backup og meta

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 19/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

    အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။ တခြားလူမပြောနဲ့။ အတူတူအိပ်တဲ့ အိပ်ရာပေါ်က ကြင်သူကိုတောင် မပြောဘဲ ဖုံးကွယ်ထားတတ်ကြတာမျိုး။ ထင်သလောက်မစွမ်း တော့ဘူးလို့ ထင်ပြီး လောင်နေတာမျိုးပေါ့။

    ဒါပေမယ့် အမျိုးသား အများစုဟာ လိင်မှုစွမ်းဆောင်ရည်ကျဆင်းတဲ့ ပြဿနာကို ရင်ဆိုင်ကြရလေ့ရှိပြီးတော့ ထုတ်ဖော်ပြောဆိုဖို့ ရှက်နေတာကြောင့် ကြိတ်ကုတာ၊ မသိချင်ယောင်ဆောင် ဖုံးကွယ်ထားတာတွေလုပ်ရင်း အခြေအနေတွေ ပိုဆိုးသွားတတ်ကြပါတယ်။

    တကယ်တော့ လိင်အင်္ဂါမထောင်မတ်တော့တာ၊ အချိန်ကြာကြာ မစွမ်းဆောင်နိုင်တာ၊ သုက်ထွက်နည်းတာ၊ စိတ်ပါသင့်တဲ့အချိန်မှာ မပါတာတွေဟာ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ဖြစ်လာနိုင်ပြီး ကိုယ်တစ်ဦးတစ်ယောက်တည်းမှာပဲ ကွက်ပြီးဖြစ်နေတဲ့ ပြဿနာတွေလည်း မဟုတ်ပါဘူး။

    အမျိုးသား ၁၅% ကနေ ၂၃% လောက်ဟာ အသက်အရွယ် အိုမင်းရင့်ရော်မှုကြောင့်မဟုတ်ဘဲ ငယ်ရွယ်နုပျိုနေစဉ်မှာတင် လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံဆုံရတတ်ပါတယ်။ ဒီလို လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံလာရပြီဆိုရင်လည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ပိုပြီး ကြောက်ရွံ့ထိတ်လန့်တတ်ကြသူတွေပါ။

    ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

    ဘာကြောင့် ထင်သလောက်မစွမ်း တော့တာလဲ

    အမျိုးသားတွေ လိင်စွမ်းဆာင်ရည်ကျဆင်းရတဲ့ အချက်တွေအများကြီးရှိပေမယ့် နောက်ကွယ်က အကြောင်းတရားကတော့ Testosterone ဟိုမုန်းပမာဏ လျော့နည်းလာတာကြောင့်ပါ။ ဒီပမာဏ နည်းပါးသွားရင် လိင်မှုကိစ္စ စွမ်းဆောင်ရည်တွေလည်း တပါတည်း ကျဆင်းသွားတာပါပဲ။

    Testosterone ဟိုမုန်းပမာဏကို လျော့နည်းစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဘာကြောင့် ဒီလိုတွေဖြစ်ရတာလဲ ဆိုတာကို လေ့လာကြည့်ရအောင်။

    • အသက်အရွယ်ကြောင့်

    အမျိုးသားတွေဟာ သဘာဝအားဖြင့် အသက် ၄၅ နောက်ပိုင်းမှာ လိင်မှုစွမ်းဆောင်ရည် ကျဆင်းသွားတတ်ပါတယ်။ ဒါပေမယ့် ကျဆင်းမှုဟာ အသက် ၃၀ ဝန်းကျင်လောက်ကတည်းက စတင်တာဖြစ်ပါတယ်။ ၄၅ နောက်ပိုင်းမှ သိသာလာတာပါ။ အသက် ၃၀ ဝန်းကျင်ကနေစပြီး တစ်နှစ်ကို ၁% လောက်ကျဆင်းသွားတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။

    အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်ရည်အကောင်းဆုံး အသက်အပိုင်းအခြားက ၂၀ နဲ့ ၃၀ ကြားလို့ ဆိုပါတယ်။ အသက် ၄၅ ကျော်ရင်တော့ အမျိုးသား ၁၀ ယောက်မှာ ၄ ယောက်နဲ့အထက်ဟာ လိင်စွမ်းဆောင်ရည် သိသိသာသာကျဆင်းသွားတတ်ပါတယ်။

    အမျိုးသားတွေ လိင်စိတ်နည်းပါးသွားတာမျိုး၊ စွမ်းဆောင်ရည်ကျဆင်းသွားတာမျိုးတွေက စိတ်နဲ့ အများကြီး ပတ်သတ်နေတတ်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုများတာမျိုး၊ ပူပင်သောကများတာမျိုးတွေကြောင့် ပိုပြီးဖြစ်နိုင်ပါတယ်။

    • ကျန်းမာရေး အခြေအနေကြောင့်

    အဝလွန်တာအိပ်ဟောက်အသက်ရှူရပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ စတဲ့ ကျန်းမာရေးအခြေအနေတွေဟာ လိင်စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဒီရောဂါတွေဟာ လိင်စိတ်နဲ့ စွမ်းဆောင်ရည်ကို တိုးပွားစေတဲ့ Testosterone ဟိုမုန်းပမာဏကို လျော့ပါးစေတာကြောင့်ပါ။ ဒါ့ပြင် လိင်အင်္ဂါတွေကို သွေးလည်ပတ်မှုကို မကောင်းတော့တာကြောင့် ထောင်မတ်နိုင်စွမ်းလည်း ထိခိုက်သွားပါတယ်။

    • ဆေးဝါးတွေကြောင့်

    တချို့သော ကျန်းမာရေးပြဿနာတွေမှာ အသုံးပြုတဲ့ ဆေးဝါးတွေက လိင်စွမ်းဆောင်ရည်ကို နှောင့်ယှက်နိုင်ပါတယ်။ ဒါကြောင့် ဆေးဝါးမှီဝဲတဲ့အခါမှာ ကိုယ်မှီဝဲတဲ့ ဆေးဝါးတွေရဲ့ Side effect တွေကို ဆရာဝန်ထံကနေ သေချာမေးမြန်း ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ကိုယ်မှီဝဲနေတဲ့ ဆေးဝါးကြောင့် ခုလိုဖြစ်နေတာကို မသိတဲ့အခါ ကိုယ့်ဘာသာ စွမ်းဆောင်ရည်မဲ့လာတာလို့ထင်ပြီး စိတ်ဓာတ်ကျသွားတတ်တာကြောင့် ဖြစ်ပါတယ်။

    • အရက်နဲ့ မူးယစ်ဆေးဝါးကြောင့်

    အရက်သေစာ၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေဟာ လိင်စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ အထူးသဖြင့် ပုံမှန်မှီဝဲသူတွေ၊ စွဲလမ်းနေသူတွေဟာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကင်းမဲ့တဲ့ ပြဿနာတွေကို စောလျှင်စွာ ခံစားရတတ်ပါတယ်။

  • လေ့ကျင့်ခန်း အလွန်အကျွံလုပ်တာကြောင့်
  • လေ့ကျင့်ခန်းလုပ်တာဟာ လိင်စွမ်းဆောင်ရည်တိုးတက်စေဖို့ အထောက်အကူဖြစ်စေတယ်ဆိုပေမယ့် ဒီအချက်က အမြဲတမ်းတော့ မှန်မနေပါဘူး။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်နဲ့ လွန်လွန်ကျူးကျူးပြုလုပ်ရင်လည်း အိပ်ရာပေါ်က အရည်အသွေးတွေကို လျော့ပါးသွားစေတတ်တာမို့ သတိထားသင့်ပါတယ်။

    တချို့ အိမ်ထောင်ရေးတွေမှာတော့ လက်တွဲဖော်ကို စိတ်ပျက်နေတာမျိုး၊ ဆက်ဆံရေး အဆင်မပြေတာမျိုး၊ လက်တွဲဖော်ဆီက စိတ်ကျေနပ်ဖွယ်ပြုစုယုယမှု မရရှိတာမျိုးတွေကြောင့် လိင်စိတ်လျော့နည်းပြီး မစွမ်းဆောင်နိုင်တာမျိုးလည်းဖြစ်တတ်ပါသေးတယ်။

    ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

    တကယ်လို့များ မစွမ်းတော့ဘူးဆိုရင်

    ကိုယ့်ရဲ့ လိင်မှုစွမ်းဆောင်ရည်က သာမန်ထက်ပိုပြီး လျော့နည်းလာနေတယ်။ စွမ်းဆောင်ရည် ကျဆင်းလာနေတယ်လို့ ယူဆလာပြီဆိုရင် စမ်းသပ်လေ့လာပြီး ကုစားမှုတွေ ခံယူဖို့ ကြိုးပမ်းသင့်ပါတယ်။ ထုတ်ပြောရမှာကို ရှက်ရွံ့နေရုံနဲ့ အရာရာက ပြေလည်သွားမှာမှ မဟုတ်တာလေနော်။

    သက်ဆိုင်ရာ ပြဿနာကို အဖြေရှာနိုင်မှ ကုစားမှုပြုလုပ်နိုင်မှာဖြစ်တာမို့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်တာမျိုးကို မဖြစ်မနေပြုလုပ်သင့်ပါတယ်။

    ဒါ့အပြင် နေ့စဉ်လူနေမှုဘဝမှာလည်း

    • ကျန်းမာပြီး စိတ်ဖိစီးမှုကင်းစင်အောင်နေတာ၊
    • အာဟာရပြည့်ဝအောင်စားတာ၊
    • သင့်လျော်တဲ့ လေ့ကျင့်ခန်းမျိုးကို နေ့စဉ်ပုံမှန်လုပ်တာ၊
    • အိပ်ရေးဝဝအိပ်တာ၊
    • အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို ဖြတ်တောက်တာတွေကို ပြုလုပ်သင့်ပါတယ်။
    • ဆရာဝန်လမ်းညွှန်ချက်နဲ့လည်း ဆေးဝါးဓာတ်စာတွေ မှီဝဲတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 19/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement