backup og meta

ကလေးများသူတို့ရဲ့ပါးစပ်ထဲသို့မထည့်သင့်သောအရာများ

ကလေးများသူတို့ရဲ့ပါးစပ်ထဲသို့မထည့်သင့်သောအရာများ

ကလေးများဟာ သူတို့ရဲ့ပါးစပ်ထဲသို့ဘာကြောင့် ပစ္စည်းများထည့်လေ့ရှိကြသလဲ။

တစ်ခုခုကိုစုပ်နေခြင်းဟာ ကလေးအများစုကို သက်တောင့်သက်သာရှိစေပြီး နွေးနွေးထွေးထွေးရှိတယ်လို့ ခံစားရစေပါတယ်။ သူတို့မိခင်ရဲ့သားအိမ်ထဲတွင်ရှိနေစဉ်ကပင် သူတို့ရဲ့လက်မများကို စုပ်နေလေ့ရှိကြပါတယ်။

မွေးဖွားပြီးတဲ့အခါမှာလည်း သူတို့ကို အာဟာရရှိစေရန် သူတို့ရဲ့မိခင်များဆီမှ နို့ချိုတိုက်ကျွေးပြုစုခြင်းခံရသောကြောင့် ဒီလိုစုပ်လေ့ရှိတဲ့အလေ့အကျင့်ဟာ ဆက်လက်ရှင်သန်ကြီးထွားလာပါတယ်။

ကလေးများဟာ ကြီးထွားလာတာနှင့် အမျှ ( အထူးသဖြင့် အရာဝတ္ထုများကို ကိုင်ဆုပ်ဖို့လက်များ ကြီးထွားလာပြီးတဲ့အချိန်ဖြစ်တဲ့အသက်၆ လမှ ၁၂ လအရွယ်အတွင်းတွင်) သူတို့ကိုသူတို့ တည်ငြိမ်၍ လုံခြုံစိတ်ချမှုကိုခံစားရစေရန် သူတို့ရဲ့ပါးစပ်ထဲကိုအရာဝတ္ထုများ ထည့်တတ်ကြပါတယ်။

ပါးစပ်ထဲသို့ပစ္စည်းများထည့်ခြင်းဟာ ကလေးတွေရဲ့စူးစမ်းလေ့လာလိုစိတ်နဲ့ပစ္စည်းအမျိုးမျိုးကို အရသာခံ၍လေ့လာပြီး ကမ္ဘာကြီးကိုနားလည်ချင်သော ဆန္ဒများကိုညွန်ပြနေသောကြောင့် ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။

ကလေးများ သူတို့ရဲ့ပါးစပ်ထဲသို့မထည့်သင့်သောအရာများ။

စားစရာလို့မထင်တဲ့အရာများကိုတော့ သင့်ကလေးဟာ ပါးစပ်ထဲကိုထည့်မှာမဟုတ်ပါဘူး။ အရာအားလုံးဟာ အန္တရာယ်မရှိပေမယ့် ကလေးများအတွက်ကျန်းမာရေးနှင့် ပတ်သတ်ပြီး စိတ်ချရစေရန် ကလေးများနှင့် ဝေးဝေးထားသင့်သောအရာများ ရှိပါတယ် ။ ထိုအရာအများစုကတော့….

– အင်းစက်များနှင့် ပရိုတိန်းဓါတ်နှင့် အာဟာရပြည့်ဝသော အစားအစာများ ။

အင်းစက်များဟာ လူမျိုးပေါင်းစုံရဲ့အစားအစာထဲမှာပါဝင်နေပါတယ်။ သို့သော်လည်း အင်းစက်တိုင်းဟာအန္တရာယ်မကင်းပါဘူး။ အဆိပ်အိတ်များပါဝင်တဲ့ကင်းမြီးကောက်နှင့် ပင့်ကူကဲ့သို့အင်းစက်များဟာ အစာအဆိပ်သင့်ခြင်း နှင့် သေခြင်းအထိပင်ဖြစ်ပွားစေနိုင်ပါတယ်။ ဓါတ်မတည့်ခြင်းများဟာလည်း နောက်ထပ်စဉ်းစားစရာတစ်ခုပါပဲ။ ပရိုတိန်းဓါတ်ပါဝင်တဲ့အစားအစာများဟာ ဓါတ်မတည့်ခြင်းများကို ဖြစ်ပွားစေနိုင်ပါတယ် ။ အကယ်၍ သင့်ရဲ့ကလေးဟာ အခွံမာငါးများတွင်ပါဝင်တဲ့ပရိုတိန်းနှင့် ဓါတ်မတည့်ဘူးဆိုလျှင်တော့ အခြား အင်းစက်များကိုလည်းမစားစေတာအကောင်းဆုံးပါပဲ။

– အပင်များနှင့် ဥယျာဉ်ထဲရှိ အညစ်အကြေးများ ။

သဲများ ၊အညစ်အကြေးများ ၊ရွှံများဟာ အရသာမရှိတာတော့ သေချာပါတယ်။ ဒါပေမယ့် သင့်ရဲ့စပ်စုတတ်တဲ့ကလေးဟာ သူတို့ရဲ့ထူးခြားတဲ့အနံ့နဲ့အရသာကြောင့် တစ်ခါထက်ပိုစားမိနိုင်ပါတယ်။

သင့်ရဲ့ကလေးကိုမြေကြီးဟာ ပိုးသတ်ဆေးပေါင်းစုံ၊ဓါတုပစ္စည်းများ ၊ ကပ်ပါးကောင်များ နှင့် တိရိစ္ဆာန်အညစ်အကြေးများ နှင့် ညစ်ညမ်းနေ၍ ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ နှင့် ပြင်းထန်သည့်ဝေဒနာများ ဖြစ်သည့်ပန်းနာရင်ကျပ်နှင့် အမြင်အာရုံချို့တဲ့ခြင်းများအထိပင်ဖြစ်နိုင်သည့်အကြောင်းရှင်းပြ၍ မြေကြီးများကို မစားရန် ဆုံးမရပါမယ်။

ကလေးများဟာ မြေကြီးပေါ်ကိုပြုတ်ကျသောအစားအစာများကိုလည်း သူတို့ကိုပြန်လည်ဆေးကြောပြီးသည့်တိုင်အောင် မစားသင့်ပါဘူး။ အချို့အပင်အမျိုးအစားများဟာလည်း အဆိပ်သင့်စေနိုင်ပါတယ်။ အဆိပ်မသင့်တဲ့အရာများဖြစ်တဲ့မြက်များ သစ်ရွက်များသည်ပင် လည်ပင်းတွင်တစ်ဆို့ခြင်းများကိုဖြစ်စေနိုင်ပါတယ် ။

– အရာဝတ္ထုတစ်ခုရဲ့ခွဲခြားထားသောပစ္စည်း အသေးလေးများ ။

ကြယ်စိ သို့ အရုပ်ရဲ့အစိတ်အပိုင်းသေးသေးလေးများဟာ ဆိုလျှင်ပင်ကလေးရဲ့အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ခြင်းများဖြစ်စေနိုင်ပါတယ်။ ညွှန်ကြားထားသောဆေးများ ၊ ဘတ်ထရီလေးများ၊သံလိုက်များနှင့် ဒင်္ဂါးပြားများဟာ သူတို့မှာပါဝင်တဲ့ဓါတုပစ္စည်းများကြောင့် အထူးအန္တရာယ်ရှိပါတယ်။

လစ်သီယမ်ပါဝင်တဲ့ဘတ်ထရီများဟာ သူတို့ကို အသုံးပြုပြီးသား ဖြစ်နေလျှင်တောင် တစ်ကြိမ်မြိုချမိလိုက်ပြီးသည်နှင့် အစာအိမ်မှအက်စစ်က ထိုအရာကို အာနိသင်များထွက်စေပြီး ခန္ဓါကိုယ်ထဲရှိ အင်္ဂါအစိတ်အပိုင်းများကို ပျက်ဆီးစေပါတယ်။ ဒါကြောင့် မိဘတိုင်းဟာ ဘတ်ထရီအပျက်များကိုအမြဲတမ်းစွန့်ပစ်ရန်လိုပြီး အရာဝတ္ထုတိုင်းရဲ့ဘတ်ထရီအစိတ်အပိုင်းများကို သေသေချာချာသိမ်းဆည်းထားရန်လိုအပ်ပါတယ်။

အကယ်၍ကလေးဟာ မကောင်းတဲ့အရာတစ်ခုခုကိုမြိုချမိလျှင်ဘာလုပ်သင့်သလဲ။

အဆိပ်သင့်နိုင်တဲ့အရာတစ်ခုကိုမြိုချမိသူအတွက်အကောင်းဆုံးအဖြေကတော့ ဖြစ်နိုင်သမျှကျန်းမာရေးကူညီမှုများကို ရှာဖွေရန်ပဲဖြစ်ပါတယ်။ လူနာကိုဆေးကုသရာတွင်အချိန်မကြာစေဘူးဆိုလျှင်ကျန်းမာရေးခွဲခြမ်းစိတ်ဖြာမှုများပြုလုပ်နိုင်ရန် မြိုချမိတဲ့ပစ္စည်းနမူနာကို ယူထားသင့်ပါတယ်။

အကယ်၍ သင့်ရဲ့ကလေးဟာ မြိုချမိလိုက်တဲ့လက္ခဏာများ ခံစားနေရလျှင် ကလေးကို စိတ်ဖိစီးမှုများ မပေးရပါ။ ပါးစပ်ကို ဆေးကြောရန်ညွှန်ကြားထားစဉ်မှာ အရာဝတ္ထုကိုကျသွားစေနိုင်မယ့် မည်သည့်အရည်မဆို မြိုမချမိစေရန် သတိထားကြရပါမယ်။

Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ရောဂါရှာဖွေခြင်းနှင့်ကုသခြင်းတို့ကို မပြုလုပ်ပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  • Ask Dr. Sears: That’s One Mouthy Baby! http://www.parenting.com/article/ask-dr-sears-thats-one-mouthy-baby Accessed February 2, 2017
  • Things toddlers shouldn’t put in their mouths http://www.webmd.boots.com/children/guide/things-toddlers-not-put-in-mouths Accessed February 2, 2017

Children Swallowing Dangerous Objects or Eating Things They Shouldn’t http://www.keepyourchildsafe.org/child-safety-book/kids-swallowing-dangerous-objects.html Accessed February 2, 2017

ယခုပုံစံ

10/08/2022

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement