brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ညအိပ်ရာမဝင်ခင် သွားတိုက်ပါ

ညမအိပ်ခင်သွားတိုက်ရမယ်ဆိုတာကို အားလုံး သိထားပြီးဖြစ်ပေမယ့် လိုက်လုပ်တဲ့သူက သိပ်မများဘူးနော်။ တကယ်တော့ဒီစည်းကမ်းက လူတိုင်းလိုက်နာ သင့်တာပါ။ သိတော့ သိတယ်မလုပ်ဘူးဆိုတာက အပြစ်ပိုကြီးတယ်နော်။

ညအိပ်ရာမဝင်ခင် သွားတိုက်ပါ

သွားတိုက်သင့်တဲ့ အကြောင်းအရင်း

တစ်နေ့တာ စားလိုက်တဲ့အချိန်တိုင်းမှာ ခံတွင်းထဲမှာ စားကြွင်းစားကျန်တွေကျန်ခဲ့သလို ဘက်တီးရီးယားတွေကလည်းပေါက်ဖွားရှင်သန်နေကြပါတယ်။ အစားစားလိုက်တိုင်း ခံတွင်းထဲမှာ ကျန်ခဲ့တဲ့ စားကြွင်းစာကျန်တွေက ခံတွင်းထဲမှာ အက်ဆစ်ပမာဏကိုမြင့်တက်စေပြီး သွားကြွေလွှာတွေကို ပျက်စီးစေနိုင် သလို သွားပိုးစားတာနဲ့ ခံတွင်းပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ ခံတွင်းအနံ့ဆိုးဖြစ်တာနဲ့ သွားဖုံးသွေးယိုတာ၊ သွားချေးတွေတက်တာမျိုးတွေကိုလည်းဖြစ်စေနိုင်ပါသေးတယ်။

သွားမတိုက်ဘဲ ညအိပ်မယ်

ညဘက်မှာ မုန့်တွေစား တီဗွီတွေကြည့်လုပ်ပြီးအိပ်ချင်တာနဲ့ သွားမတိုက်ဘဲ ဝင်အိပ်လိုက်တယ် ဆိုတာက ကျန်းမာရေးကိုထိခိုက်စေတဲ့ အပြုအမူပါ။ တစ်နေုန်စားထားသမျှကို တာဝန်ကျေကျေလုပ်ပေးထားတဲ့ သွားတွေကိုညမအိပ်ခင်တော့ သန့်စင်ဖို့လိုပါမယ်နော်။ ညအိပ်စက်ချိန်မှာ ခန္ဓါကိုယ်ကပြုပြင်စရာရှိတာတွေကိုပြုပြင်တာပါ။ ဒီလိုအနားယူပြုပြင်မှုတွေထဲမှာ သွားနဲ့ခံတွင်းလည်းပါပါတယ်နော်။ ဒါကြောင့်ညဘက်အိပ်ချိန်မှာ သွားနဲ့ခံတွင်းလေးက သူတို့ရဲ့ပြုပြင်ရေး လုပ်ငန်းစဉ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့အတွက် ညမအိပ်ခင်လေးတော့ သွားတိုက်ပါနော်။

ဒီလိုမျိုး ညမအိပ်ခင် သွားတိုက်လိုက်တာက သွားကြားထဲက စားကြွင်းစာကျန်တွေကိုဖယ်ရှားလိုက်တာကြောင့် သွားပိုးစားတာ၊ ခံတွင်းနံ့ဆိုးဖြစ်တာနဲ့ သွားကြွေလွှာထိခိုက်တာတွေကို ကာကွယ်ပြီးသားဖြစ်သွားမှာပါ။ သွားမှာကျောက်တည်တာကိုလည်း ထိထိရောက်ရောက်ကာကွယ်နိုင်မှာပါနော်။ သွားဖုံးပြဿနာလည်း ကင်းစေမယ်ဆိုတာ အသေအချာပါ။

ညအိပ်ရာမဝင်ခင် သွားတိုက်ဖို့ မမေ့သင့်တဲ့အကြောင်းအရင်းတွေ

ညမအိပ်ခင်သွားတိုက်တာလေးက ဘာမှထူးမသွားလောက်ပါဘူးလို့ ထင်နေစရာရှိပါတယ်။ တကယ်တော့ အကျိုးထူးတွေအများကြီးပါနော်။ ညအိပ်ရာမဝင်ခင် သွားတိုက်တာက

  • ခံတွင်းနံ့ကင်းစေတယ်
  • သွားနဲ့ခံတွင်းကို ကျန်းမာစေနိုင်တယ်
  • သွားတွေဖြူဖွေးကြံ့ခိုင်စေလို့ပြုံးလိုက်တိုင်းလှနေစေနိုင်တယ်
  • ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေနိုင်တယ်
  • သွားဖုံးပြဿနာကင်းတယ်
  • နှလုံးရောဂါကာကွယ်ရာရောက်တယ်
  • ဆီးချိုရောဂါကာကွယ်ရာရောက်တယ်
  • အယ်လ်ဇိုင်းမားမဖြစ်အောင် ကာကွယ်ရာရောက်တယ်
  • လမစေ့ဘဲ ကလေးမွေးနိုင်ခြေနည်းစေတယ်
  • မျိုးအောင်နိုင်စွမ်းကိုမြင့်တက်စေနိုင်တယ်
  • ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကနေ ကာကွယ်နိုင်တယ်။

ဒီလိုမျိုး အကျိုးများတဲ့ သွားတိုက်မှုကို ဘာကြောင့်များ မတိုက်ဘဲနေမှာလဲ။ အခုပဲ စပြီး ညဘက်သွားတိုက်တဲ့ အကျင့်မွေးမြူလို့ ရောဂါဆိုးတွေကို လက်ပြနှုတ်ဆက်လိုက်ပါနော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/10/2022 ဖြစ်ပါသည်။