backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Urticaria (အင်ပျဉ်ထခြင်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Hello Sayarwon မှ ရေးသားသည်။ · 12/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Urticaria (အင်ပျဉ်ထခြင်း) ကဘာလဲ။

ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခု သို့မဟုတ် တစ်နေရာထက်ပိုပြီး ပျံ့သွားနိုင်တဲ့ ယားယံစေတဲ့အဖုအပိမ့်ကြီးဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ အသက်အန္တရာယ်မပေးနိုင်ပေမဲ့ ညအိပ်ချိန်(သို့ ) တစ်နေ့လုံးမသက်မသာခံစားရနိုင်ပါတယ်။

Urticaria (အင်ပျဉ်ထခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များပါတယ်။ မိန်းမတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြာင်းတွေကိုရှောင်ခြင်းဖြင့် မဖြစ်အောင်ကာကွယ်နိုင်ပါတယ။်

ယာယီအင်ပျဉ်ထခြင်း ကအဖြစ်များတယ်။ လူ ၅ယောက်မှာတစ်ယောက် ဖြစ်နိုင်ချေရှိပါတယ်။ နာတာရှည် အင်ပျဉ်ထခြင်း ကတော့အဖြစ်နည်းပါတယ်။ ကလေးတွေ၊အသက်၃၀နဲ့ ၆၀ကြား အမျိုးသမီတွေ၊ ဓါတ်မတည့်တဲ့ ရောဂါရှိဖူးသူတွေမှာ ပိုတွေ့ရတတ်ပါတယ်။

လက္ခဏာများ

Urticaria (အင်ပျဉ်ထခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့ဲ့လက္ခဏာတွေကတော့

  • မျက်နှာကိုယ်လုံး၊ လက်မောင်း၊ ခြေထောက်တွေအပေါ်မှာ အနီရောင်အဖြူရောင်အစင်းရာများ
  • အရွယ်အစားပုံစံအမျိုးမျိုးရှိတဲ့အရှိုးရာများ
  • ယားယံခြင်း
  • ဒီလက္ခဏာတွေက မကြာမကြာပြန်ဖြစ်တတ်ပြိးတော့ ကာလကို ခန့်မှန်းလို့မရနိုင်ပါဘူး လနဲ့ နှစ်နဲ့ချီပြိးတော့လည်း ကြာနိုင်ပါတယ်။

    အထက်မှာဖော်ပြခဲ့တဲ့အထဲမှာမပါတဲ့ အခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ သင့်မှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေလားဆိုပြီး စိုးရိမ်နေတယ်ဆိုရင် ဆရာဝန်နဲ့သွားပြ ဆွေးနွေးသင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    အောက်ဖော်ပြပါအခြေအနေတွေမှာ သွားပြသင့်ပါတယ။်

    • နှစ်ရက်အတွင်းမသက်သာခဲ့ရင်
    • ပြင်းထန်ရင်
    • စိတ်သောကဖြစ်စေရင်
    • နေ့စဉ်လုပ်ငန်းဆောင်တာတွေကို နှောင့်ယှက်လာခဲ့ရင်
    • အခြားလက္ခဏာတွေနဲ့တွဲဖြစ်ခဲ့ရင်
    • ကုသမှုကြောင့်မသက်သာဘူးဆိုရင်

    အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် အရေးပေါ်ကုသမှုခံယူသင့်ပါတယ်။

    • မူးဝေနေမယ်ဆိုရင်
    • ရင်ဘတ်နေအောင့်လာမယ် အသက်ရှူကျပ်လာမယ်ဆိုရင်
    • လျှာတွေလည်ချောင်းတွေ ရောင်လာမယ်ဆိုရင်

    အကြောင်းရင်းများ

    Urticaria (အင်ပျဉ်ထခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    အချို့သောဆဲလ်တွေက ဟစ်စ်တမင်း (Histamine) နဲ့ အခြားသောပစ္စည်းတွေ သွေးထဲကိုထုတ်လွှတ်လိုက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

    ဖြစ်နိုင်ခြေများ

    Urticaria (အင်ပျဉ်ထခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ။

    အောက်ပါအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။

    • ကျား/မ(မိန်းမတွေမှာဖြစ်နိုင်ချေ နစ်ဆပိုများ ပါတယ်)
    • အသက်(ငယ်ရွယ်သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။)

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Urticaria (အင်ပျဉ်ထခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    ကိုယ်ခန္ဓါပိုင်းစမ်းသပ်မှုတွေ မေးခွန်းတွေကတစ်ဆင့် အဖြေထုတ်နိုင်ပါတယ်။ သင်ဘာတွေလုပ်လဲ ဘာဆေးတွေသောက်လ ဲ (ဆေးဖက်ဝင်တိုင်းရင်းဆေး၊ဖြည့်စွက်ဆေး) ဘာတွေစားလဲ ဘယ်အချိန်တွေမှာစပေါ်တာလ ဲ ဘယ်လောက်ကြာလဲ စတာတွေသိဖို့လိုပါတယ်။ သေချာချင်ရင် သွေးစစ်ဆေးခြင်းတွေ ဓါတ်မတည့်မှုဆိုင်ရာစစ်ဆေးခြင်းတွေ လိုပါလိမ့်မယ်။

    Urticaria (အင်ပျဉ်ထခြင်း) ကို ဘယ်လိုကုသပါသလဲ။

    ရက်ကြာကြာဖြစ်နေတာမဟုတ်ဘုူးဆိုရင် ကုသမှုမလိုတတ်ပါဘူး။ ဟစ်စ်စတမင်းကိုတားတဲ့ဆေး (Antihistamine) တွေက သက်သာစေနိုင်ပါတယ်။ စတီးရွိုက်ဆေးတွေကိုလည်း အခြေအနေဆိုးနေမယ်ဆိုရင် ယာယီသုံးနိုင်ပါတယ။်

    ဖြစ်ရတဲ့အကြာင်းရင်းတွေကိုကုသတာက ပိုအရေးကြီးပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးတွေက အင်ပျဉ်ထခြင်း ကိုကုသရာမှာ ဘယ်လိုအထောက်အကူပေးသလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံနဲ့အိမ်သုံးကုထုံးတွေက အင်ပျဉ်ထခြင်းကိုကုသရာမှာ နဲ့ လိုက်လျောညီထွေဖြစ်အောင်နေရတဲ့နေရာတွေမှာ အကူအညီပေးပါတယ်။

    • ပေါ့ပါးချောင်ချိတဲ့အဝတ်အစားကို ဝတ်ဆင်ခြင်း

    • ကုတ်ခြင်းနဲ့

    ဆပ်ပြာအပြင်းစားတွေ အသုံးပြုခြင်းကို ရှောင်ခြင်း

    • ဖြစ်တဲ့နေရာကို ရေ၊ ရေအေးဝတ်၊ အေးမြစေတဲ့လိုးရှင်းလိမ်းပေးခြင်း၊ ယပ်ခတ်ပေးခြင်း

    • ဘယ်နေရာ ဘယ်အချိန်မှာဖြစ်တာလဲ သင်ဘာတွေလုပ်လဲ ဘာတွေစားလဲ စတာတွေကိုမှတ်ထားခြင်း

    • ဖြစ်စေနိုင်တဲ့အကြာင်းတွေကိုရှောင်ခြင်း

    သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာက အကောင်းဆုံးပါပဲ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Hello Sayarwon မှ ရေးသားသည်။ · 12/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement