backup og meta

ဘေဘီလေးရဲ့ ပေါင်ကြားမှာ အရေပြားလောင်ခြင်း

ဘေဘီလေးရဲ့ ပေါင်ကြားမှာ အရေပြားလောင်ခြင်း

မွေးကင်းစအရွယ် ကလေးငယ်တွေရဲ့အသားအရေက သိပ်နုနယ်ပါတယ်။ တံတောင်ဆစ်ကြားလေးတွေ၊ လည်ပင်းလေးတွေမှာ ပွန်းပြီး နီရဲနေတတ်တာပဲကြည့်။ ဒါတွေကတော့ ပိတ်လှောင်ပြီး ချွေးထွက်တာ ဒါမှမဟုတ် အသားခြောက်သွေ့တာကြောင့် ဖြစ်တတ်ပေမယ့် ပိုဆိုးတာ ပေါင်ခြံ၊ ပေါင်ကြားအရေပြားလေးတွေမှာ လောင်တာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ သေးခံ(Diaper) ဝတ်ပေးလေ့ရှိကြလို့ သေးခံလောင်တယ်လို့လည်း ခေါ်ကြတယ်။ ဒါပေမယ့် အနှီးပတ်ပေး၊ ဘောင်းဘီဝတ်ပေးထားတဲ့ ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဘာလို့ဆို ဘေဘီလေးရဲ့ ဆီးနဲ့ ဝမ်းကြောင့် စိုစွတ်ပြီး ဘက်တီးရီးယားပျော်တဲ့အနေအထား ဖြစ်သွားနိုင်ပါတယ်။

ကလေးမှာ သေးခံလောင်ရတဲ့အကြောင်းရင်းက –

  • ဆီး ၊ ဝမ်း သွားပြီးတိုင်း ပေါင်ကြားကို သေချာမသန့်စင်ပေးတာ
  • သေးခံအစိုကြီးကို ဒါမှမဟုတ် ပေကျံနေတဲ့သေးခံကို မလဲပေးမိတာ အချိန်ကြာသွားတာ
  • သေးခံ နဲ့ ပွတ်တိုက်မိလို့ ပွန်းတာ
  • မှိုပိုးဝင်တာ
  • ဘက်တီးရီးယားပိုးဝင်တာ
  • သေးခံနဲ့ ဓါတ်မတည့်တာ
  • တုံ့ပြန်လွယ်တဲ့အသားအရေပိုင်ရှင်ဖြစ်နေတာ
  • သေးခံ သို့မဟုတ် ဘောင်းဘီ ကျပ်နေတာ၊ ပူအိုက်လှောင်စေတဲ့ ဘောင်းဘီအသားကို ဝတ်ထားတာ စတဲ့အကြောင်းရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။

ဒါဆို ဘာလုပ်ရမလဲ

အချိန်အကြာကြီးမထားပါနဲ့

ကလေးကို ညစ်ပေနေတဲ့သေးခံကို အကြာကြီး မဝတ်ထားပေးမိပါစေနဲ့။ အရေပြားမှာ ဓာတ်မတည့်တာမျိုး၊ ထိခိုက်တာမျိုးတွေဖြစ်စေပြီး သေးခံလောင်တာကိုပါဖြစ်စေနိုင်တာကြောင့်ပါ။ သေးခံလောင်တာကို သက်သာစေဖို့ လုပ်ဆောင်သင့်တဲ့ ပထမဆုံးအချက်က သေးခံညစ်ပေနေတာတွေ့တိုင်း မြန်နိုင်သမျှမြန်မြန်လဲပေးဖို့ပါ။

ကလေးရဲ့အောက်ပိုင်းကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ

ကလေးက ဆီးနဲ့ ဝမ်းသွားထားတယ်ဆိုရင် တတ်နိုင်သလောက် မြန်မြန်အဝတ်လဲပေးပါ။ ခြောက်သွေ့၊ သန့်ရှင်းအောင်ထားမှ ဒီဧရိယာတဝိုက်မှာ ဘက်တီးရီးယားတွေပေါက်ဖွားဖို့လွယ်တဲ့နေရာတစ်ခု ဖြစ်မလာတော့ဘဲ ကလေးရဲ့အရေပြားကို မထိခိုက်စေမှာဖြစ်ပါတယ်။

အညစ်အကြေးစွန့်ပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးပါ

ကလေးကိုအဝတ်လဲပေးတဲ့အခါတိုင်း အနည်းဆုံးတော့ ဂွမ်းစနုနုလေးနဲ့ ရေကိုသုံးပြီး ဆီးတွေနဲ့အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးပါ။ အရေပြားကို ပုံမှန် pH ပမာဏရရှိအောင်ထိန်းညှိပေးပါ။ ကလေးကိုသေးခံအသစ်လဲပေးဖို့အတွက် သန့်ရှင်းရေးလုပ်ပေးပြီးတိုင်းမှာ ခြောက်သွေ့အောင်သုတ်ပေးဖို့ကိုလည်း မေ့မထားသင့်ပါဘူး။

အနူးညံ့ဆုံး ထုတ်ကုန်တွေကိုပဲသုံးပါ

ကလေးမှာ အရေပြားဓါတ်မတည့်မှုဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အရေပြားဓါတ်မတည့်တာမျိုးဖြစ်တဲ့အခါ ကလေးကိုအသုံးပြုပေးနေတဲ့ ပစ္စည်းတွေကိုသေချာစစ်ဆေးကြည့်ပါ။ အပြင်းစားဆပ်ပြာတွေနဲ့ အယ်လ်ကိုဟောတွေ (သို့မဟုတ်) ဓါတုပစ္စည်းတွေထည့်သွင်းထုတ်လုပ်ထားတဲ့ပစ္စည်းတွေကို ကလေးငယ်ကိုမသုံးပေးပါနဲ့။

Baby oil သို့မဟုတ် Baby Cream သုံးပေးပါ

ဆီးတွေက အရေပြားနဲ့ထိမိပြီး အရေပြားမှာ ဓါတ်မတည့်တာမျိုးတွေ၊ အဖုအပိမ့်ထွက်တာမျိုးတွေမဖြစ်စေဖို့အတွက် ကာကွယ်တဲ့အနေနဲ့ ကလေးကို သန့်ရှင်းရေးလုပ်ပေးပြီးတိုင်း အရေပြားမှာ Baby Cream တစ်မျိုးကို လိမ်းပေးထားသင့်ပါတယ်။ အညစ်အကြေးသန့်စင်ပေးပြီးတိုင်း Baby Cream မှန်မှန်လူးပေးတာက အရေပြားထိခိုက်တာကို နည်းစေနိုင်ပြီး ပွန်းထား၊ လောင်ထားတဲ့နေရာတွေကို လည်းအနာကျက်စေမှာဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

သေးခံလောင်တာက နာကျင်ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေတယ်ဆိုပေမယ့် ကလေးဆိုတော့ အရမ်းတော့ အာရုံမရှိလောက်တဲ့ဝေဒနာပါ။ တစ်ခုရှိတာက အဲ့ဒီကနေ ပိုးဝင်လာမှာကိုပဲ စိုးရိမ်ရပါတယ်။ သေးခံလောင်တဲ့နေရာမှာရောဂါပိုးဝင်ပြီဆိုရင် ပြတတ်တဲ့ဒီလက္ခဏာလေးတွေကို သတိထားပါ။

  • သေးခံဝတ်တဲ့နေရာမှာရေကြည်ဖုလေးတွေဖြစ်လာတာ
  • အဖျားရှိလာတာ
  • နီရဲလာတာ
  • ရောင်ရမ်းလာတာ
  • သေးခံဝတ်တဲ့နေရာမှာ ပြည်တည်လာတာ၊ အရည်ထွက်လာတာ ဆိုရင် ကလေးအထူးကုဆရာဝန်ကို ပြသင့်ပါတယ်။

ငယ်ရွယ်လွန်းတဲ့ သားသားမီးမီးလေးတွေရဲ့ အရေပြားနုနုလေးမှာ ဒီဝေဒနာဖြစ်လာရင် သနားစရာကောင်းပါတယ်။ ဒီလိုလောင်တာမျိုးမဖြစ်ရအောင် ကြိုတင်သတိထားကာကွယ်တာအကောင်းဆုံးပါပဲ။ ကလေးတို့ရဲ့ အတွင်းပိုင်းအသားအရေမှာ လေဝင်လေထွက်ရှိဖို့သတိထားရမှာဖြစ်သလို အရည်အသွေးကောင်းပြီး စိတ်ချရတဲ့ အသားအရေသုံးပစ္စည်းတွေကို ဝယ်ဖို့လည်းအရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/parenting/diaper-rash-treatment#2

Accessed Date Nov 26, 2019.

https://www.healthline.com/health/home-remedies-diaper-rash#3

Accessed Date Nov 26, 2019.

https://www.healthyessentials.com/baby-child-solutions/5-tips-to-treat-and-prevent-diaper-rash

Accessed Date Nov 26, 2019.

ယခုပုံစံ

22/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးတွေမှာအဖြစ်များတဲ့ အသားအရေပြဿနာတွေနဲ့ ဖြေရှင်းနည်းများ

ကလေးအသားအရေ ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement