brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား..........

လူတိုင်း လိုလိုမှာ ဖြစ်နေတဲ့ အရေပြား ပြဿနာ တစ်ရပ် ရှိနေပါတယ်။ ဒါကတော့ ဝက်ခြံပါ။ ဒီ တစ်ခေါက်တော့ ဝက်ခြံ ပျောက်ချင်လို့ ဝက်ခြံ ပျောက်နည်း ဆိုတိုင်း လိုက်လုပ် နေပေမယ့် မပျောက်တာကြောင့် စိတ်ပျက် နေသူတွေ ရှိလား၊ ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်ပေးပါနော်။ ဒီ ဆောင်းပါးလေးထဲမှာ ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား………. ဆိုတာကို ပြောပြပေးချင်ပါတယ်။

ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား..........

ဝက်ခြံ အမျိုးအစားတွေက ဘာတွေလဲ…………..

ဝက်ခြံက အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ ဝက်ခြံ အမျိုးအစား ကွာခြားမှု အလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှု ကလည်း ကွာခြားနိုင်ပါတယ်။

Whiteheads ဝက်ခြံ – အရေပြား အောက်ဘက်မှာ ရှိနေတတ်ပြီး အရမ်း မကြီးတဲ့ ဝက်ခြံ အမျိုးအစားပါ။ ညှစ်လိုက်တဲ့ အခါ အဖြူရောင်အနှစ်လေးတွေ ထွက်တတ်ပါတယ်။ နှာခေါင်း ဘေးတဝိုက်နဲ့ မေးစေ့မှာ အဖြစ်များ ပါတယ်။

Blackheads (ဆားဝက်ခြံ) – အရေပြား ပေါ်မှာ ခပ်မဲမဲ အရောင်နဲ့ မြင်သာပါတယ်။ နှာခေါင်း နဲ့ T- Zone မှာ အဓိက ပေါက်တတ်ကြပါတယ်။

Papules ဝက်ခြံ – သေးငယ်ပြီး အရောင်က ပန်းရောင် ခပ်သန်းသန်း ဖုလေးတွေ ပါ။ အရေပြား ပေါ်မှာ မြင်သာပါတယ်။

Pustules ဝက်ခြံအရေပြား ပေါ်မှာ သိသာ ထင်ရှားတဲ့ ဖုကြီးတွေပါ။ အခြေမှာ နီရဲနေပြီး ထိပ်ဘက်မှာ ပြည်လိုမျိုး စုစုလေး ရှိနေတတ်ပါတယ်။

Nodules ဝက်ခြံ – ဝက်ခြံတွေ ထဲမှာမှ တော်တော်လေး ကြီးတဲ့ ဝက်ခြံ မျိုးပါ။ ကြီးမားပြီး အစိုင်အခဲ ကြီးသလို အရေပြား ထဲမှာ စူးစူးနစ်နစ် တွယ်ဆက်နေ ကြပါတယ်။ ထိလိုက်ရင်ကို နာနေတတ် ပါတယ်။

Cysts ဝက်ခြံ – အရေပြား ပေါ်မှာ မြင်သာတဲ့ ဝက်ခြံမျိုး ပါ။ နာကျင် နီရဲ နေတတ်ပြီး ဝက်ခြံ တစ်ခုလုံးက ပြည်တွေနဲ့ ပြည့်နေတတ် ကြပါတယ်။ အမာရွတ် ကျန်နိုင်ခြေ အများဆုံး ဝက်ခြံ အမျိုးအစားပါ။

ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား

ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား ဆိုတော့ ဝက်ခြံအမျိုးအစားအလိုက် ကုထုံးကလည်း ကွာခြားနိုင်ပါတယ်။

Whiteheads ဝက်ခြံအတွက် ကုထုံး 

အဆီဖုတွေက ကုသရခက်ပါတယ်။ Salicylic acidပါတဲ့ skincareတွေကို ရက်ခြားလောက် သုံးပေးပါ။ အသားခြောက်တတ်တာကြောင့် moisturizerပြန်လိမ်းပေးဖို့ လိုပါတယ်။ Over-the-counter retinoidတွေလည်း သုံးပေးလို့ ရပါတယ်။ စိတ်ရှည်ရှည်နဲ့ စွဲပြီး သုံးပေးဖို့ လိုပါတယ်။

Blackheads (ဆားဝက်ခြံ) အတွက် ကုထုံး

Whiteheads ကုသနည်းနဲ့ ဆင်တူပါတယ်။ Salicylic acid၊ Retinoid တွေ သုံးပေးလို့ ရပါတယ်။ နောက်ပြီး ချွေးပေါက်ထဲထိ သန့်စင်ပေးနိုင်တဲ့ Clay maskတွေလည်း အသုံးပြုပေးပါ။

Papules ဝက်ခြံ အတွက် ကုထုံး 

Benzoyl peroxide ဒါမှမဟုတ် Salicylic acid ပါတဲ့ မျက်နှာသစ်ဆေးနဲ့ တစ်ရက် ၂ကြိမ် သန့်စင်ပါ။ အများစုကတော့ အလိုလိုသက်သာပေမဲ့ များလွန်းတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

Pustules ဝက်ခြံ အတွက် ကုထုံး 

သူ့ကိုလည်း Benzoyl peroxide ဒါမှမဟုတ် Salicylic acid ပါတာတွေ သုံးပေးလို့ ရပါတယ်။ ဝက်ခြံဖုလေးတွေကို မညှစ်မိအောင် ထိန်းပါ။ ဝက်ခြံတွေကို ညှစ်တာက ပိုဆိုးစေတတ်ပါတယ်။ ၆ပတ်ကနေ ၈ပတ်ကြာတဲ့အထိ မသက်သာရင် အရေပြားဆရာဝန်နဲ့ ပြပါ။

Nodules နဲ့ Cysts ဝက်ခြံ အတွက် ကုထုံး

ဒီ ဝက်ခြံ‌တွေကတော့ အိမ်တွင်း ကုထုံးထက် တတ်သိနားလည်တဲ့ အရေပြား ဆရာဝန်တွေ နဲ့ ပြသ ကြည့်တာ အကောင်းဆုံး ဖြစ်မှာပါ။

ခုပြောခဲ့တဲ့ နည်းလမ်းတွေကတော့ အလွယ်ကူဆုံးလုပ်နိုင်တဲ့ နည်းလမ်းတွေပါ။ ဒါတွေက အကြမ်းဖျင်းပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အသားအရေက မတူညီတာကြောင့် မသက်သာရင် အရေပြားဆရာဝန်နဲ့ ပြသပါ။ ဝက်ခြံကုသတဲ့အခါမှာ စိတ်ရှည်ပါလို့လည်း အကြံပြုချင်ပါတယ်။

ကဲ…ကိုယ့် ဝက်ခြံ အမျိုးအစားကို အရင်ဆုံး သိအောင် လုပ်လို့ ကိုက်ညီတဲ့ ကုထုံးလေးနဲ့ ဝက်ခြံ သက်သာအောင် ဂရုစိုက် လိုက်ပါနော် Helloဆရာဝန် ပရိသတ်ကြီးရေ……………….

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon မှ ရေးသားသည်။ · 26/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။