backup og meta

အကိုက်အခဲပျောက်ဆေးတွေကို ခဏခဏသောက်နေတာလား

အကိုက်အခဲပျောက်ဆေးတွေကို ခဏခဏသောက်နေတာလား

အကိုက်အခဲပျောက်ဆေးတွေကို ခဏခဏသောက်နေတာလား …… ဘာလို့ ဒီမေးခွန်းကို မေးရလဲဆိုတော့ ဆေးဆိုင်မှာ အရောင်းရဆုံးက ဒီဆေးတွေပါပဲ။ အိမ်မှာလည်း ဘာမှမရှိရင်တောင် အကိုက်အခဲပျောက်ဆေးတွေတော့ ဆောင်ထားတတ်ကြပါတယ်။

အကိုက်အခဲပျောက်ဆေးတွေကို ခဏခဏသောက်နေတာလား

ခုလိုမိုးတွင်းဆိုရင် မိုးလေးမိလိုက် အဆစ်လေးတွေ ကိုက်လိုက် ဆေးလေးသောက်လိုက်၊ အလုပ်ပင်ပန်းလို့ ကိုယ်လက်တွေနာလိုက် ဆေးလေးသောက်လိုက်နဲ့ သတိမထားမိလိုက်ဘဲ ခဏခဏသောက်နေမိနိုင်ပါတယ်။

ဒါတွေက တစ်ရက်တလေဆိုရင် ပြဿနာ မရှိပေမယ့် နေ့စဉ်ရက်ဆက်လာတဲ့အခါ ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာပါတယ်။

အထူးသဖြင့် နဂိုတည်းက အစာအိမ်မကောင်းတဲ့သူ၊ ကျောက်ကပ်မကောင်းတဲ့သူ၊ အသည်းမကောင်းတဲ့သူ၊ အသက်ကြီးတဲ့သူတွေဆိုရင် ပိုပြီးခံရမှာပါ။

အကိုက်အခဲပျောက်ဆေးတွေကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ခံစားရမှာလဲဆိုတာနဲ့ ခဏခဏ မသောက်မိအောင် ဘယ်လိုဆင်ခြင်ရမလဲဆိုတာ ပြောပြပေးပါမယ်။

အသုံးများတဲ့ အကိုက်အခဲပျောက်ဆေးများ

ခုအောက်မှာ ဆက်ပြောမှာကတော့ ဆေးဆိုင်တွေမှာ ဆရာဝန်ဆေးစာမလိုဘဲ ဝယ်လို့ရတဲ့ (over the counter) အသုံးများတဲ့ အကိုက်အခဲပျောက်ဆေးတွေအကြောင်းပါ။

ဒီအက်စပရင်က လူကြီးတွေသောက်တဲ့ သွေးကျဲဆေး အက်စပရင်နဲ့ နည်းနည်းကွာပါတယ်။ အကိုက်အခဲပျောက်ဆေးအနေနဲ့ သုံးတာက ဆေးပမာဏ (dosage) ပိုများပါတယ်။  Non Steroidal Anti inflammatory drugs (NSAIDs) စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ အုပ်စုဝင်ပါ။

မြန်မာနိုင်ငံမှာတော့ တခြားအကိုက်အခဲပျောက်ဆေးတွေနဲ့စာရင် အသုံးနည်းပါတယ်။

ဒီဆေးက ကိုက်တာခဲတာကို သက်သာစေတာမှန်ပေမယ့် ရေရှည်သောက်မယ်ဆိုရင် အစာအိမ်သွေးယိုတာ ဖြစ်တတ်ပါတယ်။ သာမန် အစာမကြေတာမျိုးကနေစလို့ အစာအိမ်အနာအထိတောင် ဖြစ်နိုင်ပါတယ်။ အများကြီးသောက်မိမယ်ဆိုရင် ကျောက်ကပ်ပျက်တဲ့အထိ ဖြစ်တတ်ပါတယ်။

ကလေးတွေမှာဆိုရင် Reye’s syndrome ဝင်ပြီး ဦးနှောက်နဲ့ အသည်း ပျက်စီးတတ်တာမို့ အက်စပရင်မတိုက်ရပါဘူး။

  • Acetaminophen (အစီတမီနိုဖန်/ပါရာစီတမောလ်)

လူအများသိတဲ့ ပါရာစီတမောဆိုတဲ့ ဆေးပါ။ ဖျားတာအပြင် နာကျင်ကိုက်ခဲတာကိုပါ သက်သာစေပါတယ်။ အစာအိမ်ထိခိုက်ခြင်း မရှိတဲ့အတွက် အသက်ကြီးတဲ့သူတွေ၊ အစာအိမ်ဝေဒနာရှင်တွေအတွက်လည်း သင့်တော်ပါတယ်။

ဒါပေမယ့်လည်း အများကြီးသောက်မိမယ် … ဆေးသောက်နေတဲ့အချိန် အရက်သောက်မိမယ်ဆိုရင် အသည်းကို ထိခိုက်တတ်ပါတယ်။

  • Diclofenac (ဒိုင်ကလိုဖီးနက်)

ဒီဆေးကလည်း မြန်မာနိုင်ငံမှာ အသုံးအများဆုံးအကိုက်အခဲပျောက်ဆေးတွေထဲက တစ်ခုဖြစ်ပါတယ်။ NSAIDs အုပ်စုထဲမှာပါဝင်ပြီးတော့ ဘေးထွက်ဆိုးကျိုးများတဲ့ ဆေးတစ်ခုလည်းဖြစ်ပါတယ်။

တခြားအကိုက်အခဲပျောက်ဆေးတစ်မျိုး သို့မဟုတ် နှစ်မျိုးပါ ပေါင်းစပ်ထည့်ထားတဲ့ ပိုပြင်းတဲ့ အမျိုးအစားတွေလည်းရှိတတ်ပါတယ်။

  • Ibuprofen (အိုင်ဗျူပရိုဖန်)

ဒီဆေးကို နောက်ပိုင်း အက်စပရင်နေရာမှာ အစားထိုး သုံးလာကြပါပြီ။ သူကလည်း NSAIDs အမျိုးအစားပါပဲ။ အက်စပရင်ထက် ပိုကောင်းပြီး ဘေးထွက်ဆိုးကျိုးနည်းတယ်ဆိုပေမယ့် ရေရှည်မှာ အစာအိမ်နဲ့ ကျောက်ကပ်ထိခိုက်နိုင်တာကတော့ အမှန်ပါပဲ။ ဒါကြောင့် အစာစားပြီးမှ သောက်ခိုင်းတာပါ။

  • Naproxen (နာပရောက်စန်)

NSAIDsပဲ ဖြစ်တဲ့အတွက် အလားတူဆိုးကျိုးတွေ ခံစားရမှာပါ။ အစာအိမ်သွေးယိုပြီး ဗိုက်အောင့်တာ၊ ကျောက်ကပ်ပျက်စီးတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေးတွေကို ခဏခဏမသောက်မိဖို့ဆိုရင် တခြားဘာနည်းလမ်းတွေသုံးလို့ရလဲ

ကိုယ်လက်ကိုက်တယ်ဆိုတာက အဖြစ်များတဲ့ ပြဿနာ၊ ခံရခက်တဲ့ ဝေဒနာဆိုတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေမခံစားရဘဲ ကိုက်တာခဲတာလည်း သက်သာချင်တယ်ဆိုရင် ဒီနည်းလမ်းတွေကို သုံးကြည့်ပါ။

ကိုက်တဲ့ ခဲတဲ့နေရာကို တတ်နိုင်သမျှငြိမ်ငြိမ်လေးနေပြီး အနားပေးပါ။ ကိုက်ခဲတဲ့နေရာကို သုံးပြီး အလေးအပင်မတာမျိုး၊ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်တာမျိုး မလုပ်ပါနဲ့။ တစ်ရက် နှစ်ရက် သေချာနားလိုက်ရင် ကိုက်တာခဲတာ သက်သာသွားမှာပါ။

စဖြစ်ဖြစ်ချင်းဆို အေးတာလေး ကပ်ပေးပြီး ၃ရက်ကျော်လို့မှ မသက်သာရင် ဒဏ်ရာဟောင်း ဖြစ်သွားပြီမို့လို့ ပူတာလေး ကပ်ပေးပါ။ ဖြစ်ဖြစ်ချင်းမှာ ကိုက်တဲ့ နေရာကို ရေခဲကပ်ပေးရင် သက်သာပါတယ်။ ရေခဲကအေးလွန်းရင် ခုခေတ် လွယ်လွယ်ဝယ်လို့ရတဲ့ ဆေးပလာစတာလေးတွေ ကပ်လို့ရပါတယ်။

ဥပမာ Mentholပါတဲ့ ပလာစတာဆိုရင် ကိုက်ခဲတဲ့နေရာမှာ ကပ်ထားလိုက်ရင် ပရုတ်အေးကြောင့် ဆက်တိုက်အေးနေတော့ နေလို့ကောင်းပါတယ်။ သွေးလည်ပတ်မှုလည်းကောင်းစေတဲ့အတွက် ကိုက်ခဲမှုကို မြန်မြန်သက်သာစေပါတယ်။ ဒါကြောင့် ဆေးမသောက်ချင်ဘူးဆိုရင် ဒီလိုနည်းလမ်းနဲ့ သက်သာအောင် လုပ်လို့ရပါတယ်။

  • အကိုက်အခဲပျောက်ဆေးကို စနစ်တကျသောက်ပါ။

ဆရာဝန်ဆေးစာမလိုတဲ့ ဆေးတွေဆိုရင် ဆေးပမာဏ ဘယ်လောက်အထိသောက်နိုင်တယ် ဘယ်နှကြိမ် သောက်ရမယ်ဆိုတာမျိုးကို အရင်သိအောင် လေ့လာပါ။

  • နားလည်တတ်ကျွမ်းသူကိုမေးပါ။

ဆရာဝန်ညွှန်ကြားထားတဲ့ဆေးဆိုရင်တော့ ညွှန်ကြားချက်အတိုင်းပဲသောက်ပါ။ ပိုသောက်တာမျိုးမလုပ်ပါနဲ့။ အကိုက်အခဲပျောက်ဆေးတိုင်းကို အစာစားပြီးမှ သောက်ပါ။

နည်းနည်းစကိုက်ခဲလာတာနဲ့ အကိုက်အခဲပျောက်ဆေးတွေကို သောက်မယ်ဆိုရင် ကြောက်စရာကောင်းတဲ့ ဆိုးကျိုးတွေကို သတိရပါ။ ရေတိုမှာ အခန့်မသင့်ရင် အစာအိမ်ရောင်သွားတာ၊ အစာအိမ်ပေါက်တာမျိုးအထိဖြစ်သွားတတ်သလို ရေရှည်ဆိုရင်လည်း ကျောက်ကပ်ပျက်စီးတာကနေ လူ့သက်တမ်းပါတိုသွားစေနိုင်တာမို့ စိုးရိမ်စရာကောင်းလှပါတယ်။

ဒါကြောင့်မို့ အကိုက်အခဲပျောက်ဆေးတွေအစား တခြားနည်းလမ်းတွေနဲ့ သက်သာအောင် အရင်လုပ်ကြည့်ဖို့  အကြံပြုလိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/pain-management/pain-medication-side-effects#1

https://www.healthline.com/health/muscle-aches#home-remedies

ယခုပုံစံ

06/02/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခေါင်းကိုက်ခြင်း အကြောင်းရင်းများနှင့် သက်သာအောင် ပြုလုပ်နည်းများ

အားကစားလုပ်လို့ဖြစ်တဲ့ ဒဏ်ရာနဲ့ နာကျင်ကိုက်ခဲမှုတွေ အမြန်သက်သာစေမယ့် အကြံပေးချက် (၁၀) ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement