backup og meta

ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေမယ့် ကစားစရာတွေ ရွေးချယ်ပေးမယ်

ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေမယ့် ကစားစရာတွေ ရွေးချယ်ပေးမယ်

ဆော့ရင်း ကစားရင်းနဲ့ သင်ယူလေ့လာဖြစ်ဖို့က ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးမှုမှာ အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ သူတို့လေးတွေက မွေးစအရွယ်တည်းကကိုဘေးပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရင်း၊ ကိုယ်တိုင် ပါဝင်လှုပ်ရှားလာရင်း အရာရာသင်ယူတတ်ပါတယ်။ ကစားဖို့၊ စားဖို့နဲ့ အိပ်ဖို့ပဲသိသေးတာဖြစ်ပေမယ့် သူတို့လုပ်နေကျ အဲဒီသုံးမျိုးကနေပဲ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးလာအောင် အစတည်းက လမ်းဖွင့်ပေးလို့ရပါတယ်။

ဉာဏ်ရည်ဖွံ့ဖြိုးစေမယ့် ကစားစရာတွေရွေးချယ်ပေးတဲ့အခါ ကလေးတွေမှာ လုပ်နိုင်စွမ်း၊ သိနိုင်စွမ်းအရည်အချင်းလေးတွေ တိုးတက်လာပါလိမ့်မယ်။

  • ပြဿနာဖြေရှင်းဖို့နဲ့ အကျိုးအကြောင်းနားလည်နိုင်စွမ်း
  • လေ့လာမှတ်သားနိုင်စွမ်း
  • ကိုယ့်ကိုယ်ကိုယ်အားကိုး ကိုယ်တိုင်လုပ်ဆောင်ချင်စိတ်
  • တီထွင်ဆန်းသစ်နိုင်စွမ်း
  • ထိန်းချုပ်မှုမလိုဘဲ သွက်လက်တဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်း စတာတွေကို ငယ်စဉ်တည်းက အလေ့အကျင့်မွေးမြူပေးသလိုဖြစ်စေမှာပါ။

ကလေးတွေကမွေးကင်းစအရွယ်တည်းကလေ့လာမှတ်သားတတ်တာကြောင့် ကလေးတွန်းလှည်းတွေမှာ နှိပ်ရင်မတူညီတဲ့အသံတွေမြည်တဲ့ အရုပ်လေးတွေထည့်သွင်းတတ်ကြတာဖြစ်ပါတယ်။ ကလေးရဲ့ဉာဏ်ရည်ကိုအသုံးပြုရတဲ့ ကစားစရာတွေက အသက်အပိုင်းအခြားအလိုက် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှုကိုအားပေးတဲ့ အကောင်းဆုံးအကူအညီဖြစ်ပါတယ်။

ဘယ်လိုမျိုးလေးတွေပေးကစားမလဲ

ဂီတတူရိယာလေးတွေ

ကလေးတွေဟာ သီချင်းနားထောင်ရတာထက်အော်ဂင်၊ စန္ဒရားအသေးလေးတွေ၊ ခလုတ်ပါတဲ့ဂီတာလေးတွေလို ကစားစရာလေးတွေနဲ့ ကိုယ်တိုင်သီချင်းသံဖန်တီးရတာပိုနှစ်သက်ကြပါတယ်။ ဒီလိုမျိုးတွေနဲ့ကစားတဲ့ကလေးတွေက ကိုယ်အလိုရှိတာအမူအရာနဲ့ဆက်သွယ်ပြောဆိုနိုင်စွမ်းပိုကောင်းပြီး အရွယ်ရောက်တဲ့အခါ ဘာသာစကားနားလည်၊ ဖလှယ်နိုင်စွမ်းပိုကောင်းတာတွေ့ရတယ်လို့ သုတေသနတွေကပြောပါတယ်။

ပုံဆက်ရတဲ့ကစားနည်းတွေ

တစ်နှစ်ပတ်လည်အရွယ်ရောက်ရင် ပုံဆက်ကစားနည်းတွေပေးကစားတာက ကလေးရဲ့မျက်စိနဲ့ လက်လှုပ်ရှားမှု ကြွက်သားဖွံ့ဖြိုးစေတယ်၊ပြဿနာဖြေရှင်းနိုင်စွမ်းရှိလာပြီး ဉာဏ်စွမ်းရည်တိုးတက်လာစေပါတယ်။ သူတို့သိထားလောက်တဲ့အရုပ်လေးတွေ(ကြောင်လေး၊ ယုန်လေးတွေ)ရဲ့ပုံပါတဲ့ အရုပ်ဆက်ကစားစရာတွေဆို မှတ်မိနေလောက်တာကြောင့် စိတ်ဝင်တစား လွတ်လွတ်လပ်လပ်ကစားခွင့်ပေးထားပါ။ မိဘကဘေးကမပြပေးဘဲ ကိုယ်တိုင်ပဟေဠိဆက်နိုင်တဲ့ကလေးတွေရှိပါတယ်။

အဝတ်အစားဆင်ပေးရတဲ့ကစားစရာအရုပ်တွေ

ဒါကတော့ သမီးမိန်းကလေးတွေအတွက်ပိုအဆင်ပြေပါတယ်။ အရုပ်မလေးတွေကို အဝတ်အစားအမျိုးမျိုးလဲပေး၊ ဆင်ပေးပြီး အရုပ်လေးတွေနဲ့ဇာတ်လမ်းလုပ်ကစားနေတာမျိုးက ကလေးရဲ့တီထွင်ဖန်တီးမှုဉာဏ်ကို အစပျိုးပေးနိုင်ပါတယ်။

အရုပ်ဆက်ကစားစရာတွေ

အိမ်ဆောက်တဲ့ ပလတ်စတစ်အရုပ်ဆက်ပစ္စည်းတွေ၊ စက်ရုပ်တည်ဆောက်တာ၊ တိရစ္ဆာန်အကောင်လေးတွေ၊လူရုပ်လေးတွေနဲ့အတူ ပန်းခြံ သို့မဟုတ် အဆောက်အအုံတည်ဆောက်တာမျိုး ကိုယ်ဉာဏ်ရှိသလို ဆက်လို့ရတဲ့ ကစားစရာတွေက တကယ်ကိုကောင်းပါတယ်။ သူငယ်ချင်းအဖော်ရှိရှိ မရှိရှိ ကလေးက စိတ်ဝင်တစားဆော့နေရင်း ဉာဏ်ရည်သွေးသလို ဖြစ်စေမှာသေချာပါတယ်။

ဆေးရောင်ခြယ်စာအုပ်

ပုံဆွဲစာအုပ်နဲ့အဆင်ပြေပေမယ့် အချွန်နဲ့ထိုးမိတာဘာညာ စိတ်ပူရတာကြောင့် ရောင်စုံခြယ်ဖယောင်းခဲတံတွေနဲ့ပေးသာခြယ်ထားပါ။ ပေးထားတဲ့ပုံနဲ့ ညီအောင်ခြယ်ရတာနဲ့ အရောင်လှအောင်လုပ်ရင်း စိတ်ပျော်ရွှင်နိုင်သလိုဆေးရောင်ခြယ်ရင်း ဘာပုံလေးတွေလဲဆိုတာ အခေါ်အဝေါ်လေးတွေနဲ့ အရေအတွက်တွေ သင်သွားလို့ရပါတယ်။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.momjunction.com/articles/top-10-best-educational-toys-kids_00300/#gref

Accessed Date Sep 6, 2018.

https://www.parents.com/baby/development/intellectual/3-best-toys-for-intellectual-development/

Accessed Date Sep 6, 2018.

https://www.smartparenting.com.ph/parenting/baby/brain-and-body-boosting-toys-to-give-babies-a00228-20171121

Accessed Date Sep 6, 2018.

ယခုပုံစံ

25/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျောင်းနေအရွယ် ကလေးအတွက် ဘေးကင်း စိတ်ချရသော ကစားစရာများရွေးချယ်ခြင်း

သင့်ကလေး ဉာဏ်ရည်မြင့်မားစေမည့် ကစားစရာများ



Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement