အသက်အရွယ်ကြီးရင့် လာချိန်မှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ၊ ကိုယ်လက်လှုပ်ရှားနိုင်စွမ်းတွေ ကျဆင်းလာတတ်တာ သဘာဝပါပဲ။ အထူးသဖြင့် ဘိုးဘိုးဘွားဘွားတွေအနေနဲ့ လမ်းလျှောက်သွားလာကြတဲ့အခါ ဒူးနဲ့ ဒူးပတ်ဝန်းကျင်က အရိုးတွေ နာကျင်တာ၊ ကျွတ်ဆတ်တာ၊ ဒရွတ်ဆွဲနေတာတွေ မကြာခဏ ကြုံလာရနိုင်ပါတယ်။ အမြင့်လှေကားတွေတက်ချိန်မှာ ခြေထောက်လှမ်းကြွရခက်တာမျိုးတွေလည်း မကြခဏ ကြုံရလေ့ရှိပါတယ်။ ဒါဟာ ဒူးဆစ်ရိုးတွေ အားနည်းလာတာ၊ အရွတ်တွေပျက်စီးလာတာတွေရဲ့ လက္ခဏာတွေဖြစ်ပါတယ်။