ကလေးခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သောအာဟာရများနှင့် ၎င်းတို့၏လုပ်ဆောင်မှုများ
ကလေးတိုင်း ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာဖို့ဆိုတာက အာဟာရသင့်တင့်မျှတအောင်ကျွေးမွေးဖို့လိုအပ်တယ်ဆိုတာကို မိဘတိုင်းလိုလို သိရှိပြီးဖြစ်ကြမှာပါ။
ကလေးတွေကို အာဟာရမျှတအောင်ကျွေးမွေးနိုင်စေဖို့အတွက် ကလေးတွေမှာ မဖြစ်မနေလိုအပ်တဲ့ အာဟာရဓာတ်အချို့နဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။
ပရိုတင်း
ကြွက်သားတွေနဲ့ ကလေးရဲ့ကိုယ်ခန္ဓာက အခြားတစ်ရှုးတွေကို တည်ဆောက်ပေးတဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ် တိုးတက်ကောင်းမွန်အောင်လည်း အထောက်အပံ့ပေးပါတယ်။
ပရိုတင်းဓါတ်ပါဝင်တဲ့အစားအစာများ –
- ငါး
- ကြက်သား
- ကြက်ဆင်သား
- အဆီမပါတဲ့အသား
- အခွံမာသီးတွေ
- ဥအမျိုးမျိုး
- နို့အမျိုးမျိုး
- ဒိန်ချဉ်
- ချိစ်
- မြေပဲထောပတ်
- ပဲပိစပ်အစိမ်း
ကာဗိုဟိုက်ဒရိတ်ဓါတ်
-ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်အတွက်အလွန်အရေးပါလှတဲ့ စွမ်းအင်အရင်းအမြစ်တစ်ရပ်ဖြစ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်က ကလေးတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ဖို့နဲ့ တစ်ရှုးတွေပြုပြင်ဖို့အတွက် အဆီတွေနဲ့ ပရိုတင်းတွေကို အသုံးပြုရာမှာ အထောက်အကူပေးပါတယ်။
ကာဗိုဟိုက်ဒရိတ်ကို အစားအသောက်အမျိုးမျိုးကနေရရှိနိုင်ပါတယ်။
ကာဗိုဟိုက်ဒရိတ်ရရှိနိုင်တဲ့အစားအသောက်များ –
- ပေါင်မုန့်
- cereals
- ထမင်း
- ခရက်ခ်ကာ
- ပတ်စတာ
- အာလူး
သံဓာတ်
ခန္ဓာကိုယ်အတွက်အောက်ဆီဂျင်တွေကို သယ်ဆောင်ပေးတဲ့သွေးနီဥဆဲလ်တွေဖြစ်ပေါ်အောင် အထောက်အပံ့ပေးပါတယ်။ ကလေးတွေကြီးထွားဖို့အတွက်ထောက်ကူပေးပါတယ်။ သံဓာတ်ချို့တဲ့ရင် ကလေးတွေမှာ သွေးအားနည်းရောဂါဖြစ်ပေါ်ခံစားရနိုင်ပြီး ပင်ပန်းနွမ်းနယ်တာ၊ အားမရှိတာနဲ့ အမြဲစိတ်ဆိုးနေတာမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
သံဓာတ်ရရှိနိုင်တဲ့ အစားအသောက်များ –
- အနီရောင် အသား
- ပဲအမျိုးမျိုး
- အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
- တူနာငါး
- ဥအမျိုးမျိုး
- သံဓာတ်ဖြည့်စွက်ထားတဲ့cerealတွေ
ကယ်လ်ဆီယမ်
အရိုးနဲ့သွားတွေကို သန်မာစေပြီး အာရုံကြောကျန်းမာသန်စွမ်းမှုကိုတိုးမြှင့်ပေးသလို ကြွက်သားတွေရဲ့လုပ်ဆောင်မှုကို လည်းတိုးမြှင့်ပေးပါတယ်။ သွေးကိုခဲစေပြီး သွေးတိတ်အောင်လုပ်ဆောင်ပေးပါတယ်။
ခန္ဓာကိုယ်က အစားအသောက်တွေကို စွမ်းအင်အဖြစ်ပြောင်းလဲရာမှာလည်း အထောက်အကူပြုပေးပါတယ်။
ကယ်လ်ဆီယမ်ရရှိနိုင်တဲ့ အစားအစာများ –
- နို့အမျိုးမျိုး
- နို့ထွက်ပစ္စည်းတွေ
- ပဲနို့
- တို့ဖူး
- cereal
Essential fatty acids (EFAs)
ဆဲလ်တွေဖြစ်ပေါ်တာ၊ အာရုံကြောစနစ်ကိုထိန်းညှိတာ၊ နှလုံးသွေးကြောစနစ်ကို သန်စွမ်းစေတာ၊ ကိုယ်ခံအားစနစ်ကို တည်ဆောက်တာတွေမှာ အထောက်အပံ့ဖြစ်စေသလို ခန္ဓာကိုယ်ကအာဟာရဓာတ်တွေကို စုပ်ယူရာမျာလည်း အထောက်အပံ့ပေးပါတယ်။
EFAs ကဦးနှောက်ရဲ့လုပ်ငန်းစဉ်တွေကောင်းမွန်စေဖို့နဲ့ အမြင်အာရုံတွေကိုကောင်းမွန်သန်စွမ်းစေဖို့လည်း လိုအပ်ပါတယ်။
EFAs ရရှိနိုင်တဲ့ အစားအစာများ –
- မွေးကင်းစ ကလေးတွေအတွက်ဆို မိခင်နို့
- သံလွင်ဆီ၊safflower ဆီ၊ပြောင်းဖူးဆီ၊ ပဲပိစပ်ဆီ လိုမျိုး ဟင်းသီးဟင်းရွက်ဆီတွေ
- ငါးနဲ့ကြက်သားတွေကနေရရှိတဲ့ ပရိုတင်းဓါတ်တွေ
- ဆယ်လ်မွန်ငါးကနေရရှိတဲ့ ဖက်တီးအက်ဆစ်
- နှမ်းကြတ်စေ့
- သစ်ကြားသီး
အမျှင်ဓာတ်
အမျှင်ဓာတ်က ကလေးကိုဝမ်းမှန်အောင်အထောက်အပံ့ပေးပါတယ်။ နှလုံးရောဂါဖြစ်ပေါ်ခံစားရနိုင်ခြေနဲ့ အသက်ကြီးလာတဲ့အခါ ကင်ဆာရောဂါခံစားရနိုင်ခြေကို လျှော့ချပေးရာမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။
အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ-
- ကောက်နှံတစ်ခုလုံးပါတဲ့cereal
- ကုလားပဲ
- ပဲနီလေး
- ဗိုလ်စားပဲ
- အစေ့အဆန်တွေ
- အခွံမာသီးတွေ
ဗီတာမင်အေ
အမြင်အာရုံနဲ့အရိုးတွေကြီးထွားဖွံ့ဖြိုးမှုမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ခန္ဓာကိုယ်ကိုရောဂါတွေကူးစက်မခံရအောင်ကာကွယ်ပေးသလို ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေနဲ့ တစ်ရှုးတွေ ကျန်းမာဖွံ့ဖြိုးမှုကို တိုးမြှင့်ပေးပါတယ်။
ဗီတာမင်အေ ရရှိနိုင်တဲ့အစားအသောက်များ –
- တိရစ္ဆာန်အသည်း
- ကန်စွန်းဥ
- မုန်လာဥနီ
- ကိုက်လန်
- ထောပတ်
- ကြက်ဥအနှစ်
- အဆီနည်းတဲ့နို့
- ပဲနို့ နဲ့
- လိမ္မော်ရောင်ရှိတဲ့ အသီးအနှံတွေ
ဗီတာမင် စီ
သွေးနီဥဆဲလ်တွေ၊ အရိုးတွေ၊ တစ်ရှုးတွေဖြစ်ပေါ်မှုကို အထောက်အပံ့ပေးပါတယ်။ ကလေးရဲ့ သွားဖုံးကျန်းမာရေးနဲ့ သွေးကြောတွေသန်စွမ်းစေဖို့အထောက်အကူပြုသလို အနာကျက်မြန်စေပြီး ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။
ကူးစက်ရောဂါတွေ မဝင်ရောက်နိုင်အောင်လည်း ဟန့်တားပေးပါတယ်။ ခန္ဓာကိုယ်က သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကနေ သံဓာတ်စုပ်ယူမှုကိုလည်း အထောက်အပံ့ပေးပါတယ်။
ဗီတာမင် စီကြွယ်ဝတဲ့အစားအစာများ –
- လိမ္မော်သီး
- ဘယ်ရီသီးတွေ
- broccoli
- ကီဝီသီး
- ဂေါ်ဖီထုပ်
- ငရုတ်ပွသီးတွေ
- လတ်ဆတ်တဲ့ဖျော်ရည်တွေ
ဗီတာမင် ဒီ
သွားတွေ၊အရိုးတွေ ခိုင်မာစေအောင်အထောက်အပံ့ပေးသလို ခန္ဓာကိုယ်က သတ္တုဓာတ်တွေစုပ်ယူမှုကိုလည်း အကူအညီပေးပါတယ်။ ကလေးတွေ ကိုယ်ခန္ဓာကြီးထွားဖို့နဲ့ အရိုးသိပ်သည်းအားကောင်းစေဖို့အတွက် မရှိမဖြစ်အရေးကြီးပါတယ်။
ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ ၊ ခန္ဓာကိုယ်က အင်ဆူလင်ထုတ်လုပ်မှုနဲ့ဆဲလ်ကြီးထွားမှု ကဏ္ဍတွေမှာဟော်မုန်းတစ်ရပ်အနေနဲ့လုပ်ဆောင်ပေးပါတယ်။
ဗီတာမင် ဒီက အစားအစာတွေထဲမှာပါခဲပါတယ်။ နို့ထွက်ပစ္စည်းအချို့နဲ့ cereals တွေထဲမှာ တွေ့ရှိရပါတယ်။နေရောင်ခြည်ကနေလည်း ဗီတာမင် ဒီ ကိုရရှိနိုင်ပါတယ်။
နေရောင်ခြည်ကနေ ဗီတာမင် ဒီ ရရှိနိုင်တယ်ဆိုပေမယ့်နေရောင်ခြည်အချိန်ကြာမြင့်စွာထိတွေ့မှုက ကလေးကို အရေပြားကင်ဆာဖြစ်စေနိုင်တာကြောင့်နေရောင်ခြည်နဲ့တအားထိတွေ့စေတာမျိုး မဖြစ်အောင်သတိထားပါ။
ဗီတာမင် အီး
ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ free radicalsတွေ ထုတ်လွှတ်မှုကို ကန့်သတ်ပေးပါတယ်။ ဗီတာမင် အီက ကိုယ်ခံ အားစနစ်၊ ဒီအန်အေပြုပြင်မှုနဲ့ အခြားဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်တွေအတွက် အရေးပါပါတယ်။
ဗီတာမင် အီး ရရှိနိုင်တဲ့အစားအစာများ –
- ထောပတ်သီး
- ဂျုံစေ့အဆန်
- နေကြာစေ့
- ထရောက်ငါး
- သံလွင်ဆီ
မဂ္ဂနီဆီယမ်
အရိုးတွေကိုသန်မာစေပြီး နှလုံးခုန်မှန်စေသလို ကိုယ်ခံအားစနစ်ကိုလည်း အထောက်အပံ့ပေးပါတယ်။ ကြွက်သားတွေကို ထိန်းသိမ်းရာမှာအထောက်အကူပေးသလို အာရုံကြောစနစ်ရဲ့ လုပ်ငန်းစဉ်တွေကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။
မဂ္ဂနီဆီယမ် ပါဝင်တဲ့အစားအစာများ –
- ဟင်းနုနွယ်
- ဖရုံစေ့
- ဒိန်ချဉ်
- အယ်လ်မွန်စေ့
- အနက်ရောင်ချောကလက်
- ငှက်ပျောသီး
ပိုတက်ဆီယမ်
ခန္ဓာကိုယ်ရဲ့ သွေးပေါင်ချိန်ကို ထိန်းညှိရာမှာ အထောက်အကူပြုတဲ့ ရေဓာတ်ကို ထိန်းညှိဖို့ ဆိုဒီယမ်နဲ့အတူ လုပ်ဆောင်ပါတယ်။ ကြွက်သားတွေရဲ့လုပ်ငန်းစဉ်တွေကို ကူညီပေးသလို နှလုံးခုန်နှုန်းကိုလည်းမှန်စေပြီး ကျောက်ကပ်ကျောက်တည်တာနဲ့ အရိုးပွတာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ခြေကိုလည်းလျှော့ချပေးပါတယ်။
ပိုတက်ဆီယမ်ပါဝင်တဲ့အစားအစာများ –
- ခရမ်းချဉ်သီး
- ပဲအမျိုးမျိုး
- အမဲသား
- ဝက်သား
- အာလူး
- ပဲတောင့်စိမ်း
- ဟင်းနုနွယ်
- မှို
- ငှက်ပျောသီး
- နွားနို့
ဇင့်
အစာချေဖျက်မှုနဲ့ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်တွေကို အကူအညီပေးတဲ့ အင်ဇိုင်းအမျိုးအစား ၇၀ကျော်အတွက်လိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်သလို ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။
ဇင့် ဓါတ်ပါဝင်တဲ့အစားအစာများ –
- ပင်လယ်စာ
- ကမာကောင်တွေ
- ဂျုံစေ့အဆန်
- တိရစ္ဆာန်အသည်း
- ဖရုံစေ့
- ကွာစေ့
- နှမ်း
- အနီရောင်အသားတွေ
- အနက်ရောင်ချောကလက်
- ရေညှိ
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]