backup og meta

ဆီးကျိတ်ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးမယ့် ရွှေမှုန်ကုထုံး

ဆီးကျိတ်ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးမယ့် ရွှေမှုန်ကုထုံး
ဆီးကျိတ်ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးမယ့် ရွှေမှုန်ကုထုံး
ဆီးကျိတ်ကင်ဆာကုသရာမှာ ကင်ဆာဆဲလ်ေတွကို ပစ်မှတ်ထားတိုက်ဖျက်နိုင်ဖို့ရွှေမှုန်လေးတွေကို အသုံးပြုတဲ့ကုထုံးနဲ့ စမ်းသပ်သုတေသနပြုတာ အလားအလာကောင်းတဲ့ရလဒ်တွေရှိလာပြီလို့ဆေးပညာသတင်းတွေမှာဖော်ပြထားပါတယ်။
တချို့ရောဂါတွေအတွက် လက်ရှိအသုံးပြုနေတဲ့ ဓါတုဆေးဝါးကုထုံးတွေက ကင်ဆာဆေးတွေပမာဏအများကြီးသုံးရပြီး ဘေးထွက်ဆိုးကျိုးပြင်းထန်ကြပါတယ်။ ကင်ဆာဆေးတွေက ခန္ဓါကိုယ်ထဲရောက်တဲ့အခါ အကျိတ်တွေကိုချေဖျက်နိုင်၊သေးသွားစေနိုင်ပေမယ့် အရေးကြီးကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေပြီး ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို ပျက်ယွင်းစေနိုင်ပါတယ်။ အခု မစ်ဆာရီတက္ကသိုလ်က ပညာရှင်တွေရဲ့သုတေသနမှာတော့ လက်ဖက်ရွက်ကရတဲ့ ဒြပ်ပေါင်းတစ်ခုနဲ့ နာနိုရွှေမှုန်လေးတွေကိုအသုံးပြုပြီး ဆီးကျိတ်ကို ကုသနိုင်မယ့် နည်းလမ်းကိုတွေ့ရှိခဲ့တာပါ။ ဒီကုထုံးသစ်မှာ သုံးရတဲ့ဆေးပမာဏဟာ ဓါတုဆေးဝါးကုထုံးတွေထက် ပိုနည်းပြီး ဘေးထွက်ဆိုးကျိုးပိုနည်းလို့ တခြားကျန်းမာတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို သွားမထိခိုက်စေနိုင်ဘူးလို့ ဆိုပါတယ်။

ဆီးကျိတ်ကင်ဆာက ကုသလို့ရနိုင်တဲ့ရောဂါဖြစ်ပြီးစောစောကုသနိုင်ရင် အခွင့်အလမ်းပိုကောင်းပါတယ်။ ဒါပေမယ့် ကုထုံးတွေက ခံရမသက်သာတဲ့အပြင်ဘေးထွက်ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။ သူ့အတွက်သုံးတဲ့ ကုထုံးတွေထဲမှာ ဓါတ်ရောင်ခြည်ကုထုံး၊ ဓါတုဆေးဝါးကုထုံး၊ အအေးဓါတ်ကုထုံး၊ဆီးကျိတ်ဂလင်းနဲ့အနီးတဝိုက်တစ်ရှူးတွေ ခွဲစိတ်ဖယ်ရှားတဲ့ကုထုံးတို့ ပါဝင်ပါတယ်။

ဘယ်လိုကုသလဲ

အရင်ကင်ဆာကုထုံးတွေလို ထိုးဆေးအများကြီးသုံးရတဲ့အစား တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ထိုးသွင်းပေးရုံနဲ့ရွှေမှုန်တွေက ကင်ဆာအကျိတ်တွေအနီးကို ကပ်သွားစေမယ့်နည်းဖြစ်ပါတယ်။ နာနိုအမှုန်တွေက အကျိတ်တွေနားမှာ ကပ်တွယ်နိုင်စေဖို့ကို လက်ဖက်ကရတဲ့ ဒြပ်ပေါင်းတစ်မျိုးက ကူညီပေးတာဖြစ်ပါတယ်။

ရွှေမှုန်လေးတွေက ကင်ဆာဆဲလ်တွေကိုရှာဖွေပြီးရင် ဆဲလ်တွေထဲဝင်ရောက်သွားပါလိမ့်မယ်။ အဲဒီအခါမှ ပညာရှင်တွေက လေဆာသုံးပြီး နာနိုမှုန်တွေကိုလှုံ့ဆော်မယ်၊ တုန်ခါစေပြီးအပူချိန်ပြောင်းလဲစေမယ့်နည်းနဲ့ ကင်ဆာဆဲလ်တွေကို သေစေမှာဖြစ်ပါတယ်။ဘေးထွက်ဆိုးကျိုးနည်းပြီး အလားအလာကောင်းတဲ့ ဒီကုထုံးသစ်က ကုသမှု ၂၈ ရက်အတွင်း ကင်ဆာကျိတ်ကို သိသိသာသာလျော့သွားစေနိုင်တယ်လို့ သိရပါတယ်။

ဒီကုထုံးက ကင်ဆာကျိတ်တွေရဲ့ဘေးပတ်လည်က ကျန်းမာတဲ့တစ်ရှူးတွေ (အရေးပါတဲ့အာရုံကြောတွေနဲ့ ဆီးထိန်းကြွက်သားတွေအပါအဝင်) ကို မထိခိုက်စေပါဘူး။ ဒါ့ကြောင့် ဆီးအောင့်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းတို့လို ဆီးကျိတ်ကင်ဆာရဲ့အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.medicalnewstoday.com/articles/323875.php

Accessed Jan 1, 2019.

https://www.sciencedaily.com/releases/2012/07/120716152300.htm

Accessed Jan 1, 2019.

ယခုပုံစံ

06/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးမထိန်းနိုင်ခြင်း

ဆီးသွားရင် နာကျင်ရတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement