brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

22 လအရွယ်ကလေးငယ်

၂၂လအရွယ်ကလေးကိုပြုစုစောင့်ရှောက်ဖို့ သင်ဘာတွေသိထားဖို့ လိုအပ်သလဲ

ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြုအမူများ

ကလေးကဘယ်လိုဖွံ့ဖြိုးတိုးတက်လာသင့်သလဲ။

22 လအရွယ်ကလေးငယ်

အာရုံပြောင်းခြင်းဟာအဓိကသော့ချက်ပါပဲ။ သင့်ကလေးရဲ့အာရုံစိုက်နိုင်စွမ်းဟာအကြာဆုံးမှ ၁၀မိနစ်ပဲရှိတာပါ။ အာရုံလွှဲခြင်းနဲ့ မဖြစ်နိုင်တာတဲ့အရာတွေ လျှောက်လုပ်ခြင်းကိုတားဆီးလိုက်တာဟာသူ့ရဲ့ထိန်းချုပ်ရခက်တဲ့ အတွေးတွေကိုမေ့သွားစေနိုင်ပါတယ်။ ဒေါသတကြီးအော်ဟစ်မနေတော့ဘဲတခြားအရာတစ်ခုကိုအာရုံရောက်သွားစေနိုင်ပါတယ်။ တစ်ခါတလေသင့်ကလေးကိုပွေ့ပြီးအခြားအခန်းတစ်ခန်းကိုခေါ်သွားတာမျိုးအထူးသဖြင့် အပြင်ထွက်တာမျိုးတွေဟာသူစိတ်ပြေစေနိုင်တဲ့နည်းလမ်းတွေပါ။ သင့်ကလေးဟာသင့်ရဲ့အာရုံစိုက်မှုကိုရဖို့ သူလုပ်နေတာတွေကိုရပ်ထားလိုက်ပါလိမ့်မယ်။

ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးမလဲ။

အလုပ်တစ်ခုကိုအောင်မြင်မှချိးကျူးပေးတာမျိုးမဟုတ်ဘဲခက်ခက်ခဲခဲလုပ်နေရတဲ့အချိန်မှာအားပေးချီးမြှောက်တာကလည်းစိတ်ပျက်ခြင်းတွေကြားထဲမှာစိတ်ဓါတ်တက်ကြွလာစေပြီးအခက်အခဲတွေဖြေရှင်းနိုင်မှာပါ။ တကယ်လို့သူကငိုယိုပြီးမဖြစ်ဖြစ်အောင်ကြိုးစားနေရင် သင်က “ သားအတွက်ဖိနပ်စီးရတာခက်ခဲနေမယ်မှန်းမေမေသိတယ်။ ဒါပေမဲ့ သားကတကယ်ကြိုးစားနေတာပဲ” “ အိုသားစိတ်ဆိုးနေတာလား။ မေမေဘာလုပ်ပေးရမလဲ” စသဖြင့် သင်ပြောပေးလို့ရပါတယ်။ လေးလံတဲ့ဘလော့တုံးတွေကိုနေရာတကျပြန်စီတာမျိုးနဲ့ အပင်တွေကိုရေကူလောင်းပေးတာမျိုးလိုခက်ခဲပြီးစိန်ခေါ်မှုတွေပြည့်နေတဲ့ အလုပ်တွေဟာသင့်ကလေးရဲ့ ဂုဏ်ယူဝံ့ကြွားတဲ့စိတ်ကိုပိုပြီးလျင်မြန်စွာတိုးတက်စေနိုင်ပါတယ်။ သူနည်းနည်းအခက်တွေ့နေတယ်လို့ထင်ရင် ချက်ချင်းပြေးပြီးကူညီတာမျိုးမလုပ်မိအောင်ထိန်းပါ။ အဲ့ဒီလိုလုပ်ပေးလိုက်တာဟာ သူ့ကိုမှီခိုတတ်တဲ့စိတ်တွေဝင်သွားစေပြီး ယုံကြည်မှုတွေ ယိုင်နဲ့သွားစေပါတယ်။ သင့်ကလေးအလုပ်အသစ်တွေကိုစတင်လုပ်တဲ့အခါမှာသင့်ရဲ့မိခင်စိတ်နဲ့ ဝင်ရောက်ကူညီပြီး ကလေးကိုကာကွယ်ချင်တဲ့စိတ်ကသင့်အတွက်တော့ တကယ့်စိန်ခေါ်မှုကြီးပါပဲ။

ကလေးကိုသင့်ထံမှအကူအညီတောင်းခံလာအောင်လုပ်နေတာကသိပ်ပြီးအကျိုးမရှိပါဘူး။ သင့်ကလေးအိပ်ပျော်သွားတာမျိုးကစားနည်းထဲမှာ အာရုံဝင်စားနေတာမျိုး မဖြစ်လာရင်တော့ အဲ့ဒီကစားနည်းတွေကစားတာကိုကန့်သတ်ပြီးလက်ရှိအခြေအနေတိုင်းလေးဆက်နေနိုင်ဖို့ကြိုးစားပါ။ သင်အလုပ်များနေတဲ့အခါ ဆံပင်သပ်ပေးခြင်းနဲ့ လှမ်းကြည့်ပြုံးပြခြင်းတွေလုပ်ပေးပါ။ ခဏလေးနော်လို့ပြောတာကသိပ်ပြီးအသုံးဝင်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ကလေး၂၂လအရွယ်ကလေးက ခဏလေးဆိုတာကိုဘယ်လောက်ကြာမလဲနားမလည်နိုင်ဘူးလေ။ သူတို့အတွက် တစ်မိနစ်ဆိုတာလည်းတစ်ကမ္ဘာစာလောက်ကြာရင်ကြာနေမှာပါ။ ဂရုတစိုက်ကြည့်နေတာထက် သူဘာတွေလိုအပ်လဲဆိုတာကို မြန်မြန်လေးစစ်ဆေးကြည့်ပါ။ ဥပမာ – သေးခံအသစ်လဲတာမျိုးပေါ့။

သင့်ကလေးကိုအစာသစ် စမ်းကျွေးကြည့်မယ်ဆိုရင် စားရဲအောင် သူစားနေကျအစာလေးတွေနဲ့ ရောကျွေးကြည့်ပါ။ သူငြင်းဆန်ထားတဲ့အစာတွေကိုမတူညီတဲ့ပုံစံနဲ့ ဆက်ကျွေးကြည့်ပါ။ သင့်ကလေးကိုပန်းကန်ထဲကဟာကုန်အောင်စားခိုင်းတာနဲ့ တခြားအရာတွေစမ်းစားကြည့်ဖို့ကိုတွန်းအားမပေးပါနဲ့။ လူတစ်ယောက်ကအရာတိုင်းကိုဘယ်ကြိုက်နိုင်ပါ့မလဲ။

ကျန်းမာရေးနှင့် လုံခြုံရေး

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ဆွေးနွေးသင့်သလဲ။

သင့်ကလေးကို ၂နှစ်ပြည့် ကျန်းမာရေးစစ်ဆေးဖို့ အချိန်နီးကပ်လာပါပြီ။ ဆရာဝန်ကို အရေးပေါ်အခြေအနေနဲ့ စိတ်ပူစရာတွေဖြစ်လာရင်တော့ အကြောင်းကြားနိုင်ပါတယ်။

ဘာတွေသိသင့်လဲ။

သင့်ကလေးဟာအိမ်မွေးတိရစ္ဆာန်တွေနဲ့ ဓါတ်မတည့်တာဖြစ်နိုင်ကြောင်းသင်သိထားသင့်ပါတယ်။ တကယ်လို့ သင့်မှာခွေးတွေကြောင်တွေလိုမျိုးအိမ်မွေးတိရစ္ဆာန်လေးတွေမွေးထားရင် သင့်ကလေးမှာအောက်ပါအချက်တွေဖြစ်နေလားသေချာဆန်းစစ်ပါ။

  • နှာချေခြင်း
  • ယားယံခြင်းနဲ့ မျက်ရည်ကျခြင်း
  • နှာစေးခြင်း
  • နှာပိတ်ခြင်း

တကယ်လို့သင့်ကလေးမှာအထက်ပါအချက်တွေထဲကတစ်ခုခုဖြစ်လာခဲ့ရင် ဆရာဝန်ကိုပြောသင့်ပါတယ်။

သင့်အိမ်မွေးတရိစ္ဆာတွေကိုဖယ်ရှားလိုက်ပြီးဆေးတွေတိုက်နေတာတောင် သင့်ကလေးရဲ့ ရောဂါလက္ခဏာတွေမသက်သာသေးရင် ဆရာဝန်ကသက်ဆိုင်ရာဓါတ်မတည့်မှုကိုပျောက်ကင်းစေနိုင်တဲ့ဆေးတွေထိုးပေးနိုင်ပါတယ်။

စိုးရိမ်ပူပန်မှုများ

ဘာတွေကိုစိတ်ပူနေရသလဲ။

ကလေးသွားတွေစပေါက်လာတာကိုသင်စိတ်ပူနေနိုင်ပါတယ်။ အချို့သောရောဂါလက္ခဏာတွေဟာသွားပေါက်တာနဲ့ဆက်စပ်နေပါတယ်။ ဒီလက္ခဏာတွေထဲမှာ ဝမ်းပျက်ခြင်း၊ အနည်းငယ်ဖျားခြင်း၊ စိတ်တိုင်းမကျခြင်းတွေပါဝင်ပါတယ်။ သင့်ကလေးဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာတွေကိုအောက်မှာဖော်ပြထားပါတယ်။

  • သွားရည်ကျခြင်း (မျက်နှာမှာအစက်တွေဖြစ်ပေါ်လာစေပါတယ်)
  • သွားဖုံးရောင်ပြီးအထိမခံဖြစ်ခြင်း
  • စိတ်ဆိုးလွယ်ပြီးစိတ်တိုင်းမကျတာတွေများနေခြင်း
  • ကိုက်တတ်တဲ့အကျင့်
  • အစာစားရင်ငြင်းဆိုခြင်း
  • အိပ်စက်ရာတွင် ပြဿနာဖြစ်ခြင်း

နောက်လမှာသင့်ကလေးဘယ်လိုကြီးထွားဖွံ့ဖြိုးလာမလဲ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။