backup og meta

ဖေဖေဖြစ်နိုင်မယ့် အခွင့်အရေးကို အခုလို မြှင့်တင်ပါ

ဖေဖေဖြစ်နိုင်မယ့် အခွင့်အရေးကို အခုလို မြှင့်တင်ပါ

အမျိုးသားတိုင်း မဟုတ်ရင်တောင် အမျိုးသား အများစုမှာ ဖေဖေ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ ရှိစမြဲပါ။ ဒီလို စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက်က ပုံမှန် ကိုယ်လက်နှီးနှောမှု (တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်) ရှိဖို့ လိုအပ်သလို အိမ်ထောင်ဖက် အမျိုးသမီးရဲ့ သားဥကြွေမယ့်ရက် နီးချိန်မှာ သတိထားပြီး ကိုယ်လက်နှီးနှောဖို့လည်း လိုပါမယ်။  ဒါမှလည်း ဖေဖေ ဖြစ်နိုင်မယ့် အခွင့်အရေး ပိုရှိမှာပေါ့။ ဒီတစ်ခေါက်တော့ ဒီအချက်တွေအပြင် ဖေဖေဖြစ်နိုင်မယ့် အခွင့်အရေးကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

ဖေဖေဖြစ်နိုင်မယ့် အခွင့်အရေးကို အခုလို မြှင့်တင်ပါ

ဖေဖေဖြစ်နိုင်မယ့် အခွင့်အရေးကို အခုလို မြှင့်တင်ပါ ….. ဘယ်လိုလဲ ဆိုတော့

  • အရက်လျှော့ပါ ဒါမှမဟုတ် အရက်ဖြတ်ပါ

အရက်က မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ အရက် အများကြီးသောက်လေလေ တက်စတိုစတုန်း ပမာဏ နည်းလေလေ ဖြစ်ပြီး သုက်ပိုး ပမာဏလည်း လျော့နည်းလာပါတယ်။ အရက်လျှော့သောက်တာ၊ အရက်ဖြတ်တာတွေက အမျိုးသားတွေကို မျိုးအောင်နိုင်စွမ်း တိုးစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။

  • ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပါ

ခန္ဓာကိုယ် အပူချိန် မြင့်တက်တာ အထူးသဖြင့် ကပ္ပါယ်အိတ် တဝိုက်မှာ အပူချိန် မြင့်တက်တာက သုက်ပိုးအရေအတွက်ကို ကျဆင်းစေပါတယ်။ ဒါကြောင့် ရေနွေးစိမ် ရေချိုးတာ၊ အဝတ်အစားတွေကို တင်းတင်းကျပ်ကျပ် ဝတ်ဆင်တာမျိုးတွေ၊ အတွင်းခံ တင်းတင်းကျပ်ကျပ် ဝတ်ဆင်တာမျိုးတွေကို မလုပ်သင့်သလို ပေါင်ပေါ်မှာ လက်ပ်တော့တင်ပြီး သုံးတာမျိုးလည်း မလုပ်ပါနဲ့။

  • ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်သလို မျိုးအောင်နိုင်စွမ်းကိုလည်း ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်တာက အမျိုးသားတွေရဲ့ လိင်တံ ထောင်မတ်နိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဆေးလိပ်သောက်တာက သုက်ပိုး အရည်အသွေးကို ကျဆင်းစေနိုင်သလို သုက်ပိုး အရေအတွက် ကျဆင်းတာ၊ သုက်ပိုးတွေ သွားလာနိုင်စွမ်း ထိခိုက်တာ၊ ပုံမမှန်တဲ့ သုက်ကောင်တွေ ဖြစ်ပေါ်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ ဘေဘီလေး လိုချင်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်ပါ။

  • စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှု ဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ဒါပေမယ့် စိတ်ဖိစီးမှုကို ခန္ဓာကိုယ်က အကောင်းဆုံး တုံ့ပြန်ဖို့ လိုပါမယ်။ တကယ်လို့ စိတ်ဖိစီးမှုကို မဖြေလျှော့နိုင်ဘူးဆိုရင်တော့ သုက်ပိုးတွေ ထွက်ရှိမှုကို ထိခိုက်စေမှာပါ။ ဒါကြောင့် အိပ်ရေးဝဝ အိပ်ပါ၊ လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ၊ တရားထိုင်ပါ၊ စိတ်ဖိစီးနိုင်မယ့် အခြေအနေတွေကို အကောင်းဆုံး ဖြတ်ကျော်ပါ။

  • အစားအစာကို ဂရုစိုက်ပါ

နေ့စဉ် စားသောက်မှုမှာ အနီရောင်အသား၊ ပြုပြင်ထားတဲ့ အသားတွေ၊ ထောပတ်၊ အုန်းဆီ၊ အဆီပြည့် နို့ထွက်ပစ္စည်း၊ ပီဇာ၊ သကြားပါဝင်မှု များတဲ့ အားဖြည့်အချိုရည်တွေ၊ သကြားလုံးတွေ၊ အရက် နဲ့ သန့်စင်ထားတဲ့ နှံစားသီးနှံတွေက သုက်ပိုး အရေအတွက် နည်းစေပြီး မျိုးအောင်နိုင်စွမ်း ကျဆင်းစေပါတယ်။

ကြက်သား၊ ဘဲသား၊ ပြဒါးနည်းတဲ့ ငါး၊ အသီးအရွက် စတာတွက ကျန်းမာတဲ့ သုက်ပိုး တိုးစေဖို့ အားဖြည့်ပေးနိုင်မှာပါ။

  • ဗီတာမင် နဲ့ ဖြည့်စွက်အာဟာရတွေ မှီဝဲပါ

အမျိုးသားတွေ အနေနဲ့ ဖေဖေ ဖြစ်ချင်တယ် ဆိုရင်တော့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို တိုးစေနိုင်တဲ့ အာဟာရတွေ ဖြစ်တဲ့ ဇင့်၊ ဖောလစ်အက်ဆစ်၊ ဆီလီနီယမ် နဲ့ L-carnitine တွေက သုက်ပိုး ထွက်ရှိမှုကို တိုးစေနိုင်ပါတယ်။

ငါးကြီးဆီမှာပါတဲ့ DHA က သုက်ပိုးတွေ ထွက်ရှိမှုကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် ဖေဖေ ဖြစ်ချင်တယ် ဆိုရင် ဗီတာမင် နဲ့ ဖြည့်စွက်အာဟာရတွေကို မှီဝဲပေးပါ။

  • ၃ လတာ ကြိုးပမ်းပါ

အမျိုးသားတွေရဲ့ သုက်ပိုးတွေ ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးစေဖို့အတွက် ရက် ၉၀ ကြာ ပါတယ်။ ဒါကြောင့် ဖေဖေ ဖြစ်ချင်တယ်ဆိုရင်တော့ နေထိုင်မှုပုံစံကို ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ၃ လတာ ကြိုးပမ်းပါ။ ဒီလို ၃ လအတွင်း ကျန်းမာတဲ့ နေထိုင်မှုပုံစံကို လိုက်နာပေးမယ် ဆိုရင် ဖေဖေ ဖြစ်နိုင်မယ့် အခွင့်အရေးကို ရရှိမှာ ဖြစ်ပါတယ်။

# အမှာစကား

ပျော်ရွှင်တဲ့ မိသားစုဘ​ဝလေးကို ထူထောင်ဖို့ ဆန္ဒ ရှိမယ်ဆိုရင်တော့ ကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံကို မွေးမြူပါ။ ဒါက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်သလို ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုလေးကိုလည်း ဖန်တီးနိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References: 

Top 7 Men’s Health & Fertility Tips https://www.illumefertility.com/fertility-blog/mens-health-and-fertility-tips Accessed Date 16 May 2023

How can I improve my chances of becoming a dad? https://www.nhs.uk/common-health-questions/mens-health/how-can-i-improve-my-chances-of-becoming-a-dad/ Accessed Date 16 May 2023

11 Ways to Increase Sperm Count and Improve Fertility https://www.verywellfamily.com/tips-to-increase-fertility-for-men-1959906 Accessed Date 16 May 2023

Male fertility: 10 tips for men trying to conceive https://www.livescience.com/44220-conceive-tips-for-men.html Accessed Date 16 May 2023

How to improve male fertility https://www.tommys.org/pregnancy-information/planning-a-pregnancy/are-you-ready-to-conceive/how-improve-male-fertility Accessed Date 16 May 2023

ယခုပုံစံ

27/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

အမျိုးသားတွေ တားဆေးသောက်ရင် ဘာဖြစ်နိုင်မလဲ!


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 27/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement