backup og meta

အပြုံးလေးများ လှပစေဖို့ ဂရုစိုက်သင့်တဲ့အချက်အချို့


Dr. Sandar Lin မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပြုံးလေးများ လှပစေဖို့ ဂရုစိုက်သင့်တဲ့အချက်အချို့

    နှစ်လိုဖွယ်ကောင်းသောအပြုံးသည် လူ၏စိတ်ဝင်စားမှုကို ရရှိနိုင်ပြီး၊ ကောင်း သောအမှတ်လက္ခဏာတစ်ခုကို ထင်ကျန်စေနိုင်ပါသည်။ အပြုံးလေးတွေ လှပအောင်လုပ်ဖို့ကတော့ သိပ်တော့ မလွယ်ကူလှပါဘူး။ သင်ဟာ နှစ်လိုဖွယ်အပြုံးကို ရရှိနိုင်ဖို့ အောက်ပါအချက် (၁၀)ချက်ကို လိုက်နာဖို့ လိုပါတယ်။

    ပြုံးလိုက်တိုင်းလှစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါ

    သွားကြားထဲမှာရှိတဲ့ အစာများကို သွားပွတ်ကြိုးဖြင့် နေ့စဉ် ရှင်းပါ

    သွားတိုက်ခြင်းသည် သွားကြားထဲတွင်ရှိသော အစာနှင့် သွားချေးအားလုံးကို မဖယ်ရှားနိုင်ပါဘူး။ သို့ပေမယ့် သွားပွတ်ကြိုးကတော့ ကူညီဖယ်ရှားနိုင်ပါတယ်။ ထိုသို့ နေ့စဉ်သွားကြားထဲရှိ အစာများကိုရှင်းလင်းခြင်းသည် သွားတွင် ကျောက်တည်ခြင်းကြောင့် ဖြစ်ပေါ်လာသော သွားနှင့်ပတ်သက်သော ရောဂါများ (ဥပမာ သွားဖုံးရိုးပျက်ဆီးခြင်း၊သွားကျိုးခြင်း၊သွားဖုံးရောင် ခြင်း)တို့ကို ကာကွယ်နိုင်ပါတယ်။

    တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ပါ

    သွားနှင့်သွားဖုံးများ ဖြူဖွေးကျန်းမာစေဖို့အတွက် တစ်နေ့ကို အနည်းဆုံး သွား (၂)ကြိမ်တိုက်သင့်ပါသည်။

    သွားဆရာဝန်နှင့် တစ်နှစ် (၂)ကြိမ်ပြပါ

    သွားတွင်ကပ်ငြိနေသော အညစ်အကြေးနှင့် အစွန်းအထင်းများကို ဖယ်ရှားဖို့အတွက် သွားဆရာဝန်နှင့် တစ်နှစ် (၂)ကြိမ် ပြသင့်သည်။ ထို့အပြင် အခြားသောသွားရောဂါများ (ဥပမာ သွားဖုံးသွေးယိုခြင်း၊ ခံတွင်းကင်ဆာ) ကို အချိန်မီသိရှိနိုင်သည်။ သွားနှင့် ခံတွင်းကို ပုံမှန်ဂရုစိုက်ခြင်းကြောင့် လှပသောအပြုံးနှင့် ကောင်းမွန်သောခံတွင်းကျန်းမာရေးကို ပိုင်ဆိုင်နိုင်မှာပါ။

    ဆေးလိပ်ဖြတ်ပါ

    ဆေးလိပ်သောက်ခြင်းသည် ခံတွင်းအနံ့ဆိုးခြင်း၊ သွားမည်းခြင်းနှင့် သွားဖုံးရောဂါများကို ဖြစ်စေနိုင်သည်။ ဒါကြောင့် သွားခံတွင်းကျန်းမာရေးနှင့် အလှအပအတွက် ဆေးလိပ်သောက်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်သည်။

    အရောင်ပါသော အဖျော်ယမကာများ

    ကော်ဖီ၊ လက်ဖက်ရည်နှင့် အနီရောင်ဝိုင်သည် အချိုဓါတ်နှင့် အက်စစ်ဓါတ် များစွာ ပါဝင်သောကြောင့် သွားများကို ပျက်ဆီးစေနိုင်ရုံသာမက သွားတွင် အရောင်စွန်းထင်းနိုင်ပါသည်။ ဒါကြောင့် အဖျော်ယမကာ သောက်သုံးတဲ့အခါ မှာ ပိုက်ကို အသုံးပြု၍ သောက်သုံးသင့်ပါသည်။ ထို့အပြင် ဖျော်ရည်များ သွားတွင် အကြာကြီး မတင်ကျန်စေဖို့ ရေ (သို့) ခံတွင်းသန့်စင်ဆေးရည်ြဖင့် ခံတွင်းကို ဆေးသင့်ပါသည်။

    ရေသောက်ပါ

    ရေသည် ကျန်းမာရေးနှင့် နုပျိုခြင်းအတွက် အကောင်းမွန်ဆုံးသောအရည် ဖြစ်သည်။ ၎င်းသည် သွားကို သန့်ရှင်းစေရုံသာမက အချိုနှင့်အက်စစ်ဓါတ်ကြောင့် သွားပိုးစားခြင်းကိုလည်း လျော့ချပေးနိုင်သည်။ သွားဆရာဝန်များကလည်း ရေသန့်ရေထက် ဖလိုရိုက် ပြည့်ဝစွာပါဝင်သော ပိုက်ခေါင်းမှလာသော ရေကို သောက်သုံးရန် အကြံပေးကြသည်။

    သင့်တော်သော သွားတိုက်တံကို ရွေးပါ

    သွားတိုက်ခြင်း၏ အကျိုးကျေးဇူးများ အပြည့်အ၀ ရရှိစေနိုင်ဖို့အတွက် သင့်၏ ခံတွင်းနှင့်သင့်တော်သော သွားအားလုံးကိုတိုက်နိုင်သော သွားတိုက်တံကို အသုံးပြုသင့်သည်။ သွားတိုက်ရာတွင် သက်သောင့်သက်သာရှိစေရန် သွားပွတ်တံ၏ လက်ကိုင်၊ ဒီဇိုင်းပုံစံများကို အဓိကထား၍ ရွေးချယ်သင့်သည်။

    သွားဖြူစေသော ကုန်ပစ္စည်းများကို သတိပြု၍ ရွေးချယ်ပါ

    သင်၏လိုအပ်ချက်ပေါ်မူတည်၍ အမျိုးမျိုးသော သွားဖြူစေသောပစ္စည်းများကို အသုံးပြုနိုင်သည်။ သင်သည် ကော်ဖီလက်ဖက်ရည်တို့ကို ပုံမှန်သောက်သုံးသူဖြစ်ပါက သွားဖြူစေသော သွားတိုက်ဆေးများနှင့် ခံတွင်းသန့်စင်ဆေးရည်များကို အသုံးပြုသင့်သည်။ Gel pens များသည် အနောက်သို့ဝင်နေသော သွားများကိုပင် သန့်စင်စေနိုင်သည်။ Custom Whitening trays နှင့် laser whitening ပစ္စည်းများသည် သွားများကို သိသိသာသာ ဖြူဖွေးစေနိုင်သော သွားဆရာဝန်သုံးပစ္စည်းများ ဖြစ်သည်။

    သင်၏ အခြားသောကျန်းမာရေးအခြေအနေများကို ဂရုစိုက်ပါ

    အန္တရာယ်ရှိသော ကျန်းမာရေးအခြေအနေ (သွေးတိုး၊ ဆီးချိုအဝလွန်ခြင်း နှင့် သွားကြိတ်ခြင်း) များသည် သင့်အပြုံးကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် မိမိတစ်ကိုယ်ရည်ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ကျန်းမာသော ဘဝ၊ လှပသော အပြုံးနှင့် လတ်ဆတ်သော ခံတွင်းနံ့များကို ရယူလိုက်ပါ။

    အချိန်မီ သွားကုသမှုခံယူပါ

    သွားကျန်းမာရေးအခြေအနေများကို သွားဆရာဝန်များသာ ကုသနိုင်သည်။ ဒါကြောင့် သွားပိုးစား ပျက်စီးနေပါက သွားဆေးခန်းသို့ အမြန်ဆုံးသွားသင့်သည်။ အချိန်မီကုသခြင်းဖြင့် သွား၏ခိုင်ခံ့မှုနှင့် ပုံစံကိုထိန်းသိမ်းနိုင်ပြီး အခြားသော သွားများကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်သည်။

    လှပသောအပြုံးရရှိဖို့အတွက် အချိန်နှင့်လုပ်အား လိုပါသည်။ တစ်ရက် တစ်ညနှင့် သိသာသောပြောင်းလဲမှု မဖြစ်နိုင်ပါ။ စိတ်ရှည်ပြီး နေ့စဉ် အလေ့အထ တစ်ခုအနေနှင့် ပြုလုပ်သွားမည်ဆိုလျှင် သင့်အပြုံးတွေ တစ်နေ့ တော့ လင်းလက်တောက်ပလာမှာပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandar Lin မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement