backup og meta

တစ်ပတ်လျှင် တစ်ကြိမ်မျှသာ လိင်မှုကိစ္စပြုသူများသည် အပျော်ရွှင်ဆုံးစုံတွဲများဖြစ်ကြသည်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်ပတ်လျှင် တစ်ကြိမ်မျှသာ လိင်မှုကိစ္စပြုသူများသည် အပျော်ရွှင်ဆုံးစုံတွဲများဖြစ်ကြသည်

    လူအများစုအတွက် လိင်ကိစ္စသည်နှစ်ဦးသားဆက်ဆံရေး၏ သော့ချက်ဖြစ်သဖြင့်လိင်ကိစ္စမကြာခဏပြုသူများသည် ပျော်ရွှင်သောစုံတွဲများဖြစ်လာကြသည်ဟု ထင်ကြသည်။ သို့သော်လည်း ထိုအချင်းအရာသည် အလုံးစုံ မှန်နေသည်မဟုတ်ပါ။ ချစ်ခြင်းမေတ္တာကလည်းအရေးကြီးပါသေးသည်။ ထို့ကြောင့်လိင်မှုကိစ္စသည် များတိုင်းကောင်းသည် ဟုတော့မဆိုနိုင်ပါ။

    (၁)လိင်မှုကိစ္စနှင့်ပတ်သက်သောအတွေးအမြင်သစ်

    လေ့လာမှုအသစ်တစ်ခုကအပျော်ရွှင်ဆုံးစုံတွဲများသည်တစ်ပတ်လျှင် တစ်ကြိမ်သာလိင်ဆက်ဆံသည်ဟုဆိုသည်။ ထိုလေ့လာမှုတွင်အမေရိကန်လူမျိုးသုံးသောင်းကျော်ကိုနှစ် ၃၀ ကျော်ကြာမျှမေးခွန်းများပြုလုပ်ခဲ့သည်။ မကြာခဏလိင်ဆက်ဆံခြင်းကပျော်ရွှင်မှုကိုဖြစ်စေသည် ဆိုခြင်းမှာ တစ်ပတ်လျှင်တစ်ကြိမ်ခန့်အထိသာဖြစ်ပါတယ်။ ထို့ထက်စိပ်သော လိင်ဆက်ဆံမှုသည်နေထိုင်ကောင်းမှုနှင့်စိတ်ကျေနပ်မှုကိုမပေးစွမ်းနိုင်ပါ။ ထို့ကြောင့်စုံတွဲများအနေဖြင့်လိင်ဆက်ဆံမှုပြုနိုင်သမျှပြုရန်မလိုအပ်ပါ။

    လိင်မှုကိစ္စသည်အရေးပါသည်မှန်သော်လည်းလက်တွေ့တွေ့ရှိချက်များ

    နှင့်လည်းချိန်ထိုးစဉ်းစားရန်လိုအပ်ပါသည်။

    (၂)မှားယွင်းနေသော လိင်နောက်ခံဒဏ္ဍာရီပုံပြင်များ

    အမျိုးသားများသည် လိင်နှင့်ပတ်သက်လျှင်ဆန္ဒပြင်းပြပြီး ငယ်ရွယ်သူများက အသက်ကြီးသူများထက် ပို၍စိတ်ဆန္ဒရှိကြသည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော်လည်း လေ့လာမှုအရ မတူညီသော အသက်အရွယ်၊ ကျား/မ၊ လက်တွဲခဲ့သောကြာချိန်တို့ပေါ် မူတည်၍ လိင်ကိစ္စသည်ကွဲပြားမှုမရှိပါဟုဆိုသည်။ အမျိုးသား/အမျိုးသမီး ဖြစ်စေ လူငယ်/လူကြီးဖြစ်စေ ၊ဘယ်အချိန်က လက်ထပ်ထားသောသောစုံတွဲဖြစ်စေ အားလုံး အတူတူပင်ဖြစ်သည်ဟုဆိုသည်။

    (၃)လိင်ဆက်ဆံမှုများလေ ပိုမိုပျော်ရွှင်လေဟုမဆိုနိုင်ပါ

    လေ့လာမှုကစုံတွဲများကို တစ်ဦးနှင့်တစ်ဦးကြည်ဖြူငြိမ်းချမ်းရေးအတွက် ကူညီပေးခဲ့သည်။ ကျွန်ုပ်တို့သိပြီးဖြစ်သည့်အတိုင်း လိင်ဆက်ဆံခြင်းသည် တစ်ဦးနှင့်တစ်ဦးပိုမိုနီးကပ်စေခြင်း၊ တွယ်တာစေခြင်း အပြင်မိမိ၏လက်တွဲဖော်က မိမိအပေါ် အလိုရှိကြောင်း ပြသခြင်းတစ်မျိုးလည်းဖြစ်သည်။ သို့သော်အလုပ် များသောယနေ့ခေတ်လူနေမှုဘဝပုံစံအရ သားသမီးနှင့် အိမ်ထောင့်တာဝန်ထိန်းသိမ်းရခြင်းမျိုးကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ တစ်ပတ်လျှင်တစ်ကြိမ်မျှလိင်ဆက်ဆံ ခြင်းကသာပိုမိုလက်ခံနိုင်ဖွယ်ရှိပြီးလက်တွေ့လည်းဆန်စေပါသည်။ သို့သော်လည်းရှေးရိုးစွဲယဉ်ကျေးမှုအချို့တွင်ချစ်ခင်ခြင်းကိုပြသရန် လိင်ကိစ္စကိုလည်းအချိန်ပြည့်ထည့်သွင်းထားရမည်ဟုဆိုသည်။

    ထို့ပြင်သိပ္ပံနည်းကျရှုထောင့်အရကြည့်ပါကလူ့ခန္ဓါကိုယ်သည် ထိုစိတ်ကူးယဉ်ဆန်စွာလုပ်ဆောင်နိုင်ရန်အတွက် ဖန်တီးထားခြင်းမဟုတ်ပါ။

    လိင်ဆက်ဆံမှုအကြိမ်ရေများလေ၊ သင်နှင့်သင့်အဖော်သည် ပိုမိုငြီးငွေ့လွယ်လေဖြစ်လာသည်။

    အကျဉ်းချုပ်ဆိုရလျှင်လိင်မှုကိစ္စသည ်စုံတွဲတစ်ဦးနှင့်တစ်ဦးလည်း မတူညီနိုင်ပြီးမိမိနှင့်မိမိအဖော်ကပါဝင်မှုရှိတိုင်းလည်း မကြာခဏပြုတိုင်းကောင်းသည်ဟု မဆိုနိုင်သည့် အချက်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ရေရှည်လက်တွဲနိုင်စေခြင်းမှာ အပြန်အလှန်နားလည်ဂရုစိုက်မှုနှင့်သင်တင့်လျှောက်ပတ်သော လိင်မှုကိစ္စပင်ဖြစ်ပါသည်။ ထို့ပြင် သင်ကိုယ်တိုင်ရော သင့်အဖော်ပါထိုကိစ္စအတွက်မဖြစ်မနေပြုဖြစ်အောင်ဖိအားမပေးသင့်ပါ။ စုံတွဲတိုင်းသည် မတူညီသောလမ်းကြောင်းပေါ်တွင် မိမိတို့ဘာသာလျှောက်လမ်းနေရခြင်း ဖြစ်ရာနှစ်ဦးနှစ်ဖက်စိတ်သက်သာ ပျော်ရွှင်ဖွယ်ကိုသာဖန်တီးရန်အကြံပြုလိုပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement