backup og meta

မျှဝေပါ။

သွားချေးတွေ တာ့တာ

သွားမှာကပ်ငြိနေတဲ့ သွားချေးတွေက ကျန်းမာရေးအတွက်ရော ခံတွင်းအနံ့အသက်အတွက်ပါတော်တော်လေးဆိုးရွားတဲ့ ရန်သူတွေပေါ့။ စဖြစ်စမှာ မမြင်နိုင်ပေမယ့် တဖြည်းဖြည်းချင်းများလာတဲ့အခါ သွားမှာ စုပုံစေးကပ်လာသလိုခံစားရနိုင်ပါတယ်။ သွားချေးတွေရှိနေခြင်းက သွားကိုထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး သွားချေးတွေကြောင့် သွားတွေဝါတာ၊ အပေါ်ယံကြွေလွှာတွေ ဘက်တီးရီးယားတွေကြောင့် ထိခိုက်ပျက်စီးတာ၊ သွားပိုးစားတာ နဲ့ ခံတွင်းအနံ့ဆိုးတာတွေဖြစ်စေနိုင်ပါတယ်။

တော်တော်များများ သတိမထားမိတဲ့နောက်တစ်ချက်က သွားတွေက ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာစေဖို့တော်တော်လေးအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာပါ။ သွားနဲ့ခံတွင်းကျန်းမာဖို့အတွက် တစ်ခါတလေမှာ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ရုံ သွားပွတ်ကြိုးသုံးပြီး သွားကြိုသွားကြားတွေထဲက စားကြွင်းစားကျန်တွေကို ဖယ်ရှားရုံနဲ့ မလုံလောက်တာမျိုးတွေရှိနိုင်ပါတယ်။ ဒီလိုအချိန်မှာတော့ သွားပေါ်က သွားချေးတွေကို ဖယ်ရှားဖို့အတွက် အစားအသောက်တွေကို အားကိုးဖို့လိုလာပါမယ်။ ကဲဒီတစ်ခေါက်တော့ပြုံးတိုင်းလှပနေစေဖို့အတွက်ဖြူဖွေးသန့်စင်တဲ့ သွားလေးတွေပိုင်ဆိုင်နိုင်စေဖို့ ဘာတွေစားရမလဲပြောပြပေးမယ်နော်။

သွားချေးတွေကို တာ့တာပြနိုင်ဖို့အတွက်

သွားလေးတွေဖြူဖွေးသန့်စင်လှပနေစေဖို့အတွက် ဒါလေးတွေစားပေးသင့်ပါတယ်။

နို့ထွက်ပစ္စည်းတွေ

နို့ထွက်ပစ္စည်းတွက တံထွေးထွက်အောင်လုပ်ဆောင်ပေးပြီး သွားတွေမျာ သွားချေးမတက်အောင်ကာကွယ်ပေးပါတယ်။ ခံတွင်းထဲမှာရှိတဲ့ တံထွေးတွေက သွားတွေမှာ သွားချေးတွေမကပ်အောင်ကာကွယ်ပေးတဲ့ သဘာဝပစ္စည်းတစ်မျိုးပေါ့။ ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်ကြွယ်ဝတဲ့ နို့ထွက်ပစ္စည်းတွေက သွားချေးမတက်အောင်တင်ကာကွယ်ပေးတာမဟုတ်ဘဲ သွားကြွေလွှာတွေကိုပါ ကျန်းမာစေနိုင်ပါသေးတယ်နော်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကယ်လ်ဆီယမ်၊ဖောလစ်အက်ဆစ်နဲ့ သွားချေးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ သွားပွတ်ကြိုးတွေသုံးဖို့တော့ မမေ့ပါနဲ့။

အချိုမပါတဲ့ ပီကေ

ပီကေက တံထွေးထွက်စေတဲ့ အရာပါ။ သွားကြားထဲက စားကြွင်းစားကျန်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ သွားမှာကပ်ငြိနေတဲ့ အရာတွေကိုဖယ်ရှားဖို့အတွက် အချိုမပါတဲ့ ပီကေကို ဝါးပေးနိုင်ပါတယ်။

ပန်းသီး၊ဘယ်ရီသီးတွေ နဲ့ စပျစ်သီး

ဒီအသီးတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေတာကြောင့် သွားကိုထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးပါတယ်။ သွားချေးတွေကိုဖယ်ရှားပေးပြီး သွားတွေကို သန့်စင်ကျန်းမာစေနိုင်ပါတယ်။

အသားနဲ့ငါး

အသားနဲ့ငါးအများစုမှာ အရေးပါတဲ့ အာဟာရဓါတ်တွေပြည့်ဝစွာပါဝင်နေပါတယ်။ဖော့စဖရိတ်လည်းပါဝင်တာကြောင့် သွားတွေကို ကျန်းမာကြံ့ခိုင်စေနိုင်ပါတယ်။
တရုတ်နံနံက တံထွေးထွက်အောင်လုပ်ဆောင်ပေးပြီး သွားတွေကို သွားချေးတွေနဲ့ ဘက်တီးရီးယားတွေ အန္တရာယ်ကနေကာကွယ်ပေးနိုင်ပါတယ်။
စတော်ဘယ်ရီ
မယ်လ်လစ်အက်ဆစ်ပါဝင်တာကြောင့် သွားတွေကို သွားချေးမတက်စေဖို့လုပ်ဆောင်ပေးသလို သွားတွေကိုဖြူစင်သန့်စင်စေနိုင်ပါတယ်။

ဒါကြောင့်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဒီအစားအစာလေးတွေပါဝင်အောင်စားသုံးပေးပြီးပြုံးလိုက်တိုင်းလှစေမယ့် သွားလေးတွေပိုင်ဆိုင်နိုင်ကြပါစေ ဒီနေ့ပဲ စလိုက်ကြပါလားနော်။ မနက်ဖြန်တိုင်းမှာယုံကြည်မှုရှိရှိနဲ့လှလှပပပြုံးနိုင်ကြပါစေကြောင်း………

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Eating Foods that Reduce Dental Plaquehttps://www.rodemtreedental.com/eating-foods-that-reduce-dental-plaque/ Accessed Date 13 February 2019

ယခုပုံစံ

03/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement