backup og meta

အိပ်ရာနိုးတိုင်း အဆစ်တွေ နာနေလို့ စိတ်ညစ်နေပြီလား

မနက်ခင်း အိပ်ရာနိုးလို့ လက်ကွေးတော့လည်း ကွေးမရ နာလိုက်တာ၊ အိပ်ရာနိုးတိုင်း အဆစ်တွေ နာနေလို့ စိတ်ညစ်နေပြီလား ………. ဒီလိုမျိုး မိုးလင်း အိပ်ရာနိုးတိုင်းမှာ အဆစ်တွေ နာနေရတာက အကြောင်းအရင်းတွေ အများကြီးကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို အကောင်းဆုံး ဖြစ်အောင် ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

အိပ်ရာနိုးတိုင်း အဆစ်တွေ နာနေလို့ စိတ်ညစ်နေပြီလား

အိပ်ရာနိုးရင် အဆစ်တွေ နာရတာ ဘာကြောင့်လဲ ……..

ဒီလို အိပ်ရာနိုးတိုင်း အဆစ်နာတာကို ခံစားရသူ အများစုကတော့ အဆစ်ရောင် ရောဂါ ရှိသူတွေပါ။ အကြောင်းကတော့ အဆစ်ရောင်နာ ခံစားနေရသူတွေရဲ့ အဆစ်တွေထဲမှာ အရိုးတွေရဲ့ အစွန်းတွေကို ဖုံးအုပ်ထားတဲ့ အရိုးနုတွေ ပျက်စီးနေပြီး အဆစ် တစ်ခုနဲ့ တစ်ခုကြားမှာ လှုပ်ရှားရ လွယ်ကူအောင် လုပ်ဆောင်ပေးမယ့် ချောဆီတွေ မရှိတာကြောင့်ပါ။

ဒီလို အဆစ်တွေ တောင့်တင်းနာကျင်တာကို နောက်ကျော၊ ခါးဆစ်၊ လက်ချောင်းရိုးလေးတွေ၊ လက်ကောက်ဝတ်၊ ဒူး၊ ခြေချင်းဝတ်၊ ခြေဆစ် စတဲ့နေရာတွေမှာ အများဆုံး ခံစားရနိုင်ပါတယ်။

ဒီလို နာကျင်မှုကို ခံစားရတာက အချိန် အနည်းငယ် ကြာတတ်ပေမယ့် အများစုက ၁၀ မိနစ် ကနေ ၁၅ မိနစ်အတွင်းမှာ သက်သာသွားတတ်ပါတယ်။ မနက်ခင်း အိပ်ရာထထချင်းမှာ ခံစားရနိုင်သလို တစ်နေ့လုံးလည်း ခံစားရနိုင်ပါတယ်။

အိပ်ရာနိုးတိုင်း အဆစ်တွေ နာနေလို့ စိတ်ညစ်နေပြီလား

အိပ်ရာနိုးတိုင်း အဆစ်တွေ နာနေလို့ စိတ်ညစ်နေပြီလား

အိပ်ရာနိုးတိုင်း အဆစ်တွေ နာနေလို့ စိတ်ညစ်နေပြီလား ….. ဒါဆိုရင် သက်သာစေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

အိပ်ရေး ဝဝအိပ်ပါ

အိပ်ရေး ဝဝအိပ်တာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်တာက စိတ်ရောကိုယ်ပါ အနားရ အားပြည့်စေနိုင်ပါတယ်။ အနာကျက်စေနိုင်သလို ပျက်စီးနေတဲ့အရာတွေကို ပြုပြင်ပေးနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာနိုးတိုင်း အဆစ်တွေ နာတာကို သက်သာချင်တယ်ဆိုရင် ညအိပ်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် နဲ့ အိပ်ရေးဝဝ အိပ်ပျော်အောင် အိပ်စေချင်ပါတယ်။

အိပ်ရာခင်း အရမ်းမမာပါစေနဲ့

အိပ်ရာခင်း အရမ်းမာတာကြောင့်လည်း အရိုးအဆစ်တွေ တောင့်တင်း နာကျင်နိုင်ပါတယ်။ ဒါကြောင့် အိပ်ရာခင်းကို အရမ်းမာလွန်းတာ၊ အရမ်းပျော့လွန်းတာမျိုး မဖြစ်စေဖို့ သတိထားစေချင်ပါတယ်။ ကြွက်သားနဲ့ အဆစ်တွေ နာကျင်မှု ကင်းစေချင်တယ်ဆိုရင်တော့ အိပ်ရာခင်းကို ဂရုစိုက်ပေးပါ။

ဖြည်းဖြည်းချင်း အကြောလျှော့ပေးပါ

အိပ်ရာကနေ မထခင်မှာ တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်း အကြောလျှော့ပေးပါ။ လက်ကလေးတွေကို ဝိုင်းပြီး လက်ကောက်ဝတ်ကို အကြောလျှော့တာမျိုး အဆစ်တွေကို ဖြည်းဖြည်းချင်း လှုပ်ရှားရင်း အကြောလျှော့တာမျိုး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာကလည်း အဆစ်တွေ တောင့်တင်းနာကျင်တာကို သက်သာစေနိုင်ပါတယ်။

ရေနွေးနဲ့ ရေချိုးပါ

ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာက အရိုးအဆစ်တွေနဲ့ ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ မနက်ခင်းမှာ စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေနိုင်သလို နာကျင်တာတွေကိုလည်း သက်သာစေနိုင်မှာပါ။

လှုပ်လှုပ်ရှားရှားနေပါ

အလှုပ်အရှား နည်းတာကလည်း အဆစ်တွေကို နာကျင်စေတဲ့ အကြောင်းအရင်းပါ။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်တာ၊ လမ်းလျှောက်တာလိုမျိုး အဆစ်တွေနဲ့ ကြွက်သားတွေကို လှုပ်ရှားမှုဖြစ်စေမယ့် လေ့ကျင့်ခန်းလေးတွေ လုပ်ဆောင်ပေးပါ။

အာဟာရ ပြည့်ဝမျှတအောင် စားပါ

အချို့သော အစားအသောက်တွေက အဆစ်တွေရဲ့ ကျန်းမာရေး အပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ ဒါကြောင့် အရောင်ကျစေနိုင်ပြီး အဆစ်တွေကို ကျန်းမာစေနိုင်တဲ့ အစားအစာတွေကို နေ့စဉ် စားသုံးမှုမှာ ပါဝင်အောင် စားသုံးပေးပါ။

ဘယ်လို အခြေအနေမှာ ဆရာဝန် ပြသရမလဲ

အခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေမယ့် မသက်သာဘူး။ အခုလို လက္ခဏာတွေလည်း ခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပြုပါရစေ။

  • မနက်ခင်းမှာ ကြွက်သားတွေ၊ အဆစ်တွေ နာကျင်နေတာက နာရီဝက်ထက် ပိုပြီး ကြာနေမယ်
  • ခါးထဲကနာတာက အသက်ရှူဖို့တောင် ခက်လာမယ်ဆိုရင်
  • အဆစ်တွေနာတာနဲ့အတူ လက်မောင်းတွေရော ခြေထောက်တွေပါ ထုံကျဉ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။

ကဲ …… အိပ်ရာနိုးတိုင်း အဆစ်တွေ နာနေလို့ စိတ်ညစ်မနေနဲ့တော့နော်။

အိပ်ရာနိုးတိုင်း အဆစ်တွေ နာနေလို့ စိတ်ညစ်နေပြီလား .....

သက်သာစေမယ့် နည်းလမ်းလေးတွေက
  • အိပ်ရေး ဝဝအိပ်ပါ
  • အိပ်ရာခင်း အရမ်းမမာပါစေနဲ့
  • ဖြည်းဖြည်းချင်း အကြောလျှော့ပေးပါ
  • ရေနွေးနဲ့ ရေချိုးပါ
  • လှုပ်လှုပ်ရှားရှားနေပါ
  • အာဟာရ ပြည့်ဝမျှတအောင် စားပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Are Stiff Joints and How to Remedy Them https://www.orthoatlanta.com/media/what-are-stiff-joints-and-how-to-remedy-them Accessed Date 10 May 2022

ယခုပုံစံ

23/04/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ

အဆစ်တွေ တောင့်တင်းနေပြီလား


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/04/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ