ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ရောင်ရမ်းတာကို သက်သာစေပါတယ်။ ဒါတွေအပြင် ဘလူးဘယ်ရီက နှလုံး ကျန်းမာစေသလို ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းစေပါတယ်။ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးလည်း များတဲ့ အချိုတည်းစရာ အသီးလေးတစ်မျိုးပါ။
ငှက်ပျောသီးက ပရိုတင်း၊ အမျှင်ဓာတ် နဲ့ ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ ဒါတင်မကသေးပါဘူး ငှက်ပျောသီးမှာ ပျက်စီးသွားတဲ့ ကြွက်သားတွေကို အသစ်ဖြစ်ပေးစေဖို့ ထောက်ကူပေးတဲ့ glycogen ပါယင်နေပါတယ်။
ကြွက်သားတွေကို ပြေလျော့စေသလို။ ကြွက်တက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ဆယ်လ်မွန်မှာ ခန္ဓာကိုယ်က ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ Omega-3 fatty acids ပါဝင်နေပါတယ်။ ဆယ်လ်မွန်မှာ ပိုတက်ဆီယမ်ကလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ကြွက်သားတွေကို ပြေလျော့စေသလို ကြွက်တက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
သွေးပေါင်ချိန် ထိန်းညှိပေးသလို ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။