backup og meta

ဘေဘီလေးတွေ ဘာကြောင့် ဆီးသွားတိုင်း ငိုနေရတာလဲ ။ ။

ဘေဘီလေးတွေ ဘာကြောင့် ဆီးသွားတိုင်း ငိုနေရတာလဲ ။  ။
ဘေဘီလေးတွေ ဘာကြောင့် ဆီးသွားတိုင်း ငိုနေရတာလဲ ။  ။

မွေးကင်းစ ကလေးပိစိလေးတွေကို အရိပ်တကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ကြရတာ မေမေတိုင်းပါ။ အထူးသဖြင့် ကလေးတွေ ငိုနေရင် ပိုပြီး စိုးရိမ်ရတာပေါ့။ စကားမပြောတတ်သေးတဲ့ ကလေးတွေ အတွက် ငိုတာကသာ သူတို့ရဲ့ စကားသံလေ။ နို့ဆာလို့၊ ဗိုက်အောင့်လို့၊ တစ်နေရာရာမှာ နာနေလို့ စသဖြင့် ကလေးပိစိ လေးတွေ ငိုကြတဲ့အထဲမှာမှ ဒီဆောင်းပါးထဲမှာ ဆီးသွားရင် ငိုတတ်တဲ့ကလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။

ကလေးက ဆီးသွားရင်းနဲ့ ဘာကြောင့် ငိုတာလဲ ။ ။

ပုံမှန် ဆို ဆီးသွားရတာ နာကျင်ခြင်းမရှိရပါဘူး။ ကလေးတော်တော်များများကလည်း ဆီးသွားရမှာ မကြောက်ကြပါဘူး။ ဒါပေမယ့် သင့်ကလေးက ဆီးသွားခါနီးတိုင်း ငို၊ ဆီးသွားနေရင်းနဲ့လည်း ငိုနေပြီးဆိုရင်တော့ သင့်ကလေး ဆီးလမ်းကြောင်းမှာ ပြဿနာ တစ်ခုခုတက်နေပါပြီ ။ ။

အဖြစ်အများဆုံးကတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းပါပဲ။ ဒီပြဿနာဟာ ကလေးတွေမှာ အဖြစ်များဆုံး ဆီးလမ်းကြောင်းပြဿနာဆိုလည်း မမှားပါဘူး။ သူ့မှာ ဘယ်လို လက္ခဏာတွေရှိလဲ ။ ။

  • ဆီးသွားရင် ပူပြီးကျင်ကာ ဆီးသွားတိုင်းနာသလိုဖြစ်တာကြောင့် ကလေးက ဆီးသွားနေရင်းငိုနေမယ်
  • ဖျားမယ်
  • ပျို့အန်မယ်
  • ကလေးက နို့လည်း ကောင်းကောင်းမစို့တော့ဘူး
  • ဆီးထဲမှာလည်း သွေးတွေပါတတ်ပြီး
  • ခါးလည်းကိုက်နေလို့ ကလေး ခါးကိုထိလိုက်တိုင်း ကလေးက ငိုနေတတ်ပါတယ်။

သင့်ကလေးမှာ ဒီလိုအချက်တွေက တစ်ချက်ချက် ရှိနေပြီ၊ ဆီးသွားတိုင်းလည်း ကလေးက ငိုနေုပြီဆိုရင် ဒါဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်နိုင်ချေများပါတယ်။

ဒီလို ကလေးက ဆီးသွားတိုင်း ငိုနေပြီဆိုရင် ဘယ်လိုလုပ်ကြမလဲ ။ ။

  • ထိတ်လန့် မသွားပါနဲ့။
  • စိတ်ကို အေးအေးထားပြီး ဆရာဝန်ဆီသွားပါ။
  • ဆရာဝန် မညွှန်ကြားဘဲ ဆေးတွေကို ကိုယ့်ဘာသာ ကလေးကို မတိုက်ပါနဲ့။ ဆရာဝန်ညွှန်ကြားတာကို သေချာလိုက်နာပါ။
  • ဆီးကျင်တယ်၊ ဆီးပူတယ်ဆိုတာက သောက်တဲ့ ရေပမာဏနဲ့ အများကြီးသက်ဆိုင်တာမို့ ကလေးကို နို့များများတိုက်ပါ။ ဒါမှ ဆီးများများသွားပြီး ဆီးလမ်းကြောင်းပိုးဝင်တာလည်း သက်သာသွားမှာပါ။

ဒါဆို မွေးကင်းစ ကလေးတွေ မှာ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ ။ ။

  • သေးခံကို တစ်နေ့လုံး အကြာကြီးမထားပါနဲ့။ ခဏခဏ လဲပေးပါ။ သေးခံထဲမှာ ဝမ်းတွေပါသွားထားရင် ချက်ချင်းလဲပေးပါ။
  • ကလေးက ဆီးမသွားတတ်သေးတာကြောင့် ကလေးကို အချိန် မှန် သေးတည်ပေးပါ။ မဟုတ်ရင် ကလေးက ဆီးမသွားတတ်သလိုဖြစ်ပြီး ဆီးတွေ အောင့်ထားရာက ဆီးလမ်းကြောင်းပိုပြီး ပိုးဝင်နိုင်လို့ပါ။
  • ကလေးကို ရေချိုးပေးတဲ့အခါမှာလည်း ကလေး ဆီးစပ်နားတစ်ဝိုက်ကို သန့်ရှင်းရေး သေချာလုပ်ပေးပါ။ အရမ်းပြင်းတဲ့ ဆပ်ပြာတွေကို မသုံးပါနဲ့။ ကလေးအသားက နုတာကြောင့် ကလေးအတွက် ထုတ်ထားတဲ့ ဆပ်ပြာတွေကိုသာ ရွေးသုံးပါ။
  • ကလေး ဝမ်းသွားပြီးလို့ သန့်စင်ပေးရင်လည်း ဝမ်းကို ရှေ့ကနေ နောက်သို့ ဆွဲယူတဲ့နည်းနဲ့ သန့်စင်ပေးပါ။ သန့်စင်ပေးပြီးပြီဆိုတာနဲ့ ကလေးကို သေးခံအသစ်ချက်ချင်း လဲပေးလိုက်ပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.practo.com/healthfeed/first-aid-for-urinary-pain-in-kids-27316/post

Accessed Date 12.3.2019

https://www.thebump.com/a/uti-baby

Accessed Date 12.3.2019

https://doctor.ndtv.com/faq/why-does-my-baby-cry-while-passing-urine-4126

Accessed Date 12.3.2019

 

ယခုပုံစံ

11/07/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးသွားချင်နေပေမယ့် ဆီးပေါက်လို့မရတာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းကြမလဲ ။ ။

ကလေး နို့ဗူးသောက်တဲ့အကျင့် ကို ဒီလိုဖျောက်ပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement