ဗျည်းသံများကို ရေးနိုင်သည် သူတို့ရေးသောစကားလုံးများကို နားလည်သည် ပုံပြင်တစ်ပုဒ်ကို နားလည်လွယ်သော ဇာတ်ကွက်ဖြင့် အသေးစိတ် ရေးနိုင်သည် အသက် ၁၃ နှစ်ပြည့်ပြီး ကလေးများသည် အောက်ပါတို့ကို တတ်သင့်သည်။
- သဒ္ဒါ၊ စာလုံးပေါင်းနှင့် ပုဒ်ဖြတ်ပုဒ်ရပ်များကို မှန်မှန်ကန်ကန် အသုံးပြုတတ်သည်။
- စာရေးသားရာတွင် ပိုမိုရှုပ်ထွေးသော စာကြောင်းဖွဲ့စည်းပုံနှင့် ပေါင်းစပ်ဖွဲ့စည်းမှုများကို အသုံးချတတ်သည်။
- စာရေးသားခြင်းအတွက် ကွန်ပျူတာကီးဘုတ် ရိုက်တတ်သည်။
သင့်ကလေးဘယ်အချိန်မှာ သင်္ချာ အတွက်အချက် သင်ကြားသင့်သလဲ။
သင်္ချာသင်ကြားသင့်သော အသက်အရွယ်သည် စာရေး၊ စာဖတ် သင့်သော အသက် ကဲ့သို့ ရှင်းရှင်းလင်းလင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် အချို့ကလေးများသည် အခြားကလေးများထက် သချာၤအတွက်အချက် ပိုတော်သောကြောင့်ဖြစ်သည်။ သို့သော် ကလေးများ၏ သင်္ချာဆိုင်ရာ ဖွံ့ဖြိုးမှုစွမ်းရည်ကို အောက်ပါ အညွှန်းများနှင့် တစ်ပိုင်းတစ်စ တိုင်းတာနိုင်ပါသည်။
အသက် ၁၀နှစ် ပြည့်ပြီးချိန်တွင် ကလေးသည် အောက်ပါတို့ကို တတ်သင့်သည်။
- အရာဝတ္ထုများ၏ အရေအတွက် နှင့် နံပါတ်ကို နားလည်၊ ရေတွက်နိုင်သည်။
- အချိန်ကို သိသည်။
- ငွေကြေး ယူနစ်တစ်ခုချင်းစီ၏ တန်ဖိုးခြားနားချက်ကို သိသည်။
- မတူညီသော ပုံသဏ္ဍာန်များအကြား ခွဲခြားနိုင်သည်။
- ခုဂဏန်း ၊ ဆယ်ဂဏန်းများနှင့် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား ပြုလုပ်ခြင်းကဲ့သို့သော အခြေခံ သင်္ချာစွမ်းရည်ကို လေ့လာတွက်ချက်နိုင်သည်။
အသက်၁၃ နှစ်ပြည့်ပြီးနောက် ကလေးများသည် အောက်ပါတို့ကို တတ်သင့်သည်။
- အဆင့်များစွာပါဝင်သော သင်္ချာပုဒ်စာများကို တွက်နိုင်သည်။
- အလေးချိန်၊ ရာခိုင်နှုန်းနှင့် အတိုင်းအတာ ပုံစံမျိုးစုံ၏ အဓိက အယူအဆ၊သဘောတရားကို နားလည်သည်။
စွမ်းရည်မိုင်တိုင်တစ်ခု (သို့) နှစ်ခု လောက် မရောက်ရှိ ၊ မပြုလုပ်နိုင်ခြင်းသည် ကလေးတစ်ယောက်တွင် မစွမ်းဆောင်နိုင်ခြင်း (သို့) ဉာဏ်ရည်ချို့ယွင်းခြင်းရှိနေသည်ဟု အမြဲ မဆိုလိုပါ။ ပြောင်းလဲမှုအချို့ပြုလုပ်ဖို့ လိုအပ်တာဖြစ်နိုင်ပါသည်။ ထိုသို့ပြုလုပ်လိုက်လျှင် ကလေးသည် သူ၏ အပြည့်ဝဆုံး စွမ်းဆောင်နိုင်ချေကို ရောက်ရှိမည်ဖြစ်သည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။