ပန်းသေပန်းညှိုးတယ်ဆိုတာက အမျိုးသားလိင်တံဆီကို သွေးကောင်းကောင်း မရောက်ရှိတာမျိုးပါ။ ဒီအခြေအနေက အမျိုးသားတွေကို လိင်ဆက်ဆံရာမှာ အခက်အခဲ ဖြစ်စေသလို ကိုယ်ရဲ့လက်တွဲဖော်ကိုလည်း ဆန္ဒပြီးမြောက်စေဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ အစားအသောက်လေးကို ဂရုစိုက်ပေးရုံနဲ့ အဆင်ပြေစေနိုင်ပါတယ်။ ဒီတော့ ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဘာတွေ စားရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။
ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးပါ
ပန်းသေပန်းညှိုး ကာကွယ်ဖို့ ဒါတွေစားပေးလို့ ရပါတယ်။ အမျိုးသားတွေအနေနဲ့ ပန်းသေပန်းညှိုးတာကို ကာကွယ်ဖို့ဆိုရင်
- နိုက်ထရိတ် ရစေဖို့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ တရုတ်နံနံ၊ ဟင်းနုနွယ် စတာတွေက နိုက်ထရိတ် ပါဝင်မှု များပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နိုက်ထရိတ်က သွေးကြောတွေကို ပွင့်စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် အမျိုးသားတွေမှာ ပန်းသေပန်းညှိုးတာကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
နောက်ထပ် စားလို့ရတဲ့ အသီးအနှံ တစ်ခုကတော့ beet root ပါ။ beet root မှာလည်း နိုက်ထရိတ် ပါဝင်မှု များတာကြောင့် သွေးကြောလေးတွေ ကျန်းမာစေဖို့ရော သွေးစီးဆင်းမှု ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ များများ ပါဝင်အောင် စားသုံးပေးပါ။
- ဖလေဗာနွိုက်ပါတဲ့ ချောကလက်
မကြာသေးခင်က လေ့လာမှုအရ သိရတာက အနက်ရောင် ချောကလက်ထဲမှာပါတဲ့ ဖလေဗာနွိုက်က သွေးစီးဆင်းမှု ကောင်းစေပြီး အမျိုးသားတွေမှာ ပန်းသေပန်းညှိုးတာကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ ချောကလက်မှာပါတဲ့ ဖလေဗာနွိုက်နဲ့ အခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို ဆဲလ်တွေပျက်စီးတာကို ပြုပြင်ပေးဖို့လည်း လုပ်ဆောင်ပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးပါတယ်။
သွေးတိုးတာနဲ့ သွေးတွင်း အဆီများတာ မဖြစ်အောင် ကာကွယ်ပေးတာက အမျိုးသားတွေကို ပန်းသေပန်းညှိုးတာကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။