backup og meta

ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးပါ

ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးပါ

ပန်းသေပန်းညှိုးတယ်ဆိုတာက အမျိုးသားလိင်တံဆီကို သွေးကောင်းကောင်း မရောက်ရှိတာမျိုးပါ။ ဒီအခြေအနေက အမျိုးသားတွေကို လိင်ဆက်ဆံရာမှာ အခက်အခဲ ဖြစ်စေသလို ကိုယ်ရဲ့လက်တွဲဖော်ကိုလည်း ဆန္ဒပြီးမြောက်စေဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ အစားအသောက်လေးကို ဂရုစိုက်ပေးရုံနဲ့ အဆင်ပြေစေနိုင်ပါတယ်။ ဒီတော့ ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဘာတွေ စားရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။

ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးပါ

ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးလို့ ရပါတယ်။ အမျိုးသားတွေအနေနဲ့ ပန်းသေပန်းညှိုးတာကို ကာကွယ်ဖို့ဆိုရင်

  • နိုက်ထရိတ် ရစေဖို့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ တရုတ်နံနံ၊ ဟင်းနုနွယ် စတာတွေက နိုက်ထရိတ် ပါဝင်မှု များပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နိုက်ထရိတ်က သွေးကြောတွေကို ပွင့်စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် အမျိုးသားတွေမှာ ပန်းသေပန်းညှိုးတာကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

နောက်ထပ် စားလို့ရတဲ့ အသီးအနှံ တစ်ခုကတော့ beet root ပါ။ beet root မှာလည်း နိုက်ထရိတ် ပါဝင်မှု များတာကြောင့် သွေးကြောလေးတွေ ကျန်းမာစေဖို့ရော သွေးစီးဆင်းမှု ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ များများ ပါဝင်အောင် စားသုံးပေးပါ။

  • ဖလေဗာနွိုက်ပါတဲ့ ချောကလက်

မကြာသေးခင်က လေ့လာမှုအရ သိရတာက အနက်ရောင် ချောကလက်ထဲမှာပါတဲ့ ဖလေဗာနွိုက်က သွေးစီးဆင်းမှု ကောင်းစေပြီး အမျိုးသားတွေမှာ ပန်းသေပန်းညှိုးတာကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ ချောကလက်မှာပါတဲ့ ဖလေဗာနွိုက်နဲ့ အခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို ဆဲလ်တွေပျက်စီးတာကို ပြုပြင်ပေးဖို့လည်း လုပ်ဆောင်ပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးပါတယ်။

သွေးတိုးတာနဲ့ သွေးတွင်း အဆီများတာ မဖြစ်အောင် ကာကွယ်ပေးတာက အမျိုးသားတွေကို ပန်းသေပန်းညှိုးတာကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။

  • Pistachios ကနေရတဲ့ ပရိုတင်း

အမျိုးသားတွေအနေနဲ့ နေ့စဉ် pistachio စားပေးမယ်ဆိုရင် ၃ ပတ် အကြာမှာ လိင်မှု စွမ်းဆောင်ရည် တိုးတက်မှု ရှိတာကို တွေ့ရှိရတယ်လို့ မကြာသေးခင်က လေ့လာခဲ့တဲ့ လေ့လာမှုအရ သိရှိရပါတယ်။ Pistachio မှာပါတဲ့ ပရိုတင်းက သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေသလို ပန်းသေပန်းညှိုးတာကို ကာကွယ်ပေးပါတယ်။ သွေးတိုးတာမျိုး မဖြစ်စေဖို့လည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

  • အခွံမာရေသတ္တဝါတွေကနေရတဲ့ ဇင့်

ကမာတွေက အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်ကို တိုးစေနိုင်တယ်ဆိုတာ တော်တော်များများ သိထားပြီး ဖြစ်မှာပါ။ အကြောင်းကတော့ ကမာမှာ ဇင့်ဓာတ်တွေ ပါဝင်နေလို့ပါပဲ။ ဇင့်က အမျိုးသားဟော်မုန်းဖြစ်တဲ့ တက်စထရိုစတုန်း ထွက်ရှိစေရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အခွံမာရေနေသတ္တဝါတွေက အမျိုးသားတွေကိုရော အမျိုးသားတွေကိုပါ လိင်မှုစွမ်းဆောင်ရည် တိုးတက်စေနိုင်ပါတယ်။

ဒါကြောင့် အမျိုးသားတွေအနေနဲ့ ပန်းသေပန်းညှိုးတာကို ကာကွယ်ချင်တယ်ဆိုရင် ပင်လယ်စာတွေ စားပေးလို့ ရပါတယ်။

  • ဖရဲသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း

လေ့လာမှု အချို့အရ သိရတာက ဖရဲသီးမှာ phytonutrients လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီဓာတ်တိုးပစ္စည်းတွေက သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေသလို ပန်းသေပန်းညှိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်းနဲ့ နှလုံးကျန်းမာစေပြီး အမျိုးသားတွေကို ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အခြားသော ၈ ရာခိုင်နှုန်းသော အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • ခရမ်းချဉ်သီး နဲ့ ဂရိတ်ဖရုမှာပါတဲ့ Lycopene 

Lycopene က သွေးသီးဆင်းမှု ကောင်းစေပြီး လိင်မှုစွမ်းဆောင်ရည် ကောင်းမွန်စေဖို့ ထောက်ကူပေးတဲ့  phytonutrients တစ်မျိုးပါ။ ဒီဓာတ်ကို နီနီရဲရဲ ခရမ်းချဉ်သီးလေးတွေနဲ့ ပန်းရောင်သန်းနေတဲ့ ဂရိတ်ဖရုစ်တွေမှာ တွေ့ရပါတယ်။

ဒီဓာတ်ကို ထောပတ်သီး၊ သံလွင်ဆီတွေမှာလည်း တွေ့ရနိုင်ပြီး အမျိုးသားတွေကို ပန်းသေပန်းညှိုး မဖြစ်စေဖို့ရော ဆီးကျိတ်ကင်တာ မဖြစ်စေဖို့ပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ပန်းသေပန်းညှိုးတာကို ကာကွယ်ချင်တယ်ဆိုရင် ခရမ်းချဉ်သီး၊ ထောပတ်သီး၊ ပန်းရောင် ဂရိတ်ဖရု၊ သံလွင်ဆီ စတာတွေကို စားပေးလို့ ရပါတယ်။

  • လက်ဖက်ရည်၊ ကော်ဖီတွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း

လက်ဖက်ရည်၊ ကော်ဖီတွေမှာ ဖလေဗာနွိုက် ပါဝင်နေပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကော်ဖီကို ရေရှည် စွဲသောက်တာ အလွန်အကျွံ သောက်တာတွေက ပန်းသေပန်းညှိုး ဖြစ်စေနိုင်တယ်ဆိုပေမယ့် ကော်ဖီနဲ့ လက်ဖက်ရည်တို့မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေင အရောင်ကျစေသလို သွေးစီးဆင်းမှု ကောင်းစေပြီး ပန်းသေပန်းညှိုးတာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကဲ …… အခုပြောခဲ့တဲ့ အစားအစာလေးတွေကို ပန်းသေပန်းညှိုး ကာကွယ်ဖို့ စားပေးလို့ ရပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can You Eat to Treat Erectile Dysfunction? https://www.healthcentral.com/article/what-to-eat-to-prevent-or-improve-erectile-dysfunction Accessed Date 8 December 2022

25 Foods That Might Help You Stay Erect https://www.menshealth.com/sex-women/a19546161/foods-that-help-penis-perform-better/ Accessed Date 8 December 2022

Eat These Foods To Ward Off ED https://honehealth.com/edge/health/foods-for-erectile-dysfunction/ Accessed Date 8 December 2022

6 Nutrients That Fight Erectile Dysfunction https://www.everydayhealth.com/erectile-dysfunction-pictures/foods-that-fight-erectile-dysfunction.aspx Accessed Date 8 December 2022

What foods can help combat erectile dysfunction? https://www.medicalnewstoday.com/articles/foods-for-erectile-dysfunction Accessed Date 8 December 2022

ယခုပုံစံ

18/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား

ပန်းသေရခြင်း အကြောင်းအရင်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement