backup og meta

လျှာနာ နေလား ဒါလေးတွေစားပေးပါ

ခံတွင်းကျန်းမာရေးလို့ ပြောလိုက်ရင် တော်တော်များများပြေးမြင်တာက သွား နဲ့ သွားဖုံးပါ။ လူတော်တော်များများက လျှာလေးကို မေ့ထားတတ်ကြပါတယ်။ ခံတွင်းကျန်းမာရေးဆိုရင် လျှာလေးကို မေ့မထားဖို့ ပြောပါရစေ။ လျှာက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အစားအစာတွေကို မျိုချတာ၊ အရသာခံတာ နဲ့ စကားပြောတာတွေ အဆင်ပြေပြေလုပ်ဆောင်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။ မနက်ခင်းနဲ့ ညအိပ်ရာမဝင်ခင် ခံတွင်းသန့်ရှင်းရေးလုပ်တဲ့အခါ သွားနဲ့ သွားဖုံးပြီးရင် လျှာလေးကိုပါ ထည့်ပြီးသန့်ရှင်းပေးပါ။ လျှာလေးက နာနေလား၊ အရောင်ပြောင်းနေလားဆိုတာကို သေချာဆန်းစစ်ကြည့်ဖို့ ပြောပါရစေ။ ဒီတစ်ခေါက်တော့ လျှာနာ ရင် ဘာစားရမလဲဆိုတာကိုပြောပြပေးဖို့ပြောပါရစေ။

လျှာမှာ အနာတစ်ခုခုဖြစ်တာကြောင့် လျှာနာ နေပြီဆိုရင်

လျှာကို ကိုက်မိထားတာကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခုခုထိခိုက်မိထားတာကြောင့် လျှာနာ နေပြီဆိုရင် ဒါလေးတွေကို စားကြည့်ပေးဖို့ပြောပါရစေ။

လျှာနာ တာကို သက်သာစေမယ့် စားစရာတစ်ခုပါ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အက်ဆစ်နဲ့ ဆားဓာတ်နည်းနည်းပဲပါဝင်တာကြောင့် လျှာကို မအီမသာဖြစ်စေတာမျိုးမရှိပါဘူး။ နွားနို့က ခံတွင်းထဲက တံထွေးနဲ့ ဂုဏ်သတ္တိချင်းတူပြီး လျှာကို ကာကွယ်ပေးပါတယ်။ အေးတဲ့ အစားအသောက်တွေက လျှာနာတာကို သက်သာစေနိုင်တာကြောင့် မသောက်ခင်မှာ နို့ကို ၁၀ မိနစ် ကနေ ၁၅မိနစ်လောက် ရေခဲသေတ္တာထဲ ထည့်ထားပြီးမှသောက်ပါ။

လျှာနာ နေလား ဒါလေးတွေစားပေးပါ

လျှာနာ နေတဲ့အခါ သခွားမွှေးက စားပေးသင့်တဲ့ အသီးတစ်မျိုးပါ။ ဝါးစားရမှာ လျှာနာတယ်ဆိုရင်တော့ ကြိတ်စက်ထဲထည့် ကြိတ်ခြေပြီးသောက်ပေးလို့ရပါတယ်။ သခွားမွှေးဖျော်ရည်ထဲကို နို့ ဒါမှမဟုတ် ဒိန်ချဉ်ရောစပ်ပြီး သောက်ပေးလို့ရပါတယ်။

အနီရောင်အသားက အက်ဆစ်ပါဝင်မှုနည်းပြီး ပရိုတင်း၊ ပိုတက်ဆီယမ်၊ ဖော့စဖော့ရပ်စ် နဲ့ အခြားအာဟာရဓာတ်တွေ ပါဝင်တာကြောင့် လျှာနာ တာကို သက်သာစေနိုင်သလို ကျန်းမာရေးကောင်းစေနိုင်ပါတယ်။ ချက်ပြုတ်တဲ့အခါ ဟင်းခတ်အမွှေးအကြိုင်တွေ သိပ်မထည့်မိဖို့တော့ သတိထားရပါမယ်။

ကြက်သားမှာ ပရိုတင်း၊ ပိုတက်ဆီယမ်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေနိုင်သလို လျှာနာတာကို သက်သာစေနိုင်ပါတယ်။

ဥအမျိုးမျိုးကလည်း လျှာနာတာကို သက်သာစေတဲ့ အာဟာရတစ်မျိုးပါ။ လျှာနာနေတဲ့အခါ သက်သာစေဖို့ စားပေးသင့်ပါတယ်။ ကြက်ဥကို အကာကြက်ပြုတ်ပြီး စားပေးလို့ရပါတယ်။

ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်နေတဲ့ ပဲအမျိုးမျိုးက လျှာနာတာကို သက်သာစေနိုင်ပါတယ်။ ပဲကိုခပ်နူးနူးလေးချက်ပြီး အအေးခံလို့စားပေးပါ။

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေက လျှာနာတာကို သက်သာစေနိုင်ပါတယ်။ အာဟာရပြည့်ဝစွာပါဝင်သလို အရသာလည်းရှိတဲ့ ဟင်းနုနွယ်၊ အာလူး၊ မုန်ညှင်းစိမ်း၊ မုန်ညှင်းထုပ် နဲ့ အခြားသော ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးလို့ရပါတယ်။
လျှာနာ နေလား ဒါလေးတွေစားပေးပါ

လျှာနာတဲ့အခါ စဉ်းစားသင့်တဲ့အချက်တွေ

လျှာနာတာကို တစ်ခါတလေမှာ ဘာမှ သိပ်မဟုတ်တဲ့ ပြဿနာလို့ ယူဆလို့ရတယ်ဆိုပေမယ့် အချိန်တော်တော်ကြာတဲ့အထိ မပျောက်ဘဲကျန်နေတဲ့ လျှာနာတဲ့ဝေဒနာကတော့ အာဟာရချို့တဲ့နေတာ ဒါမှမဟုတ် ကျန်းမာရေးပြဿနာ ကြီးကြီးမားမားခံစားနေရတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ လျှာနာ တာက အချိန်တော်တော်ကြာကြာ မပျောက်ဘဲရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ ပြောပါရစေ။ တကယ်လို့ လျှာရောင်တာက အရမ်းပြင်းထန်လာပြီး အသက်ရှူရခက်လာမယ် ဆိုရင်တော့ ချက်ချင်းဆေးကုသမှုခံယူဖို့ပြောပါရစေ။

လျှာကို သန့်စင်ဖို့လိုပါမယ်

လျှာက အမြင်မှာ ပြောင်ချောနေတယ်လို့ ထင်ရပေမယ့် တကယ်တော့ လျှာမှာ အဖုငယ်လေးတွေရှိနေပါတယ်။ လျှာက ဘက်တီးရီးယားတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ ဆိပ်ကမ်းလိုပါပဲ။ ဒါကြောင့် မနက်ခင်း အိပ်ရာထလို့ မျက်နှာသစ်၊ သွားတိုက်လုပ်တဲ့အခါ လျှာကိုပါ သန့်စင်ပေးဖို့ပြောပါရစေ။

လျှာမှာ ဘက်တီးရီးယားတွေရှိနေတာက ခံတွင်းနံ့ကို ဆိုးစေနိုင်သလို အရသာခံနိုင်စွမ်းကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေဟာ ခံတွင်းကနေတဆင့် အခြားအစိတ်အပိုင်းတွေဆီ ရောက်မသွားဖို့ဆိုရင် လျှာကို မဖြစ်မနေသန့်စင်ပေးဖို့လိုပါမယ်။ လျှာမှာ ဘက်တီးရီးယားတွေ အရမ်းများလာတဲ့အခါ လျှာက အဝါရောင်ပြောင်းတာမျိုး ဒါမှမဟုတ် အမွေးတွေပေါက်နေသလိုမျိုး ညိုတိုတိုအရောင်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လျှာနာတာနဲ့ လျှာကနေတဆင့် ရောဂါပိုးတွေ ကိုယ်ထဲရောက်မသွားစေဖို့ သွားတိုက်တဲ့အခါ ခံတွင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လျှာကို မေ့မထားဖို့ ပြောပါရစေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Keeping your tongue healthyhttps://www.jeffersondentalclinics.com/blog/keeping-your-tongue-healthy Accessed Daste 23 January 2019

4 things you should know about tongue healthhttps://www.besthealthmag.ca/best-you/oral-health/4-things-you-should-know-about-tongue-health/ Accessed Date 23 January 2019

Foods to Eat With A Sore Tonguehttps://www.livestrong.com/article/373010-a-list-of-foods-to-be-eaten-when-your-tongue-is-sore/ Accessed Date 23 January 2019

ယခုပုံစံ

04/10/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွားအပြင် ဂရုစိုက်ဖို့လိုအပ်မယ့် ခံတွင်းအစိတ်အပိုင်းများ

မြန်မာနိုင်ငံမှာ အတွေ့ရ အများဆုံး သွားနှင့်ခံတွင်းရောဂါများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement