါစေ၊ သင်ကဂရုတစိုက် အာရုံကျနေရင် သင့်ကလေးလေးလည်း အာရုံလိုက်စိုက်နေတာကိုတွေ့ရမှာပါ။ အသက်၉လ၊ ၁၂လ အရွယ်လောက်လေးမှာတင် သူတို့ဟာ သင်နဲ့အာရုံတူတူရှိတယ်ဆိုတဲ့ အပြုအမူလေးတွေလုပ်လာတတ်ကြပါတယ်။ ဒါဟာ သင့်ကလေးငယ်က သင့်ဘက်မှာရှိကြောင်းနဲ့ သင့်အာရုံကိုသူတို့တန်ဖိုးထားကြောင်းပြနေတာပါ။

အကာအကွယ်တစ်ခုလို

တစိမ်းတစ်ယောက် ရုတ်တရတ်ကြီးရောက်လာတဲ့အခါ ကလေးလေးက သင့်ရင်ထဲခေါင်းတိုးလိုက်တာကို အံ့သြမသွားပါနဲ့။ ဒါဟာဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး ထိုကဲ့သို့သင့်ဆီကနေ ကာကွယ်မှုယူတယ်ဆိုတာ သူတို့သင့်ကိုချစ်ပြီး သင်ဟာသူတို့ကိုကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်နေတာကို ပြပါတယ်။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Signs Your Baby Loves You
http://www.parenting.com/gallery/signs-baby- loves-you?page=0
Accessed: March 23 2017

7 signs that your child loves you
https://www.babycenter.com/0_7-signs- that-your- child-loves- you_10327319.bc#articlesection1

 

ယခုပုံစံ

10/08/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement