အဓိပ္ပါယ်ဖွင့်ဆိုချက်
Puberty (လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်း သို့ အရွယ်ရောက်ခြင်း) ကဘာလဲ။
လိင်ပိုင်းဆိုင်ရာအရွယ်ရောက်သောအချိန်ကိုဆိုလိုတယ်။ လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်းဆိုတာ အမျိုးသား၊ အမျိုးသမီးတွေမှာ မျိုးပွားနိုင်စွမ်းရှိလာတဲ့အခြေအနေထိရောက်အောင် အဆင့်ဆင့်ပြောင်းလဲမှု၊ သက်ဆိုင်ရာလိင်ပိုင်းဆိုင်ရာအင်္ဂါရုပ်တွေဖွံ့ဖြိုးလာမှုကိုခေါ်တယ်။ ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝရုပ်ဆိုင်ရာအဆင့်ဆင့်ဖွံ့ဖြိုးမှုတွေဖြစ်ပြီး ထိုပြောင်းလဲဖွံ့ဖြိုးမှုက စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာမှာလည်း သက်ရောက်မှုတွေရှိပါတယ်။