backup og meta

လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ ဒါတွေ လုပ်ကြည့်ပါ။

အိပ်ရာ ထထချင်း ကြွက်သားတွေ နာလိုက်တာ ဘာလို့လဲမသိဘူးဆိုပြီး စဉ်းစားနေရင်း ခေါင်းထဲမှာ ပေါ်လာတာက အော် မနေ့က လေ့ကျင့်ခန်း လုပ်ထားတာကြောင့်ပဲဆိုပြီးဟုတ်။

လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေ ပြေလျော့စေဖို့ ကျန်းမာစေဖို့ ဆိုပေမယ့် လေ့ကျင့်ခန်းကို စစလုပ်တဲ့အခါမျိုး၊ လေ့ကျင့်ခန်း လုပ်တာကို အကြာကြီး ရပ်ထားပြီးမှ ပြန်လုပ်တဲ့အခါမျိုးမှာ ကြွက်သားတွေ နာတတ်ပါတယ်။

ဒီတစ်ခေါက်တော့ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ခံစားရလေ့ရှိတဲ့ ကြွက်သားနာတာကို သက်သာစေဖို့ ဘယ်လို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ

လေ့ကျင့်ခန်း လုပ်ပြီးတဲ့နောက် နာကျင်ကိုက်ခဲလာတဲ့ ကြွက်သားတွေ ပြေလျော့ပြီး ကိုက်ခဲတာ သက်သာစေဖို့ဆိုရင်

အနားယူပါ

ကြွက်သားနာကျင်တာကို သက်သာစေမယ့် ​နောက်ထပ် အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ အနားယူတာပါ။ အနားယူတဲ့အခါ ကြွက်သားတွေကို အနားရစေပြီး နာကျင်မှုကို လျော့ပါးစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ဒါကြောင့် ကြွက်သားတွေ နာကျင်တဲ့အခါ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာ၊ အလေးမတာတွေ မလုပ်ဘဲ ပြည့်ပြည့်ဝဝ အနားယူလိုက်ပါ။

ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း လုပ်တာကြောင့် နာကျင်တဲ့ ကြွက်သားကို လေ့ကျင့်ခန်း လုပ်ပြီး ဖြေလျှော့တာက နည်းလမ်းကောင်း တစ်ရပ်ပါ။ လေ့ကျင့်ခန်း လုပ်ဆိုတဲ့နေရာမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းမျိုး လုပ်ခိုင်းတာမဟုတ်ဘဲ အကြောလျှော့တာလိုမျိုး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ခိုင်းတာပါ။

လေ့ကျင့်ခန်း လုပ်လိုက်တာက ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သားတွေကို နာကျင်မှု သက်သာစေမှာပါ။

ရေသောက်ပါ

တစ်ခါတလေမှာ ကြွက်သားကိုက်ခဲတာက ရေဓာတ်ခမ်းခြောက်သွားတာကြောင့်ပါ။ ဒါကြောင့် ကြွက်သားတွေ နာကျင်ကိုက်ခဲလာပြီဆိုရင်အရင်ဆုံး ရေတစ်ခွက် အရင်သောက်ကြည့်လိုက်ပါ။

ရေသောက်တာက ကြွက်သားနာကျင်တာကို အမြန်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းတွေထဲက အံ့အားသင့်စရာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ရေခဲဝတ်ကပ်ပါ

ကြွက်သားနာကျင်တာကို သက်သာစေမယ့် နောက်ထပ် အိမ်တွင်းကုထုံးတစ်ခုက ရေခဲဝတ်ကပ်တာပါ။ အဝတ်စသန့်သန့်လေးနဲ့ ရေခဲကို ထည့်ပြီး နာကျင်နေတဲ့နေရာကို ၁၅ မိနစ်လောက်ကပ်လိုက် ၅ မိနစ်လောက်နားလိုက် ပြန်ကပ်လိုက်လုပ်ပေးပါ။

ရေခဲကပ်တာက ရောင်ရမ်းတာကို သက်သာစေပြီး နာကျင်မှုကိုလည်း လျော့ပါးစေနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်လောက် လုပ်ပေးလို့ရပါတယ်။

ရေနွေးဝတ် ကပ်ပါ

ရေနွေးဝတ်ကပ်တာက ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ ရေနွေးဝတ်ကပ်တာက ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။

ဒါကြောင့် ၁၅ မိနစ်တစ်ကြိမ်လောက် နာကျင်တဲ့ ကြွက်သားတွေကို ရေနွေးဝတ်ကပ်ပေးပါ။ တစ်နေ့ကို ၂ ကြိမ်လောက် ကပ်ပေးပါ။ ရေနွေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။

နှိပ်နယ်ပါ

ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့အခါ နာကျင်နေတဲ့ ကြွက်သားတွေကို ခပ်ဖွဖွလေး နှိပ်နယ်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒီလို နှိပ်နယ်ပေးတာက ကြွက်သားတွေဆီ သွေးရောက်ရှိမှု ကောင်းစေပြီး ကြွက်သားတွေကို ပြေလျော့စေမှာပါ။ နာကျင်မှုတွေကိုလည်း သက်သာစေနိုင်မှာပါ။

ဆေးသောက်ပါ

အပေါ်မှာ ပြောခဲ့တဲ့ နည်းလမ်းတွေကို လုပ်ကြည့်ပေမယ့် ကြွက်သားတွေက နာကျင်နေတုန်းပဲဆိုရင် ဆေးစာမပါဘဲ ဝယ်ယူလို့ရတဲ့ (OTC) ဆေးကို သောက်လို့ရပါတယ်။ ကြွက်သားနာကျင်ကိုက်ခဲမှုတွေက တစ်ခါတလေမှာ အကိုက်အခဲပျောက်ဆေး သောက်မှ ပျောက်တာမျိုးလည်း ရှိပါတယ်။

ဆေးကို ဆေးညွှန်းအတိုင်း အတိအကျ လိုက်သောက်ဖို့တော့ လိုပါမယ်။

ကဲ …… လေ့ကျင့်ခန်း လုပ်လို့ နာကျင်နေတဲ့ ကြွက်သားလေးတွေကို ဒီနည်းလမ်းလေးတွေနဲ့ ကုစားလိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why do I feel pain after exercise? https://www.nhs.uk/live-well/exercise/pain-after-exercise/ Accessed Date 3 November 2021

Quick Fixes for Sore Muscles https://www.everydayhealth.com/fitness/quick-fixes-for-sore-muscles.aspx Accessed Date 3 November 2021

Sore Muscles from Exercise https://familydoctor.org/sore-muscles/ Accessed Date 3 November 2021

ယခုပုံစံ

24/11/2021

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေ့ကျင့်ခန်း စစလုပ်ချင်း ကြွက်သားနာကျင်ကိုက်ခဲတယ်ဆိုတာ

ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/11/2021 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement