backup og meta

အာသာဖြေခြင်း နဲ့ပတ်သတ်ပြီး အမှန်၊ အမှား သိကြစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာသာဖြေခြင်း နဲ့ပတ်သတ်ပြီး အမှန်၊ အမှား သိကြစေဖို့

    အာသာဖြေခြင်း နဲ့ပတ်သတ်ပြီး အမှန်၊ အမှား သိကြစေဖို့

    အာသာဖြေခြင်း ဆိုတာ ကျွန်တော်တို့ တစ်ယောက်တည်းရှိနေတဲ့အချိန် လုပ်လေ့ရှိတတ်ကြတဲ့ Sex ပုံစံ တစ်မျိုးဖြစ်ပါတယ်။ လူတိုင်းနီးပါး အာသာဖြေခြင်းကို အသက်အရွယ်တစ်ခု ရောက်ရင်လုပ်တတ်ကြပေမဲ့ လူအများစုက ဒီအချက်နဲ့ ပတ်သတ်ပြီး မပြတ်မသား ရှက်ကြောက်တတ်ကြပါတယ်။ ရှက်ရွံ့ရခြင်းအကြောင်းရင်းကတော့ ငယ်ငယ်က သူတို့ အာသာဖြေရင်း မိဘတွေ မိသွားတဲ့အချိန် အဆူခံခဲ့ရတာကြောင့်တာပဲဖြစ်ဖြစ်၊ အာသာဖြေခြင်းကို မလုပ်သင့်တဲ့ အချက်ဖြစ်ကြောင်း သူတို့ကိုယ်၌က ခံစားနေကြလို့လည်း ဖြစ်ပါတယ်။

    တကယ့် အဖြစ်မှန်ကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းဆိုတာ ဘယ်အသက်အရွယ်မှာပဲ လုပ်လုပ် ပုံမှန်ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ကလေးအရွယ်တုန်းကတော့ လိင်ပိုင်းဆိုင်ရာခံစားမှု အနည်းငယ်ကို ရချင်လို့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ အပျိုပေါက်၊ လူပျိုပေါက် ဖြစ်လာချိန်ကြတော့ အဖော်ဖြစ်သူနဲ့ နှစ်ဦးနှစ်ဖက် အပေးအယူမျှအောင်နဲ့ အဖော်ဖြစ်သူနဲ့ လက်တွဲပြီး ကိုယ်အိုးကိုယ်အိမ်ထူထောင်ချင်စိတ်ကို တိုးမြှင့်ပေးစေတဲ့ အရာတစ်ခု အဖြစ်လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

    အရွယ်ရောက်တဲ့အချိန်မှာတော့ အာသာဖြေခြင်းဟာ မိသားစုတွေမှာ ပိုရှုပ်ထွေးလာတဲ့ ပြဿနာတစ်ရပ်ဖြစ်လာပါတယ်။ ကျွန်တော်တို့ ကလေးတွေတွေ အာသာဖြေနေတာကို ကျွန်တော်တို့ တွေ့လိုက်ရရင် ဘယ်လိုတုံ့ပြန်မလဲ။ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံနေရရင် အာသာဖြေခြင်းကို လုံးဝရပ်တန့်လိုက်သင့်လား၊ စတဲ့ အာသာဖြေခြင်းနဲ့ ပတ်သတ်ပြီးအမှန်အမှားတွေကို ဒီဆောင်းပါးထဲမှာ ဖော်ပြပေးသွားမှာပါ ။

    ၁။ အာသာဖြေတတ်တဲ့ ကလေးတွေဟာ ငယ်ငယ်လေးမှာပဲ လိင်ဆက်ဆံတတ်ကြတယ်။ ( အမှား)

    ကလေးငယ်တိုင်းနီးပါဟာ ကိုယ့်ဘာသာ လိင်စိတ်နှိုးဆွတတ်ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို အထိအတွေ့နဲ့ စူးစမ်းတတ်ကြပြီး တချို့အင်္ဂါတွေက သူတို့ကို သာယာစေသလို တချို့ အင်္ဂါတွေက နာကျင်နိုင်ကြောင်း စူးစမ်းခြင်းမှ သိလာကြပါတယ်။ မိဘတွေအနေနဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်း ဟာ တစ်ကိုယ်တည်းရှိတဲ့အချိန်မှာ လုပ်ရတာ ဖြစ်ကြောင်း သင်ပေးဖို့လိုပြီး ကိုယ်ပိုင်အိပ်ခန်းလို နေရာမျိုးမှာသာ ပြုလုပ်သင့်ကြောင်း ကလေးတွေကို သင်ပေးဖို့လိုအပ်ပါတယ်။

    လေ့လာချက်များအရတော့ မိဘများက ကလေးများကို အသက်အရွယ်အလိုက် ခန္ဓာကိုယ်အင်္ဂါများအကြောင်း၊ လိင်မှုကိစ္စဆိုင်ရာ လုပ်ဆောင်ချက်များကို သင်ကြားပေးခြင်းဟာ လိင်မှုကိစ္စကို အဆင်အခြင်မရှိလုပ်ခြင်းကို လျော့ကျစေနိုင်သလို အရွယ်ရောက်တဲ့အချိန်မှာ လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး ဆင်ကန်းတောတိုး လုပ်ဆောင်ခြင်းကို နည်းပါးစေနိုင်တယ်လို့ဆိုပါတယ်။ ကလေးငယ်ဘဝမှာကတည်းက တရားလွန် တစ်ကိုယ်ရည် အာသာဖြေခြင်းကို လုပ်ဆောင်နေပြီဆိုရင်တော့ မိဘများအနေနဲ့ ဒီကလေး စိတ်ညစ်နေသလား၊ လျစ်လျူရှုထားခြင်း ခံနေရသလား၊ စိတ်ဖိစီးနေသလားဆိုတာ သေချာစဉ်းစားသင့်နေပါပြီ။

    ၂။ အရွယ်ရောက်လို့ လိင်ဆက်ဆံဖော်ရှိနေရင် တစ်ကိုယ်ရည် အာသာဖြေခြင်း ကို လုပ်စရာမလိုတော့ဘူး။ (အမှား)

    လူအများစုဟာ သူတို့ရဲ့ သက်တမ်းတစ်လျှောက် တစ်ကိုယ်ရည် အာသာဖြေတတ်ကြပါတယ်။ သန္ဓေသားအရွယ် ကလေးဘဝကတည်းက လိင်အင်္ဂါတွေနဲ့ ပတ်သတ်ပြီး သာယာမှုကို ခံစားတတ်ကြကြောင်း ပြနေတဲ့ Ultrasound, Sonogramတွေ ရှိပါတယ်။ အသက်ကြီးတဲ့ အရွယ်အထိလည်း တစ်ကိုယ်ရည် အာသာဖြေခြင်းကို လုပ်နေကြတဲ့ လူတွေလည်းရှိပါတယ်။ အရွယ်ရောက်လို့ အိမ်ထောင်ကျပြီဆိုတာနဲ့ အိမ်ထောင်ဖက်နဲ့ အတူ လိင်ပိုင်းဆိုင်ရာ ခံစားချက်များကို ဝေမျှပြီး ပျော်ရွှင်ဖွယ် လိင်မှုဆက်ဆံရေးတစ်ခုရှိဖို့ကလည်း အရေးကြီးပါတယ်။

    ဒါပေမဲ့လည်း တစ်ခါတစ်ရံမှာ လိင်မဆက်ဆံချင်ဘဲ မိမိ တစ်ကိုယ်ရည်သာယာမှုကို ခံစားလိုတဲ့ အချိန်တွေလည်းရှိနိုင်ပါတယ်။ ဒါဟာ သူတို့အနေနဲ့ စိတ်ဖိစီးမှု လျော့ကျစေဖို့အတွက် လုပ်ဆောင်ကြတာလည်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ လူတော်တော်များများဟာ သူတို့အဖော်နဲ့ လိင်ဆက်ဆံချိန်ဖြစ်ပေါ်တဲ့ သာယာမှုနဲ့ အာသာဖြေချိန်ဖြစ်ပေါ်တဲ့ သာယာမှုတို့ဟာ ဘာတွေ ကွာခြားသလဲဆိုတာ စစ်ဆေးဖို့လုပ်တတ်ကြပါတယ်။ တချို့တွေကျတော့ ဘာအကြောင်းရင်းမှ မရှိဘဲ ခံစားလို့ကောင်းတဲ့အတွက်ကြောင့်သာ လုပ်ကြတာ ဖြစ်ပါတယ်။

    ၃။ အိမ်ထောင်ဖက်နဲ့ လိင်ခံစားမှု မပြည့်ဝလို့ တစ်ကိုယ်ရည် အာသာဖြေကြတယ်။ (အမှား)

    ဒါနဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင် ကေသီ ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ခင်ပွန်း ဘရီယန်တစ်ယောက် မနက်ခင်း ရေချိုးခန်းမှာ အာသာဖြေနေတာကို တွေ့လိုက်ရပါတယ်။ ပက်ပင်းမိသွားတဲ့ အချိန်မှာတော့ ဘရီယန်က ဒီအလုပ်ကို သူမနက်တိုင်းလုပ်လေ့ရှိတဲ့အကြောင်း ဝန်ခံတော့ ကေသီတစ်ယောက် ပိုပြီး စိတ်ချောက်ချားသွားပါတော့တယ်။ သူမ စိတ်ချောက်ချားအကြောင်းရင်းကတော့ ဘရီယန်ဟာ သူမက လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု (Sexy) မကျလို့ လုပ်နေတာဖြစ်ကြောင်း ထင်လိုက်မိလို့ပါ။

    ဒါပေမဲ့ ဘရီယန်က သူ အာသာဖြေနေတာဟာ သူမ ကြောင့်မဟုတ်ပဲ ခံစားချက်ကောင်းမွန်ပြီး မြန်ဆန်တဲ့ နည်းလမ်းဖြစ်တဲ့အတွက် လုပ်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။ “ ငါမင်းကို စိတ်ပျက်နေလို့ ဒီလို အာသာဖြေနေတာ မဟုတ်ပါဘူးကွာ။ ငါအနေနဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ ငါတို့နှစ်ယောက် လိင်ဆက်ဆံခြင်း ဆိုတဲ့ ၂ ခုဟာ မတူဘူးဆိုတာ နားလည်ထားပါတယ်။” လို့ ဘရီယန်က ဆိုပါတယ်။

    ၄။ အာသာဖြေခြင်း က သင့်ခန္ဓာကိုယ်အကြောင်း ပိုသိလာစေနိုင်တယ်။ (အမှန်)

    ယောက်ျားလေး အများစုဟာ အရွယ်ရောက်တာနဲ့ တစ်ကိုယ်ရည် အာသာဖြေတတ်ကြပြီး လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်း ( Orgasm ) ကိုခံစားဖူးကြတာ ဖြစ်ပါတယ်။ အမျိုးသမီး ၇၅ ရာခိုင်နှုန်းကတော့ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်း ( Orgasm ) ကို တစ်ကိုယ်ရည် အာသာဖြေခြင်းမှ ခံစားကြတာပါ။ လိင်ဆက်ဆံဖော်နဲ့ ဆက်ဆံစဉ် လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့ ခက်ခဲနေတဲ့ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ကုသပေးသူတွေက လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် တစ်ကိုယ်ရည် အာသာဖြေနည်းကို စမ်းကြည့်သင့်ကြောင်း တိုက်တွန်းတတ်ကြပါတယ်။ ( လူနာဖြစ်သူ အမျိုးသမီးက ကိုယ်ကျင့်တရားကျင့်ဝတ် စံနှုန်းများအရ တစ်ကိုယ်ရည် အာသာဖြေခြင်းကို မလုပ်ဆောင်ဘူးဆိုရင်တော့ လိင်ပိုင်းဆိုင်ရာကုသပေးသူတွေက တခြားနည်းလမ်းကို လမ်းညွှန်လေ့ရှိပါတယ်။ )

    ၅။ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့ အတွက် အမြန်ဆုံး နည်းလမ်းဖြစ်တယ်။ (အမှန်)

    အမျိုးသမီးအများစုက လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် တစ်ယောက်တည်းဆိုရင် ၂ မိနစ်လောက်ကြာပေမဲ့ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံချိန်ဆို ၄၅ မိနစ်အထိ ကြာတတ်ကြပါတယ်။ တစ်ကိုယ်ရည် အာသာဖြေတယ်ဆိုတာက မိမိကိုယ်တိုင် လိင်ခံစားမှု လိုချင်တဲ့အတွက် လုပ်ဆောင်တာ ဖြစ်ပြီး အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံတာကျတော့ အဖော်ဖြစ်သူက တောင်းဆိုတဲ့အတွက် လိင်ဆက်ဆံရတာလည်း ဖြစ်နိုင်ပါတယ်။

    ဒါကြောင့် မိမိကိုယ်တိုင် လိုလိုလားလားဖြစ်နေတဲ့အချိန်မှာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းက ပိုမြန်တာပါ။ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံချိန်မှာတော့ ကိုယ်ကလည်း လိင်မှုကိစ္စ ခံစားဖို့ ဆန္ဒမရှိနေဘူးဆိုရင်၊ ကိုယ့်ရဲ့ အဖော်ကလည်း လိင်ခံစားမှု တိုးမြှင့်ပေးနိုင်တဲ့ နေရာတွေ၊ သက်ဆိုင်ရာအင်္ဂါအလိုက် သင့်တင့်တဲ့ ဖိအားကို မသုံးဘူးဆိုရင် လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်း (Orgasm) ရောက်ဖို့ ပိုခက်ခဲပါတယ်။

    ၆။ တစ်ကိုယ်ရည် အာသာဖြေခြင်းကို အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံတာထက် ကြိုက်နှစ်သက်ကြတယ်။ (မှန်၊ မှား)

    လူတစ်ယောက်အနေနဲ့ လိင်ဆက်ဆံတာကို ကြိုက်နှစ်သက်နိုင်သလို တစ်ကိုယ်ရည် အာသာဖြေခြင်း ကို ပိုကြိုက်ကြတဲ့ လူတွေလည်းရှိပါတယ်။ လူအများစုက တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ စိတ်ကျေနပ်စရာ ကောင်းတဲ့ အလုပ်လို့ ခံယူထားပေမယ့် အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံတာလောက် အချင်းချင်း ရင်းနှီးမှုနဲ့ ခံစားမှုတို့ကို မပေးစွမ်းနိုင်ပါဘူး။

    တစ်ခါတစ်ရံမှာ တော့ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံတာက စိတ်ပျက်ဖို့ကောင်းတဲ့အခါ လူအများစုက တစ်ကိုယ်ရည် အာသာဖြေခြင်းကို လုပ်တတ်လေ့ရှိပါတယ်။ တကယ်လို့ ကိုယ်က တစ်ကိုယ်ရည် အာသာဖြေခြင်းကို လက်တွဲဖော်နဲ့ လိင်ဆက်ဆံတာထက် ပိုကြိုက်နှစ်သက်နေပြီဆိုရင် လိင်ပိုင်းဆိုင်ရာ ကုသမှု ခံယူသင့်သလို နှစ်ဦးသဘောတူ ဆွေးနွေးမှုတွေ ပြုလုပ်သင့်ပါတယ်။

    နိဂုံးချုပ်

    နိဂုံးချုပ်ရရင် တစ်ကိုယ်ရည် အာသာဖြေခြင်းဆိုတာ ကလေးဘဝတည်းက စခဲ့တဲ့လုပ်ငန်းတစ်ရပ်ဖြစ်ပြီး လူကြီးဘဝရောက်လို့ ကိုယ့်မှာ သာယာဖို့ကောင်းတဲ့ လိင်ပိုင်းဆိုင်ရာ လက်တွဲဖော်ရှိနေရင်တောင် လုပ်နေဦးမယ့် လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းလုပ်တယ်ဆိုတာကို ဝန်ခံရတာ ရှက်ဖို့ ကောင်းပေမဲ့ လူတိုင်းနီးပါး သူတို့ရဲ့ သက်တမ်း တစ်လျှောက်မှာ လုပ်ဖူးကြတဲ့ လုပ်ငန်းတစ်ရပ်ပါ။ ဒါ့အပြင် လိင်မှုဆိုင်ရာ သတ္တဝါတစ်ယောက်ရဲ့ ပုံမှန် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement