အိပ်ချိန်ပြည့်ဝမှုဆိုတာ လူတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ အသက်အရွယ်မရွေး တစ်နေ့အိပ်ချိန် အနည်းဆုံး ၇နာရီ ရှိဖို့ လိုအပ်ပါတယ်။ အိပ်ချိန်ပြည့်ဝမှ ကျန်းမာမယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွပြီး ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နေမယ်။ အားအင်ပြည့်ဝနေမှာပါ။