backup og meta

ဆယ်ကျော်သက်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့အခါ မိဘတွေလုပ်မိတတ်တဲ့ အမှားများ


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသမီးတွေရဲ့ အနာဂတ်ဆိုတာမိဘတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်ကွပ်ကဲမှုအပေါ်မှာ အများကြီးမူတည်ပါတယ်။ အထူးသဖြင့်စိတ်ထိခိုက်လွယ်တဲ့ သမီးလေးတွေကို ဆုံးမသွန်သင်ရတာပိုပြီးခက်ခဲနိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ဆယ်ကျော်သက်သမီးငယ်လေးတွေကို ဘယ်လိုနည်းလမ်းမှန်မှန်နဲ့ဆုံးမ မလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ကြည့်လိုက်ရအောင်လား မေမေတို့ရေ…….

    ဆယ်ကျော်သက်သမီးငယ်လေးတွေကို ဆုံးမတဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုအမှားတွေလုပ်မိလေ့ရှိလဲ…….

    ဆယ်ကျော်သက်သမီးငယ်လေးကို ဆုံးမတဲ့အခါ ဒါမျိုးတွေများလုပ်မိနေလား မေမေတို့ ကိုယ်တိုင်ဆန်းစစ်ကြည့်လိုက်ပါနော်။

    • ပြဿနာကို ကိုယ်တိုင်ဖြေရှင်းခွင့်တစ်ခါမှမပေးတာ
    • အစားအသောက်ကို စည်းကမ်းအတိုင်းဖိအားပေးစားသောက်ခိုင်းတာ
    • ဝတ်ပုံစားပုံကိုလည်း အရမ်းထိန်းချုပ်ထားတာ
    • ပညာရေးနဲ့ပတ်သက်ပြီးလိုတာထက်ပိုပြီး ဖိအားပေးတာ
    • မျက်စိဒေါက်ထောက်စောင့်ကြည့်တာ

    မိဘတွေအနေနဲ့ အခုပြောခဲ့သလိုအမှားတွေလုပ်မိတဲ့အခါ သမီးငယ်လေးတွေအနေနဲ့ လိုတာထက်ပိုပြီး စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်တဲ့အပြင် ဆုံးဖြတ်ချက်တွေမှားယွင်းတာ၊ မလိုလားအပ်တဲ့ပြဿနာတွေ ပိုဖြစ်လာတာတွေ တွေ့ကြုံရနိုင်ပါတယ်။

    မိဘတွေနဲ့ ဆယ်ကျော်သက်သမီးငယ်လေးတို့ကြားမှာ ပြဿနာကင်းဲ့ ဆက်ဆံရေးပိုင်ဆိုင်နိုင်စေဖို့

    အပေါ်မှာ ပြောခဲ့သလိုပြဿနာတွေ မေမေတို့နဲ့ သမီးငယ်လေးတို့ကြားမှာ ဆက်မဖြစ်စေဖို့ ဘာတွေလုပ်သင့်လဲဆိုတော့ ဆက်ကြည့်လိုက်ရအောင်နော်။

    ပြဿနာတစ်ခုဖြစ်လာရင် ကိုယ်တိုင်ဖြေရှင်းတတ်အောင် သင်ပေးပါ – ကလေးတစ်ယောက်ကို အရွယ်မရောက်ခင်မှာ ပြဿနာတွေကိုဖြေရှင်းပေးတာမှန်တယ်ဆိုပေမယ့် အရွယ်ရောက်လာတဲ့အခါ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး အရည်အချင်းပြည့်ဝတဲ့ လေဒီလေးဖြစ်လာစေဖို့က ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းတတ်ဖို့လည်း လိုပါမယ်။ ဒါကြောင့် ထိုက်သင့်သလောက်အရွယ်ရောက်လာပြီဖြစ်တဲ့ သမီးငယ်လေးကို ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ သင်ပေးဖို့ မမေ့ပါနဲ့။

    အစားအသောက်နဲ့ပတ်သက်ပြီး အစိုးရိမ်မလွန်အောင် ဂရုစိုက်ပါ – အပျိုဖော်ဝင်ချိန်မှာ အာဟာရပြည့်ဝအောင်စားသုံးမှ သမီးလေးတွေက ကျန်းမာဖွံ့ဖြိုးတဲ့ လေဒီလေးဖြစ်လာမှာပါ။ ဒါကြောင့် ကလေးကို အစားအသောက်စားတာနဲ့ပတ်သက်ပြီး ဒါစားရင်တည့်ပါ့မလား။ စားလိုက်မိရင် ဘာဖြစ်မလဲမသိဘူးဆိုတာမျိုးဖြစ်အောင်မလုပ်မိပါစေနဲ့။ အာဟာရပြည့်ဝနေစေဖို့ပြင်ဆင်ပေးဖို့ကိုသာ အဓိကထားပါ။ အပျိုဖော်ဝင်ချိန်မှာ လိုအပ်တဲ့ အာဟာရတွေပြည့်စုံဖို့ဆိုရင် အပျိုဖော်ဝင်စ သမီးလေးတွေအတွက် လိုအပ်တဲ့ အာဟာရတွေပြည့်မီအောင်ထည့်သွင်းထုတ်လုပ်ထားတဲ့ Appeton ရဲ့ Ms. Teen ရှိပါတယ်။ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင် အရိုးဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်၊သွေးအားနည်းပြဿနာကို ကာကွယ်ပေးတဲ့ သံဓါတ်စတာတွေပါဝင်တာကြောင့် လိုအပ်တဲ့ အာဟာရတွေပြည့်ဝအောင်ဖြည့်ပေးနိုင်မှာပါ။

    အဝတ်အစားဝတ်ပုံစားပုံက သင့်တင့်လျောက်ပတ်တဲ့အနေအထားဆိုရင် နားလည်ပေးလိုက်ပါ – အပျိုဖော်ဝင်ချိန်မှာ ခန္ဓါကိုယ်ပြောင်းလဲမှုနဲ့အတူ စိတ်အခြေအနေကလည်းပြောင်းလဲစပြုလာပါပြီ။ ဒီပြောင်းလဲမှုကြောင့် ပိုလှချင်လာမယ့် သမီးငယ်လေးရဲ့ ဝတ်စားဆင်ယင်မှုက အရမ်းအမြင်ရိုင်းနေတာမျိုးမဟုတ်ဘူးဆိုရင် စိတ်တိုင်းကျဝတ်ဆင်ခွင့်ပေးလိုက်ပါ။

    လိုတာထက်ပိုပြီး ဖိအားမပေးမိအောင် ဂရုစိုက်ပါ – ပညာရေးကစလို့ လူမှုဆက်ဆံရေးနယ်ပယ်အထိအစစအရာရာမှာ အတင်းအကြပ်ဖိအားပေးမိတာမျိုးမဖြစ်စေဖို့ ဂရုစိုက်ပါ။ ဒီလိုဖိအားပေးမှုက အပျိုဖော်ဝင်ချိန်မှာဖြစ်တဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်နေရတဲ့ သမီးငယ်လေးတွေကို ပိုစိတ်ဖိစီးစေနိုင်ပါတယ်။

    ကျန်းမာရေးနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေရှိလာရင် သင်ပြပြောကြားပေးပါ – တွေ့ကြုံလာရမယ့် အပျိုဖော်ဝင်ချိန်ပြောင်းလဲမှုအပါအဝင် ခန္ဓါကိုယ်မှာ ခံစားရတဲ့ ပင်ပန်းမှုတွေ၊ မအီမသာဖြစ်မှုတွေနဲ့ ပတ်သက်လို့ ရင်ဖွင့်လာတဲ့အခါ မေမေတို့ဘက်က လိုအပ်တာတွေကို လုပ်ဆောင်ပေးပြီး ထိုက်သင့်တဲ့ သင်ပြမှုတွေကိုလုပ်ပေးဖို့ မပျက်ကွက်ပါစေနဲ့။

    တရားခံတစ်ယောက်လိုပြုမူတာတွေလျှော့ပါ – ကလေးရဲ့ လှုပ်ရှားမှုတိုင်းကို မျက်တောင်မခတ်စောင့်ကြည့်ရင်း အပြစ်ပြောတာတွေကိုလျှော့ပါ။ ဒီလိုလုပ်ဆောင်မှုက ကလေးကို စိတ်ကျဉ်းကျပ်မှု စိတ်ဖိစီးမှုဖြစ်စေရုံကလွဲလို့ မိဘအတွက်ရောကလေးအတွက်ပါ အကျိုးထူးတစ်ခုမရှိပါဘူး။ အခန့်မသင့်ရင် ကလေးက လမ်းမှားတောင်ရောက်သွားနိုင်ပါတယ်။

    မှန်ကန်တဲ့ ဆုံးမသွန်းသင်နည်းတွေနဲ့ အရွယ်ရောက်လာတဲ့သမီးလေးကို အကောင်းဆုံးပျိုးထောင်ပေးနိုင်ပါစေကြောင်း………

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement